လက်ရှိ Covid – 19 ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကောင်းစွာထိန်းချုပ်လာနိုင်ပြီဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတွေမှာ Music Festivals ၊ EDM ပွဲတော်ကြီးတွေ ပြန်လည်ကျင်းပလျက်ရှိပါတယ်။ ပွဲငတ်နေတဲ့ မြန်မာနိုင်ငံကလူငယ်တွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေလို ရောဂါပိုးကူးစက်ပြန့်ပွားကို ကောင်းစွာထိန်းချုပ်လာနိုင်ပြီး Music Concert တွေ ၊ EDM Festivals တွေပြန်လည်ကျင်းပနိုင်ပြီး Music Festivals တွေသွားတဲ့အခါ ဘယ်လိုပစ္စည်းတွေကို မဖြစ်မနေယူဆောင်သွားသင့်လဲဆိုတာ ဒီဆောင်းပါးလေးမှာပြောပြပေးမှာဖြစ်ပါတယ်။
(၁) Portable Charger

Source : Flipboard
Music Festivals တွေသွားတဲ့အခါ မဖြစ်မနေယူဆောင်သွားသင့်တဲ့ ပစ္စည်းတစ်ခုက Portable Charger သို့ မဟုတ် Power Bank တွေပဲဖြစ်ပါတယ်။ ပွဲအတွင်း အမှတ်တရဓာတ်ပုံတွေရိုက်မယ် ၊ ဓာတ်ပုံလှလှလေးတွေကို ဆိုရှယ်မီဒီယာပေါ်တင်မယ် ၊ ပွဲတော်ကြီးရဲ့ လှပတဲ့ မြင်ကွင်းတွေကို Live လွင့်မယ် စတဲ့အရာတွေကို ကောင်းကောင်းလုပ်နိုင်ဖို့ဆိုရင် သင့်ရဲ့ဖုန်းကို အားပြန်သွင်းဖို့ Portable Charger တစ်ခုတော့ မဖြစ်မနေဆောင်သွားဖို့လိုမှာပါ။
(၂) Earplugs

Source : Audiology Specialty Clinic
Music Festivals တွေသွားတဲ့အခါ မဖြစ်မနေယူဆောင်သွားသင့်တဲ့ အရေးကြီးဆုံးသော ပစ္စည်းတစ်ခုကတော့ Earplugs လို့ခေါ်တဲ့ နားဆို့တဲ့အရာလေးတွေဖြစ်ပါတယ်။ Music Festivals တွေ EDM Festivals တွေမှာ နာရီနဲ့ချီပြီး ကျယ်လောင်တဲ့ သီချင်းသံတွေကို အနီးကပ်နားထောင်ရတာဖြစ်တာကြောင့် Earplugs က မတပ်မဖြစ်တပ်သင့်ပါတယ်။ မဟုတ်ရင်တော့ သင့်ရဲ့နားကို ထိခိုက်စေနိုင်ပါတယ်။
(၃) Rain jackets

Source : Acquia
ရာသီဥတုကို ကြိုတင်ခန့်မှန်းလို့မရနိုင်ပါဘူး။ များသေားအားဖြင့် Music Festivals တွေကျင်းပတဲ့နေရာက အမိုးအကာမဲ့ လေဟာပြင်ကွင်းပြင်ကြီးထဲမှာပြုလုပ်လေ့ရှိတာကြောင့် အကယ်၍မိုးရွာလာမယ်ဆိုရင် မိုးထဲရေထဲမှာ ရှိုးပဲ့နေပါလိမ့်မယ်။ ဒါကြောင့် Music Festivals တွေနဲ့လိုက်ဖက်မှုရှိပြီး ဖက်ရှင်ကျတဲ့ Rain jackets မိုးကာအကြည်လေးတွေ ဆောင်သွားသင့်ပါတယ်။ ဖက်ရှင်လည်းကျ ရာသီီဥတုဒဏ်ကိုလည်း ကာကွယ်ပေးနိုင်မယ့် Rain jackets မဖြစ်မနေယူဆောင်သွားသင့်ပါတယ်။
(၄) Neck Wallet

Source : Stighlorgan
Music Festivals သွားတဲ့အခါ သင့်ရဲ့ဖုန်း ၊ ပိုက်ဆံအိတ် ၊ အရေးကြီးတဲ့ ဘဏ်ကဒ်နဲ့ လက်မှတ်တွေ မပျောက်မရှရှိဖို့ကိုလည်း အထူးဂရုစိုက်သင့်ပါတယ်။ Neck Wallet လို့ခေါ်တဲ့ လည်ပင်းမှာချိတ်ထားရတဲ့ အိတ်လေးတွေက သင့်ရဲ့ ဖုန်းနဲ့ အရေးကြီးတဲ့ ပစ္စည်းကျမပျောက်ဖို့အတွက် အသင့်တော်ဆုံးပါပဲ။ ဖုန်း ၊ ပိုက်ဆံနဲ့ ဘဏ်ကဒ်တွေကို ဘောင်းဘီအိတ်ကပ်ထဲထည့်ထာတက် Neck Wallet ထဲထည့်ပြီး လည်ပင်းမှာဆွဲထားတာက ပိုပြီး လုံခြုံစိတ်ချရပါတယ်။
