Relationship တစ်ခုအဆုံးသတ်ချိန်မှာ ဝမ်းနည်းစရာ စိတ်ထိခိုက် နာကျင်စရာတွေ အင်မတန်များတယ်ဆိုတာ သေချာပါတယ်။ တစ်ခါတစ်ရံမှာ မကျေနပ်ချက်တွေ ခံပြင်းစရာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်လို့မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခုကို အေးအေးချမ်းချမ်းပဲ ကျော်ဖြတ်သွားလိုက်တာက သင့်အတွက်ပိုကောင်းတယ်ဆိုတာ သေချာပါတယ်။ ဒီတော့ ဘယ်လိုမှအဆင်မပြေနိုင်တော့တဲ့ အချစ်ရေးတစ်ခုကို အပြုံးနဲ့အဆုံးသတ်နိုင်ဖို့ အကြံပြုချက်တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) အပြစ်မတင်ပါနဲ့

Source : Men’s Health

လမ်းခွဲချိန်မှာ သူကြောင့် ၊ ငါ့ကြောင့် ဘယ်သူဘယ်ဝါကြောင့်ဆိုတဲ့ အပြစ်တင်မှုတွေ လုံးဝမလုပ်ပါနဲ့။ ရှေ့ဆက်လို့လုံးဝမဖြစ်တော့ဘူးဆိုတာ သိထားပြီဆိုရင် အပြစ်တင်နေလည်း ဘယ်လိုရလဒ်မှပြောင်းလဲမသွားနိုင်ပါဘူး။ အဓိကအားဖြင့်တွဲခဲ့တဲ့ တစ်လျောက်လုံးမှာ ကိုယ့်ကိုယ့်ကို လိပ်ပြာလုံခဲ့ဖို့ပဲလိုတာပါ။ ဒါကြောင့် လမ်းခွဲချိန်မှာ တစ်ဖက်လူအပေါ်မှာရော ကိုယ့်ကိုယ်ကိုရော အပြစ်တင်တာတွေမလုပ်မိဖို့ အကြံပြုချင်ပါတယ်။

(၂) မကောင်းမပြောပါနဲ့

Source : istock

လူတစ်ယောက်က အကြောင်းပြချက်မရှိအချိန်တိုင်းကောင်းနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အမှားတွေလည်းရှိကောင်းရှိခဲ့နိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲပြီးချိန်မှာ တစ်ဖက်လူရဲ့ အမှားတွေ မကောင်းတဲ့အချက်တွေကို တခြားသူတွေကိုလျောက်ပြောပြတာမျိုးက လူကြီးလူကောင်းမဆန်ပါဘူး။ လမ်းခွဲပြီးပြီဆိုတာနဲ့ သူနဲ့ပတ်သတ်တဲ့အရာအားလုံးကို မေ့ဖျောက်ပစ်လိုက်တာက သင့်အတွက်ပိုပြီး ခံစားလို့ကောင်းစေမှာပါ။

(၃) ကိုယ်ထိလက်ရောက်မပြုမူပါနဲ့

Source : Freepik

လမ်းခွဲတဲ့အချိန်မှာ လူတစ်ယောက်ရဲ့စိတ်ခံစားမှုက အမြင့်ဆုံးရောက်နေတက်တာကြောင့် ဒေါသနောက်ကို စိတ်ကလိုက်မိရင် မဖြစ်သင့်တဲ့အရာတွေ ကျူးလွန်မိနိုင်ပါတယ်။ ဒေါသကိုမထိန်းချုပ်ပဲ လက်ပါလိုက်တာမျိုးတွေ အထိန်းအကွပ်မဲ့ ပြုမူဆက်ဆံတာမျိုးတွေကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ စိတ်ကိုအတက်နိုင်ဆုံး တည်ငြိမ်အောင်ထားပြီး စကားနဲ့ဖြစ်စေ အပြုအမူနဲ့ဖြစ်စေ အတက်နိုင်ဆုံး တည်တည်ငြိမ်ငြိမ် တုန့်ပြန်သင့်ပါတယ်။

(၄) စိတ်မယိုင်မိပါစေနဲ့

Source : Freepik

နောက်ဆုံးအကြံပြုချင်တာကတော့ ဘယ်လိုအချက်တွေကြောင့် သင်တို့ကလမ်းခွဲသင့်တာလဲ ၊ လုံးဝရှေ့ဆက်လျောက်ဖို့မဖြစ်နိုင်တော့ဘူးလား စတဲ့အချက်တွေကို သေချာစစ်ဆန်းပါ။ ပြီးရင် လမ်းခွဲဖို့ သေချာလားဆိုတာ သင့်ကိုယ်သင် အရင်ဆုံးမေးပါ။ သေချာတယ်ဆိုမှသာ နှစ်ဦးသဘောတူ လမ်းခွဲပြတ်စဲသင့်ပါတယ်။ လမ်းခွဲပြီးမှ စိတ်မခိုင်လို့ ပြန်ဆက်တာမျိုးတွေ သတိရတိုင်းဖုန်းဆက်တာ ၊ စာပို့တာမျိုးတွေမလုပ်ပါနဲ့။ မကြာခဏ ပြတ်လိုက် ပြန်တွဲလိုက်အခြေအနေက သင့်တို့နှစ်ဦးရဲ့ဆက်ဆံရေးကိုပိုဆိုးစေပြီး အဆုံးသတ်မကောင်းတဲ့ရလဒ်မျိုးရဖို့ ရာခိုင်နှုန်းများပါတယ်။