စကားလုံးတွေရဲ့ အတွင်းမှာ စွမ်းအားတစ်မျိုး ရှိပါတယ်။ စကားတစ်ခွန်းဟာ လူတစ်ယောက်ကိုတင် မဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကိုပါ ပြောင်းလဲစေနိုင်စွမ်း ရှိပါတယ်။ ဒီတော့ စကားလုံးတွေကို နေရာတကျသုံးတတ်ခြင်းဟာ ဘဝတိုးတက်ရေးအတွက် သိပ်ကိုအရေးပါတဲ့ လက်နက်ပဲလို့ ဆိုချင်ပါတယ်။ အခုပြောမှာကတော့ တိုးတက်ချင်သူတိုင်းအတွက် လတ်လတ်ဆတ်ဆတ် မနက်ခင်းတိုင်းမှာ ကိုယ့်ကိုယ့်ကိုယ် ပြန်ပြောပေးရမယ့် စကား ၄ ခွန်းအကြောင်းပါပဲ။

(၁) ငါက အကောင်းဆုံးပဲ

man wake up morning

Photo: Unsplash

ကိုယ့်ကိုယ်ကိုယ် စိတ်အားမြှင့်တင်ပေးမယ့်စကားတွေ ပြောဖူးကြမှာပါ။ ဥပမာ- ဒီကိစ္စလောက်တော့ အပျော့ပါ။ ငါလုပ်နိုင်ပါတယ် ဆိုတာမျိုး ဖြစ်ပါတယ်။ I’m The Best လို့ ပြောတာကတော့ စိတ်ကို မြှင့်တင်ရာမှာ မနက်ခင်းမန္တန်တစ်ခုသဖွယ်ကို အသုံးချသင့်တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ လူမှာ သူ့ဟာနဲ့သူ မတူကွဲပြားတဲ့ အရည်အချင်းတွေ ရှိကြတာပါပဲ။ ကိုယ့်ရဲ့ အကောင်းဆုံးဆိုတဲ့ အရည်အချင်းကို သိအောင်လုပ် ၊ ဖော်ထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးလို့ ပြန်သတိပေးတာဟာ ကားတစ်စင်းအရှိန်ပြင်းပြင်း ပြေးဖို့ ဂီယာပြောင်းလိုက်သလိုကို ထူးခြားသွားစေပါလိမ့်မယ်။

(၂) ငါ လုပ်နိုင်တယ်

Morning Motivation

Photo: Unsplash

မနက်ရောက်ရင် ကိုယ့်ကိုယ့်ကိုယ် ဒီနေ့ကို ငါအပြောင်မြောက်ဆုံး ကျော်ဖြတ်နိုင်မှာပဲ ၊ ဘာမဆို ငါလုပ်နိုင်မယ်ဆိုတဲ့ စကားတွေ ပြောပြီး နှုတ်ဆက်ကြည့်ပါ။ စိတ်ထဲမှာ I Can Do It ဆိုပြီး မောင်းတင်ထားတာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတစ်ခု ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ငါလုပ်နိုင်တယ်ဆိုတဲ့ စကားနောက်မှာ စိတ်ခွန်အားတွေ ၊ ဇွဲ နဲ့ အကြောက်တရားကို ရင်ဆိုင်နိုင်မယ့် သတ္တိတွေ လိုက်လာပါလိမ့်မယ်။

(၃) ငါက Winner တစ်ယောက်ပဲ

man in the morning

Photo: Unsplash

ဘယ်ကိုပဲ သွားသွား ငါ အားလုံးကို အောင်မြင်နိုင်မယ်ဆိုတဲ့ ခံယူချက် ခေါင်းထဲ ထည့်သွားပါ။ ဒါဆို ရောက်တဲ့နေရာမှာ ကိုယ်ဟာ အောင်မြင်ဖို့အတွက် အသေအချာ အုတ်မြစ်ချပြီးသား ဖြစ်စေမှာပါ။ ငါက အောင်နိုင်သူအဖြစ် မွေးလာပြီး ချန်ပီယံအနေနဲ့ သေသွားမယ့်သူလို့ ယုံစိတ် သွင်းထားပါ။ မနက်တိုင်းမှာ ကိုယ်က ဘယ်လိုလူလဲ ၊ အနာဂါတ်မှာ ကိုယ်ဘာဖြစ်ချင်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးနေပါ။

(၄) ဒီနေ့ကို ငါပိုင်တယ်

man and morning

Photo: Unsplash

မနေ့က ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒီနေ့က ငါ့နေ့ပဲ (Today Is My Day) ဆိုတဲ့စိတ်နဲ့ အသစ်တည်ဆောက်ဖို့ လုပ်ပါ။ လူဟာ မနေ့ကဖြစ်ခဲ့တာနဲ့ လုံးလုံးလျားလျား တူမှာတော့ မဟုတ်ပါဘူး။ ဘဝမှာ အနာဂါတ်ထားပြီး ကြိုးစားနေတဲ့သူ ၊ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် တည်ဆောက်နေတဲ့သူအတွက် ဒီနေ့ဟာ သူ့နေ့ ဖြစ်သွားမှာ အမှန်ပါပဲ။
ဒီတော့ မနက်ခင်းမှာ အပြုံးနဲ့ နိုးထပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြောလိုက်ပါ။ ဒီနေ့ကတော့ဟေ့ ငါ့နေ့ပဲလို့။