ခရီးသွားခြင်းသည် စိတ်ဖိစီးမှုများကို ပြေလျော့စေပြီး စိတ်လက်အပန်းပြေစေတဲ့အပြင် ဒေသန္တရဗဟုသုတများလည်း တိုးပွားစေပါတယ်။ ခရီးမသွားဖြစ်ဘူးဆိုရင်တောင်မှ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်ခန့်တော့ သွားသင့်ပါတယ်။

ခရီးသွားကြတဲ့အခါမှာလည်း အဲ့ဒီကို ရောက်ရင် ဘာလုပ်မယ်ဆိုတာမျိုးကိုသာ စဉ်းစားတတ်ကြပါတယ်။ ကိုယ် ဘယ်လိုအချက်တွေကို မလုပ်သင့်ဘူးလဲဆိုတာကိုတော့ မေ့လျော့နေတတ်ကြပါတယ်။

ဒီဆောင်းပါးကို ဖတ်ပြီးသွားတဲ့အခါမှာတော့ ခရီးသွားတဲ့အခါ ရှောင်ကြဉ်ရမယ့်အချက်များကို သိရှိသွားမှာဖြစ်ပြီး ဘာ့ကြောင့် ရှောင်ကြဉ်သင့်သလဲဆိုတာလည်း သိရှိသွားပါလိမ့်မယ်။

ကမ္ဘာလှည့်ခရီးသွားများ အများဆုံးသွားလာတတ်ကြတဲ့နေရာတစ်ဝိုက်တွင် အစားအသောက် မဝယ်စားပါနဲ့

travel tips for men

ခရီးသွားများ အများဆုံးသွားလာတတ်ကြတဲ့ နေရာအနီးတစ်ဝိုက်တွင် စားသောက်ဆိုင်များရှိပါက ထိုစားသောက်ဆိုင်တွင် မစားရဘူးဆိုတာကို သင့်ရဲ့အစာအိမ်က နားလည်မှာမဟုတ်ပေမယ့် သင့်ရဲ့ပိုက်ဆံအိတ်ကတော့ တွင်တွင်ခေါင်းခါပြပါလိမ့်မယ်။ များသောအားဖြင့် ထိုနေရာတွေသည် ဈေးကြီးလွန်းလှပါတယ်။

ဖုန်းကိုပဲ အာရုံမစိုက်ပါနဲ့

travel tips for men

သင်သည် ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ်ချင်တာကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ ခရီးသွားနေတဲ့အချိန်သည် ပတ်ဝန်းကျင်သဘာဝအလှအပကို ခံစားရမှာဖြစ်တာကြောင့် ဖုန်းသုံးခြင်းကို လျော့ချဖို့လိုပါတယ်။ နောက်ထပ်အကြောင်းအရင်းတစ်ချက်ကတော့ သင့်ရဲ့ပတ်ဝန်းကျင်အပေါ်မှာ အာရုံမရှိတဲ့အခါ သင့်အတွက်လည်း အန္တရာယ်များလှပါတယ်။

အစားအစာအသစ်အဆန်းများ မြည်းဆန်းကြည့်ဖို့လည်း ဝန်မလေးပါနဲ့

travel tips for men

လှပတဲ့နေရာကို သွားရောက်လည်ပတ်တဲ့အခါ ထိုဒေသရဲ့အရသာရှိတဲ့ အစားအစာများကိုလည်း မြည်းစမ်းကြည့်သင့်ပါတယ်။ မမြည်းစမ်းဘူးဆိုရင်တော့ သင် တစ်ပန်းရှုံးပါလိမ့်မယ်။

လက်ဟန်ခြေဟန်ဖြင့် စကားပြောခြင်းကို ရှောင်ကြဉ်ပါ

travel tips for men

ကိုယ့်နိုင်ငံတွင်း ခရီးသွားရင်တော့ ကိစ္စမရှိပေမယ့် နိုင်ငံရပ်ခြားသို့ ခရီးထွက်မယ်ဆိုရင်တော့ ထိုနိုင်ငံအကြောင်းကို သေချာလေ့လာထားသင့်ပါတယ်။ သင် ပြုလုပ်မိလိုက်တဲ့ လက်ဟန်ခြေဟန်သည် သူတို့အတွက် ရိုင်းစိုင်းတဲ့လက်ဟန်ခြေဟန်မဖြစ်ဖို့အရေးကြီးပါတယ်။

မိမိရဲ့လုံခြံမှုကို လျစ်လျူရှုခြင်း

travel tips for men

သတိ ဝီရီယဆိုတာ ပိုတယ် မရှိပါဘူး။ အထူးသဖြင့် Adventure ခရီးထွက်တဲ့သူတွေဆို ပိုသတိထားသင့်ပါတယ်။ ကိုယ်က အလှပဆုံးဓာတ်ပုံရရှိဖို့ကိုသာ အာရုံစိုက်နေမယ်ဆိုရင် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားနိုင်တာတွေလည်း အများကြီးရှိပါတယ်။ ဒါ့ကြောင့် သင့်ရဲ့လုံခြုံရေးကို ပထမဦးစားပေးအနေနဲ့ ထားရှိသင့်ပါတယ်။

Source: Theadventurousfeet.com

Featured Image Source: Nbcnews.com