တစ်ခါတလေမှာ ဘဝကြီးက စိတ်ပျက်စရာကြီးပဲ ၊ ကောင်းတာတစ်ခုမှလည်း မရှိပါလားရယ်လို့ အဆိုးမြင်သဘောနဲ့ လောကကြီးကို ကြည့်မိတတ်ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ ဘဝထဲမှာ ကျေးဇူးတင်ဖို့ကောင်းတဲ့ အရာတွေ အများကြီးရှိပါတယ်။

(၁) အသက်ရှင်နေတာ

man in the nature

Photo: Unsplash

ညဘက် အိပ်ရာဝင်ပြီး နောက်တစ်နေ့ မနက်ခင်းကို မြင်ခွင့်ရှိသေးတယ်ဆိုရင် ကံကောင်းလိုက်တာလို့ တွေးတတ်ပါစေ။ အသက်ရှင်နေခြင်းဟာ အဓိပ္ပါယ်ရှိခြင်းပါပဲ။ ကိုယ့်ရဲ့ ရှင်သန်ခြင်းကို အရင်းပြုပြီး လူတွေကို ကူညီနိုင်မယ် ၊ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်နေနိုင်မယ် ၊ ကိုယ်သိချင်တဲ့ အသိပညာတွေ ဆည်းပူးနိုင်မယ် ၊ ပစ္စုပ္ပန်/သံသရာအကျိုးကို ဆောင်ရွက်နိုင်မယ်။ သေသွားရင်တော့ ဘာတစ်ခုမှ လုပ်ခွင့်မရတော့ဘူး မဟုတ်လား။

(၂) လေကောင်းလေသန့် ရှုခွင့်ရတာ

man standing near the window

Photo: Unsplash

ဒီအခွင့်အရေးကို လူတိုင်းရနေတယ်လို့ မထင်ပါနဲ့။ အသက်ရှုရခက်လို့ အောက်ဆီဂျင်ပိုက်တပ်ထားရတဲ့သူတွေ ၊ လေထုညစ်ညမ်းမှုမြင့်မားလှတဲ့ မြို့ကြီးတွေမှာ နေထိုင်ရတဲ့သူတွေဆို လေသန့်သန့်လေး တဝကြီး ရှုဖို့ဆိုတာ အိပ်မက်တစ်ခု ဖြစ်နိုင်ပါတယ်။

(၃) နေဖို့ စားဖို့ နားဖို့ အိမ်ရှိတာ

man painting wall

Photo: Unsplash

ရာသီသုံးပါးနဲ့ တခြားဘေးရန်တွေကနေ ကာကွယ်နိုင်မယ့် အိမ်တစ်လုံးထဲမှာ နေရတယ်။ တစ်နေ့သုံးနပ် ထမင်းစားရတယ်ဆိုတာ အသေးအမွှားလို့ ထင်ရပေမယ့် ဘဝရဲ့ အရေးပါတဲ့ လိုအင်တွေ ပြည့်ဝနေတာပဲ ဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်မှာ စားဝတ်နေရေးအတွက် အထိုက်အလျောက် အဆင်ပြေနေတယ်ဆိုရင် ကိုယ်နေခွင့်ရတဲ့ အခြေအနေ ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားခွင့် ဝတ်ခွင့်ရတဲ့ ဘဝပေါ် ကျေးဇူးတင်တဲ့စိတ် နှလုံးသွင်းပါ။

(၄) အဖေ ၊ အမေနဲ့ သူငယ်ချင်းတွေ ရှိနေတာ

friends and family

Photo: Unsplash

ကိုယ့်မိဘနှစ်ပါးလည်း သက်ရှိထင်ရှား ရှိနေဦးမယ် ၊ ကိုယ်ချစ်ရတဲ့ သူငယ်ချင်းတွေလည်း ကျန်းကျန်းမာမာ ရှိနေသေးတယ်ဆိုရင် ဒီလို ကံထူးတဲ့ဘဝအတွက် ကျေနပ်ဝမ်းမြောက်တတ်ပါစေ။ ဒီလို အခွင့်အရေးနဲ့ နေနိုင်မှုဆိုတာ ဘယ်လောက်ကြာကြာ နှစ်တစ်ရာ မဟုတ်ပါဘူး။ မမြဲလှတဲ့ဘဝ ၊ တိုတောင်းလှတဲ့ လူ့သက်တမ်းအတွင်းမှာ မေတ္တာတရားနဲ့ ထိတွေ့နိုင်ခွင့်ဆိုတာ ဆုလာဘ်ကြီးတစ်ခုပဲ မဟုတ်လား။