ချစ်သူများနေ့သည် လှပပြီး စိတ်ကူးယဉ်ဆန်သော နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးရှိလူသားများသည် သူတို့ချစ်တဲ့သူတွေနဲ့ ချစ်သူများနေ့ကို ပျော်ရွှင်စွာနဲ့ အတူတူကျင်းပကာ ဖြတ်သန်းလေ့ရှိပါတယ်။

ဒီလိုမျိုး လှပတဲ့ နေ့ထူးနေ့မြတ်လေးမှာ ကိုယ့်ချစ်သူကောင်မလေးနဲ့ အတူတူ ဖြတ်သန်းဖို့ စဉ်းစားထားတဲ့ ကွီးတို့အနေနဲ့ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်များကို ဖော်ပြပေးလိုက်ရပါတယ်။

ပိုက်ဆံပေးခြင်း

Things you should avoid doing on Valentine’s Day

ကိုယ့်ကောင်မလေး ဝယ်ချင်တာ ဝယ်ဖို့ဆိုပြီး ပိုက်ဆံပေးမယ်လို့ ဆုံးဖြတ်နေပါသလား။ ထိုစိတ်ကူးရှိတယ်ဆိုရင် အခုကတည်းက လွှင့်ပစ်လိုက်ပါ။ ဒီအချက်သည် စိတ်ကူးယဉ်မဆန်ဆုံး အချက်ဖြစ်ပြီး အခန့်မသင့်ရင် ကိုယ့်ကောင်မလေးကို စော်ကားရာရောက်ပါတယ်။ မတော်လို့ ချစ်သူများနေ့မှာ လမ်းခွဲခံနေရပါဦးမယ်။

အခြားသူငယ်ချင်းများကို မဖိတ်ပါနဲ့

Things you should avoid doing on Valentine’s Day

ကိုယ့်သူငယ်ချင်းအပေါ် ရက်စက်ရာတော့ ကျတာပေါ့။ ဒါပေမဲ့ ချစ်သူများနေ့မှာ ကိုယ့်ကောင်မလေးနဲ့ နှစ်ယောက်တည်း သီးသန့်ဖြတ်သန်းမှသာ အဓိပ္ပာယ်ရှိမှာမဟုတ်လား။ သူငယ်ချင်း ခေါ်သွားပြီး ကောင်မလေးနဲ့ ဒိတ်မယ်ဆိုတာကတော့ လက်တွေ့မဆန်တာကြောင့် ဒီအချက်ကိုလည်း မပြုလုပ်မိပါစေနဲ့။

လွယ်လွယ်ကတိမပေးပါနဲ့

Things you should avoid doing on Valentine’s Day

သင်တို့နှစ်ယောက်သည် အခုမှ ပထမဦးဆုံးအကြိမ်ချိန်းတွေ့တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ချစ်သူများနေ့မှာ ဒိတ်တဲ့အခါမှာ ကိုယ် မတည်နိုင်တဲ့ကတိမျိုးကိုလည်း မပေးမိဖို့ သတိထားရပါမယ်။ တစ်ယောက်အကြောင်းကို တစ်ယောက် သိနားလည်အောင် အရင်ကြိုးစားပါ။ ပြီးမှ ကိုယ်ပေးနိုင်မယ်လို့ ယုံကြည်တဲ့ကတိမျိုးကိုသာ ပေးသင့်ပါတယ်။

ပဟေဠိဆန်ဆန် လက်ဆောင်ပေးခြင်း

Things you should avoid doing on Valentine’s Day

သင်သည် တစ်စုံတစ်ယောက်ကို ကြိုက်တယ်ဆိုလည်း ရဲရဲဝံ့ဝံ့ဖွင့်ပြောကာ ကိုယ့်နာမည်တပ်ပြီး လက်ဆောင်ပေးပါ။ ဒါမှ လက်ခံရရှိသူလည်း ဘယ်သူ ဘယ်ဝါဆိုတာသိပြီး အာရုံမနှောက်ရတော့မှာပါ။ တကယ်လို့ ကိုယ့်ကောင်မလေးကို လက်ဆောင်ပေးမယ်ဆိုလည်း ထိုအတိုင်းပါပဲ။ ကိုယ့်နာမည်တပ်ပြီး လက်ဆောင်ပေးပါ။ ဟိုလူပေးသလိုလို ဒီလူပေးသလိုလို ပဟေဠိဆန်ဆန် လက်ဆောင်ပေးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

လမ်းမခွဲပါနဲ့

Things you should avoid doing on Valentine’s Day

သူနဲ့ထပ်ပြီး မတွဲချင်တော့တာမျိုး၊ မချစ်တော့တာမျိုး ခံစားနေရပါသလား။ ကိုယ့်ကောင်မလေးနဲ့ လမ်းခွဲချင်နေပြီလား။ လမ်းခွဲမယ်ဆိုလည်း ချစ်သူများနေ့ မတိုင်ခင်နှစ်ရက်အလို (သို့) ချစ်သူများနေ့အကျော် နှစ်ရက်မှာလမ်းခွဲသင့်ပါတယ်။ သူ(မ)ရဲ့ဘဝမှာ ချစ်သူများနေ့ကို အမှတ်တရဆိုးတွေပေးပြီး နာကျင်ခံစားရအောင် စိတ်ဒဏ်ရာရသွားအောင် မလုပ်မိပါစေနဲ့။

Source: Fnp.com

Featured Image: Chaletvillage