First Date ဆိုတာ တစ်ယောက်ကိုတစ်ယောက် လေ့လာအကဲခတ်တဲ့အချိန်ဖြစ်တာကြောင့် အရမ်းကိုအရေးကြီးပါတယ်။ ဒီလိုအချိန်မှာ အမှားတစ်စုံတစ်ရာလုပ်မိရင် ရှေ့ဆက်လက်တွဲဖို့ မသေချာဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ယေဘုယျအားဖြင့် မိန်းကလေးတွေမကြိုက်တဲ့ အရာလေးတွေကိုရှောင်ကျဉ်နိုင်ဖို့ ကွီးတို့ကိုပြောပြပေးလိုက်ပါတယ်နော်။
(၁) အချိန်နောက်ကျတာ
Source ; Shutterstock
First Date မှာအချိန်တိကျဖို့ကလည်း မဖြစ်မနေလိုအပ်ပါတယ်။ ချိန်းထားတဲ့အချိန်ထက်နောက်ကျမှရောက်သွားပြီး ကောင်မလေးကဘက်ကထိုင်စောင့်နေရရင် သိပ်မဟန်ပါဘူး။ကိုယ်ဘက်ကကြိုရောက်နေမှ အမှတ်ပြည့်ရနိုင်မှာပါ။ဒါကြောင့် ချိန်းထားတဲ့အချိန်ထက် နာရီဝက်လောက်ကြိုရောက်နေအောင် အိမ်ကနေစောစောထွက်ဖို့ အကြံပြုချင်ပါတယ်။
(၂) ဖုန်းကိုင်နေတာ
Source ; Shutterstock
ကောင်မလေးနဲ့ ဒိတ်တော့မယ်ဆိုရင် ဖုန်းခေါ်တာတွေ အလုပ်အကြောင်းတွေ သူငယ်ချင်းကဏ္ဍတွေခဏလောက်တော့ ဘေးဖယ်ထားသင့်ပါတယ်။ ပထမဆုံးတွေ့ဆုံတဲ့အချိန်မှာ ဖုန်းတွေတခွမ်ခွမ်ဆက်နေပြီး အလုပ်သိပ်ရှုပ်နေရင် သူမဘက်ကသင့်ကိုစိတ်ပျက်သွားမှာသေချာပါတယ်။အရေးပေါ်ကိစ္စဖုန်းပြောရတာကလွဲရင် တက်နိုင်သလောက်ဖုန်းမကိုင်မိအောင်နေပါ။
(၃) အသားယူတာ
Source ; Shutterstock
ပထမဆုံးချိန်းဆိုခြင်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက်ဆက်ဆံရေးတည်ဆောက်ပြီး ရင်းနှီးအောင်လုပ်ရမယ်ဆိုတာ မှန်ပေမယ့် နှစ်ပေါင်းများစွာတွဲလာတဲ့ချစ်သူတွေလို ဆက်ဆံလို့မရပါဘူး။ သူမရဲ့ အခြေအနေကိုမကြည့်ပဲ အတင်းဖက်တာ နမ်းတာမျိုးတွေက သူမကိုစိတ်တင်းကျပ်မှုဖြစ်စေနိုင်ပါတယ်။ဒီလိုကိုယ်ဘက်က အရမ်းပွင့်လင်းစွာဆက်ဆံရင် သူမအနေနဲ့ အသားယူတယ်လို့ ထင်ကောင်းထင်သွားနိုင်တာကြောင့် ရှောင်ကျဉ်သင့်ပါတယ်။
(၄) ကိုယ်အကြောင်းပြောလွန်းတာ
Source ; Shutterstock
စကားပြောတဲ့အခါ နှစ်ဦးသားအပြန်အလှန် အပေးအယူမျှမျှ စကားပြောမှသာ ပျော်စရာကောင်းပြီး ရင်းနှီးမှုပိုတိုးစေမှာဖြစ်ပါတယ်။ ကိုယ်ဘက်ကနေ ဦးဆောင်စကားပြောသင့်တာမှန်ပေမယ့် ကိုယ့်အကြောင်းတွေပဲ တစ်ချိန်လုံးပြောနေလို့မရပါဘူး။ သူမနဲ့ အမေးအဖြေလေးတွေပြောမယ် သူကိုမေးခွန်းလေးတွေမေးမယ် သူမဘက်ကပြောပြတာတွေကိုလည်း သေချာဂရုစိုက်နားထောင်ပေးမယ် စတဲ့အရာလေးတွေကိုလည်း လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။