အသက် (၂၀) အရွှယ်ဆိုတာ အညွှန့်တလူလူတက်နေတဲ့ လူငယ်တစ်ယောက်ရဲ့ အတောက်အပဆုံးအချိန်ဖြစ်ပါတယ်။ ဒီလိုအရွှယ်မှာ ကိုယ့်ဘဝအတွက်အကောင်းဆုံး ဝမ်းစာတွေကိုဖြည့်တင်းဖို့လိုအပ်ပါတယ်။ ဒါမှသာရှေ့ဆက်လျောက်ရမယ့် ဘဝတစ်လျောက်လုံးမှာ အဆင်ပြေပြေချောချောမွေ့မွေ့ရှိမှာပါ။ဒါကြောင့်ဒီတစ်ခေါက်မှာတော့ လူငယ်တွေအနေနဲ့ အသက် (၂၀) နောက်ပိုင်း စတင်လုပ်ဆောင်ရမယ့် အရာတွေကိုပြောပြပေးချင်ပါတယ်။
(၁) အချိန်ကိုစီမံခန့်ခွဲပါ

Source : Shutterstock
အချိန်ဆိုတာ ဘဝမှာအစားပြန်မရနိုင်တဲ့ တန်ဖိုးအကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ကိုယ့်ဘဝရဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချတက်ဖို့ လိုအပ်ပါတယ်။ကိုယ့်ရဲ့ တစ်နေ့တာမှာ အချိန်ဖြုန်းနေတဲ့အရာတွေကိုရပ်တန့်လိုက်ပါ။ဘဝအတွက်လိုအပ်တဲ့ဝမ်းစာတွေဖြည့်မယ် နားတဲ့အချိန်မှာြည်ဖြင့်ပည့်ပြည့်ဝဝနားမယ် ချစ်ခင်ရသူတွေကိုအချိန်ပေးမယ့် စသည့်ဖြင့် ကိုယ့်ရဲ့တစ်နေ့တာအချိန်တွေကို အစီစဉ်တကျသေချာလေးစီမံခန့်ခွဲတက်ဖို့လိုအပ်ပါမယ်။
(၂) သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ပါ

Source : Shutterstock
တောင်းမှာအကွပ်လူမှာအဝတ်ဆိုတဲ့စကားလေးအတိုင်း အဝတ်အစားကလူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကိုအများကြီးပြောင်းလဲစေပါတယ်။ နာမည်ကျော် Branded အဝတ်အထည်တွေကို ဝတ်မှမဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့ အဝတ်အစားကိုပဲ သန့်သန့်ရှင်းရှင်းလျော်ဖွတ်ပြီး သေချာမီးပူတိုက်ဝတ်ဆင်သင့်ပါတယ်။ နေရာဒေသနဲ့အညီ လိုက်ဖက်အောင်ဝတ်ဆင်ပြီး သပ်သပ်ရပ်ရပ်ဝတ်စားတက်တဲ့အကျင့်ကို အသက် (၂၀) နောက်ပိုင်းမဖြစ်မနေစတင်သင့်ပါတယ်။
(၃) အိပ်မက်တွေနောက်လိုက်ပါ

Source : Shutterstock
ကိုယ်ဘဝမှာ ဘယ်အရာတွေကို ရူးရူးသွပ်သွပ်လုပ်ချင်တာရှိလဲ အခုအရွှယ်ကတည်းက သေချာဆန်းစစ်ဖို့လိုပါတယ်။ ပြီးရင် ကိုယ်ဖြစ်ချင်တဲ့အရာတွေ ကိုယ်လုပ်ချင်တာတွေကို တစိုက်မတ်မတ်စတင်လုပ်ဆောင်ပါ။ ကိုယ့်ဘဝရဲ့ စစ်မှန်တဲ့အိပ်မက်တွေနောက်ကိုလိုက်ပြီး ရည်မှန်းချက်တွေပြည့်ဝအောင်ကြိုးစားလုပ်ဆောင်ပါ။ ဒါဆိုရင်သင့်ဘဝမှာ ပျော်ရွှင်ကျေနပ်မှုတွေကိုခံစားရစေမှာဖြစ်ပြီး ဘဝမှာမျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မှုတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။
(၄) စွန့်စားမှုရှိပါ

Source : Shutterstock
ဘဝဟာ ပုံမှန်အတိုင်းဖြတ်သန်းနေရင် သိပ်ကိုပျင်းဖို့ကောင်းပြီး တိုးတက်မှုလည်းမရှိနိုင်ပါဘူး။ဒါကြောင့် စွန့်စားရမယ့်အရာတွေကိုလုပ်ကြည့်ပါ။ ကိုယ့်ကိုယ်ကို သက်သာချောင်လည်စေတဲ့ Comfort Zone ထဲရောက်နေရင် Comfort Zone ထဲကထွက်သွားဖို့မကြောက်ပါနဲ့။ အတွေ့အကြုံအသစ် စိတ်လှုပ်ရှားမှုအသစ်တွေနဲ့ ဘဝရဲ့ နေ့ရက်တွေကို အဓိပ္ပါယ်ရှိစွာဖြတ်သန်းလိုက်ပါ။ဒါဆိုရင်သင့်ဘဝမှာထူးခြားတဲ့အောင်မြင်မှုတွေ အကျိုးရလဒ်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
