ခရီးသွားရတာ ဝါသနာပါတဲ့သူတွေ အတွေ့အကြုံအသစ်အဆန်းတွေကို အမြဲရှာဖွေနေတဲ့ သူတွေအနေနဲ့ ၁နှစ်မှာ အနည်းဆုံးသုံးလေးခေါက်လောက်တော့ ခရီးသွားဖြစ်ကြမယ်ထင်ပါတယ်။ ခရီးသွားခြင်းဟာ အကောင်းဆုံး စိတ်အပင်ပန်းမှုတစ်ခုဖြစ်ပြီး စိတ်ကူးစိတ်သန်း အသစ်များစွာကိုလည်း ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဒီလိုမကြာခဏခရီးသွားသူတွေ ခရီးသွားဝါသနာပါသူတွေအတွက် ဒီနေ့မှာတော့ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ပျော်စရာကောင်းတဲ့ ခရီးတစ်ခုဘယ်လိုသွားသင့်လဲ ဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) ရထားနဲ့သွားပါ

Source : Route Guru

ပုံမှန်သွားနေကြ ကားတွေလေယာဉ်တွေ ထက်စာရင် ရထားနဲ့ ခရီးသွားခြင်းဟာ သင့်ကိုပိုပြီး အသစ်အဆန်းဖြစ်စေမှာ ဖြစ်သလို ကုန်ကျစရိတ်လည်း ပိုပြီးသက်သာစေပါတယ်။ ကားတွေ လေယာဉ်တွေလောက် လျင်မြန်စွာ ခရီးမတွင်ပေမယ့် ရထားနဲ့ ခရီးသွားခြင်းဟာလည်း လုံးဝမတူတဲ့ ခံစားမှုအသစ်ကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်သက်သာတဲ့ ခရီးတစ်ခုဖန်တီးချင်ရင်တော့ ရထားနဲ့ခရီးသွားပါ။

(၂) အဝတ်အစား

Source : Travel + Leisure

ခရီးသွားတဲ့အခါ အဝတ်အစားအသစ်ဝယ်တာမျိုးတွေ တော်တော်များများ ပြုလုပ်ပြင်ဆင်လေ့ရှိပါတယ်။ ခရီးသွားမယ့် ရက်ရှည်ရင်ရှည်သလို အဝတ်အစားအပိုတွေ များစွာ ထည့်သွားတတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ကုန်ကျစရိတ်သက်သာတဲ့ ခရီးတစ်ခုဖြစ်ချင်ရင်တော့ မပါမဖြစ်လိုအပ်မယ့် ဝတ်စုံ၂ စုံ လောက်သာထည့်ပြီး ဒေသထွက် ပေါ့ပေါ့ပါးပါးအင်္ကျီလေးတွေ ဝယ်ဝတ်တာဟာ ကုန်ကျစရိတ် ပိုမိုသက်သာစေသလို ဓာတ်ဖမ်းတဲ့အခါမှာလည်း ပိုပြီးအမှတ်တရဖြစ်နေစေမှာဖြစ်ပါတယ်။

(၃) တည်းခိုစရာ

Source : Passengers Cafe

ခရီးသွားလုပ်ငန်းအများစု တည်ရှိရာနေရာတွေတော်တော်များများမှာတော့ အဆင်မြင့်ဟိုတယ်တွေရှိသလို ဈေးသက်သက်သာသာနဲ့ သန့်သန့်ရှင်းရှင်းတည်းခိုလို့ရမယ့် Hostel လေးတွေလည်း ခုနောက်ပိုင်း တော်တော်လေးခေတ်စားလာပါတယ်။ Hostel တွေဟာ မိသားစုတွေပဲဖြစ်ဖြစ်၊ သူငယ်ချင်းအုပ်စုအဖွဲ့လေးတွေပဲဖြစ်ဖြစ်၊ တစ်ကိုယ်တည်း FA လေး တွေပဲဖြစ်ဖြစ် အဆင်ပြေသန့်ရှင်းပြီး ဈေးလည်းသက်သာစွာတည်းခိုလို့ရတာကြောင့် Budget Plan နဲ့ ခရီးသွားတဲ့သူတွေဖို့တော့ ရွေးချယ်တည်းခိုသင့်တဲ့ နေရာလေးတွေဖြစ်ပါတယ်။

(၄) အစားအစာ

Source : Thai Street Food

ကုန်ကျစရိတ် သက်သက်သာသာနဲ့ ခရီးသွားရင်တော့ ဒေသထွက်အစားစာလေးတွေဟာ ဈေးလည်းသက်သာပြီး အရသာအသစ်အဆန်းလေးတွေကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ ပုံမှန်စားနေကျ စားသောက်ဆိုင်ကြီးတွေမှာ စားတာထက် ကိုယ်သွားလည်တဲ့နေရာရဲ့ ဒေသထွက် အစားစာလေးတွေကတော့ မဖြစ်မနေကိုမြည်းကြည့်သင့်တဲ့ အရာလေးတွေပါ။ ဒေသထွက်အစားအစာလေးတွေစားတဲ့အခါ သူငယ်ချင်းတွေ သရေကျစေဖို့ ဓာတ်ပုံရိုက်ဖို့လည်း မမေ့နဲ့နော်။