လူအများစုက သူတို့ရဲ့အချိန်တွေကို ရုံးမှာကုန်ဆုံးကြတာများပါတယ်။ အချိန်အများစုကို အိမ်မှာထက် အလုပ်မှာ ကုန်ဆုံးကြရတယ်။ ဒီလိုအလုပ်မျိုးလုပ်နေတယ်ဆိုရင်တော့ ကိုယ့်ရဲ့အလုပ်စားပွဲကို comfort zone လေးဖြစ်အောင် လုပ်ထားဖို့သင့်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ မိမိရဲ့အလုပ်စားပွဲမှာ ထားရှိသင့်တဲ့ အရာတွေကိုဖော်ပြပေးသွားမှာပါ။

မှတ်စု

Source: Positive Routines

သင့်ရဲ့တစ်နေ့တာကို ဦးစားပေးလုပ်ရမယ့် အလုပ်တွေနဲ့ စတင်ပါ။ တစ်နေ့တာ ဘာတွေလုပ်ရမယ်ဆိုတာကို မှတ်စုစာအုပ်လုပ်ပြီး မှတ်ထားပါ။

ရေဗူး

Source: The Home Depot

တစ်ခါတစ်လေ အလုပ်ထဲ အာရုံရောက်နေရင် ရေသောက်ဖို့တောင် မေ့နေတက်ပါတယ်။ ကျန်းမာရေးအတွက် ရေသောက်ပေးဖို့ လိုအပ်တာကို သတိရပါတယ်။ ဒါကြောင့်ကိုယ်မြင်ရတဲ့ ရှေ့မှာ ရေဗူးထားပေးပါ။ သတိရတိုင်း ရေသောက်ပေးပါ။

အစာပြေစားဖို့ သရေစာများ

Source: New Jersey 101.5

ဗိုက်ဟောင်းလောင်းနဲ့ အလုပ်ကိုအာရုံစိုက်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာပြေစားဖို့ သရေစာတွေ စုထားပါတယ်။

တစ်ရှုးဗူး

Source: AliExpress

အလုပ်စားပွဲမှာ တစ်ရှုးဗူးကို အဆင်သင့်ဆောင်ထားပါ။ သင် ချွေးထွက်ရင်ပဲဖြစ်ဖြစ်၊ တစ်ခုခုသုတ်ချင်ရင်ပဲဖြစ်ဖြစ် အသုံးပြုလို့ရအောင်၊ လုပ်ဖော်ကိုင်ဖက်တွေ လိုအပ်ရင်လည်းပေးလို့ရအောင် တစ်ရှုးဗူးထားသင့်ပါတယ်။

ဖုန်းအားသွင်းကြိုး

Source: Simpeak

ဖုန်းကလည်း ကျွန်တော်တို့နဲ့ အမြဲရှိနေတဲ့အရာပါပဲ။ တချို့အလုပ်တွေဆို ဖုန်းနဲ့အလုပ်လုပ်ရတာဖြစ်တဲ့အတွက် ဖုန်းအားက တစ်နေ့ကုန်မခံနိုင်ပါဘူး။ ဒါကြောင့် ဖုန်းအားကုန်သွားတဲ့အခါ အလွယ်တကူအားသွင်းလို့ရအောင် အလုပ်စားပွဲမှာ ဖုန်းအားသွင်းကြိုးကိုလည်း ရှိထားသင့်ပါတယ်။