ရောဂါပိုးမွှားတွေက လူတွေရဲ့ပတ်ဝန်းကျင်မှာ ထောင်သောင်းချီပြီး ရှိနေတာပါ။ မျက်စိနဲ့ မမြင်နိုင်လို့သာ လူတွေမကြောက်ကြခြင်းဖြစ်ပါတယ်။ အကယ်၍ ရောဂါပိုးမွှားတွေသာ မျက်စိနဲ့ မြင်နိုင်မယ်ဆိုရင် ခြေချစရာနေရာတောင် ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီရောဂါပိုးမွှားတွေ ကိုယ့်ဆီ မဝင်လာအောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားတာအကောင်းဆုံးပါ။ အကောင်းဆုံးကတော့ တကိုယ်ရေသုံးပစ္စည်းတွေကို မျှဝေမသုံးစွဲဖို့ပါပဲ။

ဒီနေ့ kwee page က တကိုယ်ရေသုံးပစ္စည်းတွေကို အခြားသူတွေနဲ့ ဘာကြောင့် မျှဝေမသုံးစွဲသင့်သလဲဆိုတာကို ပြောပြပေးသွားမှာပါ။

မုတ်ဆိတ်ရိတ်ဓား

Source: Prevention

မုတ်ဆိတ်ရိတ်ဓားအသုံးပြုတဲ့အချိန် မတော်တဆထိမိထားတာကနေတဆင့် ခန္ဓာကိုယ်တွင်းကို ရောဂါပိုးတွေဝင်ရောက်နိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ဓားကနေတဆင့် အသည်းရောင်အသားဝါ B၊ C ပိုးနဲ့ HIVရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ဓားမသန့်ရင် အရေပြားမှာ ပွေး၊ညှင်းလိုမျိုးအရေပြားပြဿနာတွေခံစားရနိုင်ပါတယ်။

သွားပွတ်တံ

Source: Amway India

သွားပွတ်တံတစ်ချောင်းတည်းကိုမျှသုံးတာက သွေးကနေတဆင့်ကူးစက်တဲ့ ရောဂါပိုးတွေကူးစက်ခံရနိုင်ခြေရာခိုင်နှုန်း တော်တော်များပါတယ်။။ သွားတိုက်ရင်းသွားပွတ်တံကနေတဆင့် သွားဖုံးမှာရှိနေတဲ့သွေးကြောလေးတွေဆီကို ရောဂါပိုးတွေကူးစက်ရောက်ရှိသွားနိုင်ပါတယ်။

လက်သည်းညှပ်

Source: Argan oil

လက်သည်းညှပ်ကို မျှဝေသုံးစွဲတာကလည်း အန္တရာယ်များတဲ့ လုပ်ရပ်လို့ပြောလို့ရပါတယ်။ ခြေသည်းပိုးတွေကူးစက်နိုင်သလို မတော်တဆထိခိုက်မှုကနေတဆင့်ကိုယ်တွင်းကိုရောဂါပိုးတွေ ကျူးကျော်ဝင်ရောက်နိုင်ပါတယ်နော်။

နားကြပ်

Source: Envato Elements

အခုခေတ်လူငယ်တွေကြားမှာ နားကြပ်တစ်ခုထဲကို တစ်ယောက်တစ်ဖက်စီ တပ်ပြီး သီချင်းနားထောင်တာ ရုပ်ရှင်အတူကြည့်တာတွေ ခေတ်စားလာနေပါတယ်။ အကောင်းဆုံးအကြံပေးချင်တာကတော့ ကိုယ်ပိုင်နားကြပ်တစ်ခုတော့ ဆောင်ထားပါ။ သူများဆီကနားကြပ်ငှားတာမျိုးမလုပ်ပါနဲ့။ နားကြပ်မှာ ရောဂါပိုးတွေအများကြီးကပ်ညှိနေနိုင်ပါတယ်။ နားကြပ်က ဘက်တီးရီးယားတွေကြောင့် နားမထိခိုက်စေဖို့ နားကြပ်ကို အတူတူမျှသုံးတာမျိုးမလုပ်ပါနဲ့။

သောက်ရေခွက်

Source: WebMD

သောက်ရေဗူး တစ်ဗူးတည်းကိုတူတူသောက်တာ၊ သောက်ရေခွက်တစ်ခွက်တည်းကို တူတူသုံးတာတွေက တံထွေးကနေတဆင့်ကူးစက်တဲ့ရောဂါတွေအလွယ်တကူ ကူးစက်နိုင်ပါတယ်။ လည်ချောင်းနာတာ၊ ရေယုန်၊ အဖျား၊နဲ့ တုပ်ကွေးလိုမျိုးရောဂါတွေကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ရောဂါပိုးတွေကိုယ်ထဲရောက်မလာစေဖို့ သောက်ရေဗူး၊သောက်ရေခွက်တွေကို မျှမသုံးပါနဲ့။