အသက် (၄၀) မှ ဘဝစတယ်ဆိုတဲ့ စကားကြားဖူးကြမှာပါ။ ဒီစကားက မှန်ပါတယ်။ အသက် (၄၀) ဆိုတာလူတစ်ယောက်ရဲ့ အံ့ဩစရာမှတ်ကျောက်တခုလို့ပြောလို့ရပါတယ်။ တစ်ချို့တွေကတော့ သူတို့လုပ်ချင်တာတွေကို ဒီအသက်အရွယ်မတိုင်ခင်လုပ်ပြီးနေကြပါပြီ။ ဒါပေမယ့် တစ်ချို့တွေကြတော့ ဒီအရွယ်ထိ ယောင်လည်လည် ဖြစ်နေကြတုံးပါပဲ။
ဒီနေ့ kwee page ကနေ အသက် (၄၀) မတိုင်ခင် ကွီးတို့အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရာလေးတွေကို ပြောပြပေးသွားမှာပါ။
အရင်ဦးဆုံး မိမိကိုယ်ကို ဂရုစိုက်ပါ
Source: Dissolve
ကိုယ်ကကျန်းမာရေးမကောင်းနေဘူးဆိုရင် သူများကိုသွားပြီးဂရုစိုက်နေလို့ မရပါဘူး။ ကိုယ်ကိုတိုင်က ကျန်းမာနေမှ ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်နိူင်မှာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် တစ်ကိုယ်ကောင်းဆန်တဲ့သူ ဖြစ်မသွားပါဘူး။
ပုံမှန်အားဖြင့် လူတွေက ပတ်ဝန်းကျင်က လူတွေကိုဂရုစိုက်ပြီး မိမိကျန်းမာရေးကိုတော့ လျစ်လျူရှုထားတတ်ကြတယ်။ ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်နိူင်ဖို့ ကိုယ့်ကျန်းမာရေးကို အရင်ဦးဆုံး ဂရုစိုက်ပါ။ နေ့စဉ်ကျန်းမာရေနဲ့ညီညွတ်တဲ့ အစားအစာတွေကိုစားသုံးပေးပါ။ အားကစား မှန်မှန်လုပ်ပေးပါ။ ကျန်းမာရေးစစ်ဆေးမူ ပုံမှန်ခံယူပေးပါ။
ချက်ပြုတ်နည်းသင်ယူပါ
Source: CakenGifts
ချက်ပြုတ်ခြင်းဟာ ကိုယ်ခန္ဓာအတွက်ရောစိတ်ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။ ယောက်ျားကောင်းဆိုတာ မိမိကိုယ်ကို လုံလောက်နေပြီး တခြားလူတွေအပေါ် မမှီခိုတဲ့သူတွေကို ခေါ်တာပါ။ လေ့လာမူတွေအရ ကိုယ်စားဖို့အတွက် ထမင်းဟင်းတွေ ကိုယ်တိုင်ချက်ပြုတ်တတ်တဲ့ ယောက်ျားလေးတွေဟာ ပုံမှန်လူတွေထက် ပိုပြီးပျော်ရွှင်နေကာ ပိုပြီးလည်းကျန်းမာကြောင်း ဆိုထားပါတယ်။
အသက် (၄၀) ပြည့်တော့မှာလာ။ ဆင်ခြေတွေ ပေးမနေပါနဲ့တော့။ ချက်ပြုတ်တတ်ဖို့ သင်ယူလိုက်ပါ။ ကျန်းမာရေးအတွက်လည်းကောင်းသလို၊ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေကြားမှာလည်း နာမည်ရတတ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ကလေးရှိလာခဲ့ပြီဆိုရင်လည်း ပြန်သင်ပေးလို့ရပါသေးတယ်။
Comfort Zone ထဲကနေ ရုန်းထွက်လိုက်ပါ
Source: Channel Futures
အသစ်အသစ်တွေကို လုပ်ကြည့်တာက ကောင်းပါတယ်။ ဘဝမှာ သက်သောင့်သက်သာပဲ နေတတ်တဲ့သူတွေဟာ တစ်နေ့နေ့မှာ ဒုက္ခရောက်တတ်ပါတယ်။ အသစ်တခုခုကို ပထမဆုံး လုပ်ကြည့်တဲ့အချိန်မှာ အခတ်အခဲတွေ အဆင်မပြေမူတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီအခတ်အခဲတွေကပဲ ကိုယ့်ကို ပိုတော်ပိုတတ်ပိုသိတဲ့ သူတစ်ယောက်ဖြစ်အောင် လုပ်ပေးပါလိမ့်မယ်။ ပြီးတော့ ဘဝမှာ မမျှော်လင့်ထားတဲ့ စိတ်ခေါ်မူတွေ ကြုံလာရင်လည်း ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် Comfort Zone ထဲကနေ ရုန်းထွက်လိုက်ပါ။
သူငယ်ချင်းအပေါင်းအသင်း၊မိသားစုဝင်တွေကိုနေ့စဉ်ဖုန်းဆက်ပေးပါ
Source: Business
သင့်ဘေးမှာ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်း၊မိသားစုဝင်တွေမရှိပဲနဲ့ အချိန်အကြာကြီးအသက်ရှင်မနေနိူင်ပါဘူး။
အသက်အရွယ်ကြီးလာတာနဲ့အမျှ အလုပ်တွေလည်းများလာကာ သူငယ်ချင်း၊ မိသားစုတွေနဲ့ ဝေးလာတတ်ပါတယ်။ မိသားစုဆိုတာ အစားထိုးလို့မရတဲ့ အရာတွေထဲမှာပါပါတယ်။ လူတော်တော်များများက ဆုံးရှုံးသွားပြီးမှ နောင်တရတတ်ကြတယ်။ ကွီးတို့အနေနဲ့ ဒီလိုမျိုးနောင်တ မရအောင် နေ့စဉ် မိသားစုနဲ့ အဆက်အသွယ်လုပ်ပေးပါ။
အရေးပေါ်အတွက် ပိုက်ဆံစုထားပါ
Source: Compounding Pennies
ဒီအချက်က တကယ်ကိုလိုအပ်ပါတယ်။ အနာဂတ်အတွက် ပိုက်ဆံစုတာအပြင် အရေးပေါ်လာရင် သုံးဖို့အတွက်လည်း ငွေတွေစုထားသင့်ပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာနိူင်တယ်ဆိုတာ ကြိုမသိနိူင်ပါဘူး။ ဒါကြောင့် ကိုယ်အခတ်အခဲ ဖြစ်လာတဲ့အချိန်မှာ အဆင်ပြေနိူင်ဖို့အတွက် စုဆောင်းထားတာတွေရှိဖို့လိုအပ်ပါတယ်။