ချစ်ရေးချစ်ရာကိစ္စတွေဆိုတာ ကျွန်တော်တို့လူသားတွေရှောင်လွဲလို့မရနိုင်တဲ့ သဘာဝတရားတစ်ခုပါပဲ။ လိင်ဆက်ဆံခြင်းက စိတ်ပိုင်း/ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေးတွေကိုတိုးတက် ကောင်းမွန်စေပြီး ကိုယ့်ရဲ့ပါတနာနဲ့ ပိုမိုရင်းနှီးတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သတိထားရမှာက ကိုယ့်ရဲ့အဖော်နဲ့ အတူနေတော့မယ်ဆိုရင် သိထားဖို့လိုမယ့် ဆောင်ရန်ရှောင်ရန်အချက်လေးတွေ ရှိတယ်ဆိုတာပါပဲ။

(၁) အစပ်/ဆီများတဲ့ အစားအစာတွေ ရှောင်ပါ

Don’t Eat Super Spicy Foods Or A Meal High In Fat

Photo : Men’s Health

စပ်လွန်းတဲ့ အစားအစာတွေ ၊ ဆီများတဲ့အစားအစာတွေစားထားမယ်ဆိုရင် ရင်ပူခြင်း ၊ လည်ချောင်းထဲ မှာ ပူလောင်ခံစားမှုကို ခံစားရခြင်း ၊ အစာအိမ်အောင့်ခြင်း စတဲ့အရာတွေ ဖြစ်စေနိုင်ပြီး လိင်မှုကိစ္စအပေါ် ကောင်းကောင်းအာရုံမစိုက်နိုင် ဖြစ်တက်ပါတယ်။ ဒါကြောင့် ပူပူစပ်စပ်တွေ ဆီများလွန်းတဲ့ အစားအစာတွေကို မဆက်ခင်အချိန်အတောအတွင်းမှာ လုံးဝရှောင်ထားသင့်ပါတယ်။

(၂) အလွန်အကျွံမသောက်ပါနဲ့

Don’t Drink Too Much

Photo : Worcester Polytechnic Institute

လိင်မဆက်ဆံမီ အရက်/ဘီယာ အလွန်အကျွံသောက်ခြင်းဟာ ကွီးတို့ကို လိင်မှုစွမ်းရည် ကျဆင်းစေနိုင်ပါတယ်။ အရက်/ဘီယာမှီဝဲခြင်းဟာ လိင်မှုစွမ်းဆောင်ရည်ကို မြင့်တက်စေတယ်လို့ ထင်မှတ်ထားပေမယ့် တကယ်လက်တွေမှာတော့ အလွန်အကျွံသောက်တဲ့အခါ သွေးလည်ပတ်မှုကို နှောင့်နှေးစေပြီး လိင်အင်္ဂါကောင်းစွာမထောင်မတ်နိုင်တာ ၊ စွမ်းဆောင်ရည် ကောင်းကောင်းမပြနိုင်တာတွေ ဖြစ်တက်ပါတယ်။

(၃) အမွှေးအမျှင်တွေ ဖယ်ရှားခြင်းကိုရှောင်ပါ

Don’t Shave Right Before

Photo : Beard Resource

လိင်ဆက်ဆံခါနီးမှ ဆီးခုံမွှေးနဲ့ လိင်အင်္ဂါတဝိုက်က အမွှေးအမျှင်တွေ ဖယ်ရှားတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ ဘာလို့ဆို အမွှေးအမျှင်တွေ ရိတ်လိုက်တဲ့အခါ လိင်အင်္ဂါတဝိုက်ရှိ အရေပြားဟာ နုနယ်နေတာကြောင့် လိင်ဆက်ဆံစဉ် ပွတ်တိုက်မှုကနေတဆင့် ဒဏ်ရာအနာတရဖြစ်ပေါ်ခြင်း ၊ ပိုးမွှားများဝင်ရောက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

(၄) တုန်တုန်တွေကို ဆေးကြောဖို့ မမေ့ပါနဲ့

Don’t Forget To Wash Your Sex Toys
Photo : GQ

တုန်တုန် (Sex Toys) တွေဟာ လိင်ဆက်ဆံရာမှာ မတူညီတဲ့စိတ်ခံစားမှုအသစ်တွေနဲ့ ပိုမိုပြီးပြည့်စုံမှုကို ရစေနိုင်တာကြောင့် အကယ်၍ တုန်တုန် (Sex Toys) တွေသုံးမယ်ဆို အသုံးမပြုခင်မှာ သေချာဆေး ကြောသန့်စင်ဖို့ သတိချပ်စေချင်ပါတယ်။ တုန်တုန် (Sex Toys) တွေရဲ့အပေါ်ယံမျက်နှာပြင်မှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ များစွာစွဲကပ်နေနိုင်ပြီး သန့်ရှင်းမှုမရှိပါက လိင်အင်္ဂါအတွင်း ပိုးဝင်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

(၅) အဆင့်မကျော်ပါနဲ့

Don't Skip The Foreplay

Photo : Grazia

လိင်ဆက်ဆံတဲ့အခါမှာ မဆက်ဆံခင် ကနဦး နှိုးဆွလှုံ့ဆော်မှုလို့ခေါ်တဲ့ Foreplay အဆင့်ကို ကျော်မသွားမိဖို့ လိုပါတယ်။ Foreplay ဟာ ကိုယ်နဲ့ ဆက်ဆံဖော်ကြား ပိုမိုရင်းနှီးမှုရစေပြီး စိတ်တူကိုယ်တူနဲ့ ပြည့်စုံကောင်းမွန်စွာ ခရီးရောက်နိုင်ဖို့ များစွာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းမနှောခင်မှာ Foreplay အဆင့်ကို ကျော်ချမသွားမိဖို့ သတိပြုစေချင်ပါတယ်။

Featured Photo : Medium