လူတစ်ယောက်ရဲ့တစ်နေတာမှာ မနက်ခင်းဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ မနက်ခင်း စိတ်ကြည်ကြည်လင်လင်နဲ့ အိပ်ယာထနိုင်မှ တစ်နေကုန်လန်းဆန်းတက်ကြွနေမှာပါ။ မနက်ခင်းပိုင်းမှာ စိတ်အနှောက်အယှက်တခုခုနဲ့ ကြုံရပြီဆိုရင် တစ်နေကုန် စိတ်ကမလန်းဆန်းတော့ပါဘူး။ ဒါကြောင့် KWEE page ကနေ မနက်ခင်း အိပ်ယားနိုးတဲ့အချိန် မလုပ်သင့်သောအရာလေးတွေကို ဖော်ပြပေးသွားမှာပါ။

အိပ်ယာနိုးတာနဲ့ ဖုန်းကိုကိုင်တာ

Source: Brainy Dose

ယနေ့ခေတ်လူတော်တော်များများဟာ မနက်ခင်းမျက်စိနှလုံးပွင့်လာပြီဆိုတာနဲ့ အရင်ဆုံး ဖုန်းကို ရှာတော့တာပါပဲ။ တွေ့ပြီဆိုတာနဲ့ အင်တာနက်ပေါ်တက်ပြီး ဟိုကြည့်ဒီကြည့် လုပ်တက်ကြတယ်။ ဒီမှာ အချိန်တွေ မကုန်သင့်ပဲကုန်သွားတက်ပါတယ်။ အင်တာနက်ပေါ်မှာ စိတ်ဝင်စားစရာတွေ တခုပြီးတခု တက်လာတာကြောင့် အချိန်ကိုဂရုမစိုက်နိုင်တော့ဘဲ အလုပ်နောက်ကျတာ ကျောင်းနောက်ကျတာတွေ ဖြစ်တက်ပါတယ်။ ဒါ့ကြောင့် မနက်ခင်းအိပ်ယာနိုးတာနဲ့ ဖုန်းကြည့်တဲ့အလေ့အကျင့်ကို ဖျောက်ပေးပါ။

မျက်နှာမသစ်ဘဲ ရုပ်ရှင်ကြည့်ခြင်း

Source: Stocksy

တစ်ချို့လူတွေက အိပ်ယာနိုးတာနဲ့ မျက်နှာမသစ် သွားမတိုက်ဘဲ တီဗီရှေ့ထိုင်ပြီး အချိန်ဖြုန်းလေ့ရှိကြတယ်။ ဒါလည်း ကောင်းတဲ့အကျင့်မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့မနက်ခင်းဟာ တစ်နေ့တာလုံးအတွက် အရေးကြီးတဲ့အတွက်ကြောင့် ကိုယ့်အတွက် ကောင်းတဲ့အရာတွေ စိတ်ရွှင်လန်းစေမယ့်အရာတွေကို ရွေးချယ်ပြီး လုပ်ဆောင်ပေးသင့်ပါတယ်။

ကော်ဖီသောက်ခြင်း

Source: Freepik

တစ်ချို့လူတွေက မနက်ခင်းစောစောကော်ဖီသောက်လေ့ရှိကြတယ်။ လူတွေရဲ့ခန္ဓာကိုယ်ဟာ cortisol လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထုတ်လေ့ရှိတယ်။ ဒီဟော်မုန်းက လူတွေကို နိုးကြားနေစေပါတယ်။ ဒီအချိန်မှာ ကဖိန်းဓာတ် သောက်သုံးမယ်ဆိုရင် cortisol ဟော်မုန်းထုတ်လုပ်မူကို အနှောက်အယှက်ဖြစ်စေပါတယ်။ နောက်ပိုင်း အကျင့်ဖြစ်သွားရင် ခန္ဓာကိုယ်ကထုတ်တဲ့ ဟော်မုန်းအစား နိုးကြားနေစေဖို့ ကဖိန်းဓာက်ကို ပိုမိုမှီခိုသလို ဖြစ်သွားနိူင်ပါတယ်။ ဒါဟာလည်း ကောင်းတဲ့အချက်တော့မဟုတ်ပါဘူး။