တစ်နေ့တစ်နေ့ ဖုန်းတွေဆိုရှယ်မီဒီယာတွေပေါ်မှာပဲ အချိန်ကုန်နေမိပါသလား။ ဒစ်ဂျစ်တယ်ခေတ်နဲ့အဆက်အသွယ်မပြတ်ဖို့ ဖုန်းတွေဆိုရှယ်မီဒီယာတွေ သုံးဖို့လိုတယ်ဆိုပေမယ့် အားလပ်ချိန်တိုင်းကိုတော့ ဖုန်းတွေပေါ်မှာပဲ မကုန်ဆုံးသင့်ပါဘူး။ ဖုန်းတွေနဲ့အချိန်ကုန်နေတဲ့နေရာမှာ အခုပြောပြမယ့်အရာတွေ အစားထိုးလုပ်ဆောင်ခြင်းဖြင့် အချိန်ကိုအကျိုးရှိရှိအသုံးချလိုက်ပါ။ ‌

စာဖတ်ပါ

Source : Read It Forward

သင်က စာအုပ်တအုပ်ကိုအပြီးသတ်ဖတ်မယ်တွေးတိုင်း အချိန်မရှိဘူးလို့ပဲတွေးမိနေပါသလား။ ဒါဆို သင့်ရဲ့ဆိုရှယ်မီဒီယာ အသုံးပြုချိန်တွေကိုလျော့ပြီး အခုပဲစာအုပ်ကိုင်လိုက်ပါ။ စာအုပ်မပြီးမချင်း ဖေ့စ်ဘုတ်မဖွင့်ပါနဲ့။ တကယ်လို့စာအုပ်က တနေ့တည်းမပြီးတဲ့ စာအုပ်မျိုးဆိုရင် နောက်ရက်တွေလဲဖုန်းကိုင်တဲ့အချိန်ကို ကန့်သတ်လိုက်ပါ။ ဒါဆိုတလအတွင်းကိုစာအုပ်တအုပ်ထက်မက ဖတ်ဖြစ်ပါလိမ့်မယ်။

စကားလက်ဆုံပြောပါ

Source : All Pro Dad

စကားလက်ဆုံပြောတယ်ဆိုတဲ့နေရာမှာ messenger ကနေဖုန်းခေါ်စကားပြောတာမျိုးမဟုတ်ဘဲ တကယ့် အပြင်မှာစကားပြောဆိုဖို့ကိုဆိုလိုပါတယ်။ သင့်ရဲ့ မိသားစုနဲ့ဖြစ်စေ၊ အိမ်နီးနားချင်းမိတ်ဆွေနဲ့ဖြစ်စေ အတူတူထမင်း စားရင်းစကားပြောတာမျိုးပါ။ ဒါမှမဟုတ် သင့်မှာကလေးတွေရှိရင်လဲ ကလေးတွေနဲ့ သူတို့သဘောကျမယ့်စကား လေးတွေပြောလို့ရပါတယ်။ စကားစမြည်ပြောပေးတာက သင်တယောက်ထဲလို့မခံစားရစေဘဲ အဆက်အသွယ်ရှိ တယ်လို့ခံစားရစေပါတယ်။

တီဗွီအစီအစဉ်တွေကြည့်ပါ

Source : Daily Mail

တီဗွီစခရင်ကြည့်တာနဲ့ ဖုန်းစခရင်ကြည့်တာဘာမှမထူးဘူးထင်ရပေမယ့် သင်နှစ်သက်တဲ့တီဗွီအစီအစဉ်တွေ ကြည့်တာက ဖုန်းပဲနှိပ်နေတာထက်အများကြီးကွာခြားပါတယ်။ ပေါ့ပါးတဲ့အိမ်နေရင်းဘောင်းဘီတထည်ဝတ်ပြီး ပြောင်းဖူးပေါက်ပေါက်စားရင်း ရုပ်ရှင်ကြည့်ရတဲ့အရသာကို သင်သိတယ်မလား။ ဒါဆို အခုပဲလက်ထဲကဖုန်းကို ချပြီး တီဗွီသွားဖွင့်လိုက်ပါ။

တရေးအိပ်ပါ

Source : MyFitnessPal Blog

အခုခေတ်မှာ လူတော်တော်များများက အိပ်ချိန်မပြည့်ကြပါဘူး။ နေ့လည်ဘက်မှာ ၁၅ မိနစ်လောက်တရေးအိပ် ပေးတာက သင့်ကိုမယုံနိုင်လောက်အောင် ပြန်လည်လန်းဆန်းစေပါတယ်။ ဒါ့အပြင် ခေတ္တတရေးအိပ်ပေးတာ က သင့်ဦးနှောက်မှတ်ဉာဏ်ကောင်းကိုစေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေကာ ဖန်တီးနိုင်စွမ်းလဲကောင်းစေပါ တယ်။