တချို့သောအရာလေးတွေက သေးသေးမွှားမွှားကိစ္စလေးတွေလို့ထင်ရပေမယ့် သင့်ရဲ့အချစ်ရေးအပေါ် အများကြီးသက်ရောက်မှုရှိစေပါတယ်။ လက်ဆောင်အကြီးကြီးတွေပေးမှမဟုတ်ပဲ နေ့စဉ်ဘဝမှာ လွယ်ကူရိုးရှင်းတဲ့အရာလေးတွေကလည်း သင့်တို့ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုမိုပျော်ရွှင်ရစေနိုင်ပါတယ်။ ဒါကြောင့်ဒီတခေါက်မှာတော့ အချစ်ရေးမှာကွီးတို့မမေ့ထားသင့်တဲ့ ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့အရာလေးတွေကို ပြောပြပေးလိုက်ပါတယ်။
(၁) မနက်ခင်း စာတိုလေးတွေပို့ပါ

Source : LovePanky
မနက်အိပ်ရာနိုးတဲ့အချိန်မှာ ကိုယ့်ချစ်သူဆီကနေ မောနင်းဆိုတဲ့ Sms စာတိုလေးကိုမြင်ချင်တဲ့ ဆန္ဒ ချစ်သူမိန်းကလေးတိုင်းမှာရှိပါတယ်။ ဒီလိုစာတိုလေးပို့တာက အိပ်ရာနိုးလို့မျက်လုံးပွင့်တာနဲ့ သူမကိုသတိရကြောင်း သူမကိုအလေးထားကြောင်း ဖော်ပြရာရောက်စေပါတယ်။ ဒါကြောင့် မနက်ခင်းတိုင်းမှာ ချစ်သူကောင်မလေးကို စာတိုလေးတွေပို့လိုက်ပါ။
(၂) သီချင်းဆိုပြပါ

ကွီးတို့ရဲ့ချစ်သူကောင်မလေးကို သီချင်းဆိုပြဖူးပါသလား။ ဂစ်တာလေးတီးပြီး ချစ်သူကောင်မလေးကို သီချင်းဆိုပြရတဲ့ အခိုက်အတန့်လေးကအရမ်းကို ကြည်နူးဖွယ်ကောင်းပြီး သင့်ချစ်သူကောင်မလေးရဲ့နှလုံးသားကို အရည်ပျော်သွားစေမှာသေချာပါတယ်။ ဒါကြောင့် ကြည်နူးဖွယ်ကောင်းတဲ့ အချစ်သီချင်းချိုချိုလေးတွေကို သူမအတွက် ဆိုပြလိုက်ပါနော်။
(၃) အမှတ်တရဖြစ်စရာလေးတွေပြန်ပြောပါ

Source : Pinterest
တစ်ခါတစ်လေမှာ ချစ်သူနှစ်ယောက်စကားပြောတဲ့အခါ ဘယ်ခေါင်းစဉ်ကိုပြောရမလဲ စဉ်းစားရခက်နေရင် သင့်တို့ရဲ့ ဖြတ်သန်းခဲ့တဲ့အတိတ်ကာလတွေဆီကို ပြန်သွားလိုက်ပါ။ သူမနှင့်ချစ်သူမဖြစ်ခင်က ပိုးပန်းခဲ့ရပုံတွေ ချစ်သူဖြစ်ခါစမှာ ကြုံတွေ့ခဲ့ရတဲ့အမှတ်တရအချိန်လေးတွေကို ပြန်ပြောကြည့်ပါ။ ကြည်နူးစရာကောင်းပြီး သင့်တို့နှစ်ဦးကြားမှာလည်း အချစ်တွေပိုတိုးလာစေမှာပါ။
(၄) လက်ဆောင်သေးသေးလေးတွေပေးပါ

Source : Moda Dergisi
ငွေကုန်ကြေးကျများတဲ့လက်ဆောင်ပစ္စည်းတွေမှမဟုတ်ပါဘူး နှင်းဆီပန်းလေးတစ်ပွင့် ဒါမဟုတ် သူမအတွက် ကိုယ်တိုင်ရေးစပ်ထားတဲ့ ကဗျာလေးတစ်ပုဒ် စသည်ဖြင့် လက်ဆောင်သေးသေးလေးတွေပေးခြင်းကလည်း သင့်တို့ချစ်သူနှစ်ဦးကြားက သံယောဇဉ်ကိုတိုးစေပြီး ကြည်နူးပျော်ရွှင်စရာကောင်းမှာသေချာပါတယ်။ မိန်းကလေးအများစုက ကိုယ်ချစ်သူပေးတဲ့ ဘယ်လိုလက်ဆောင်ပစ္စည်းကိုမဆို တန်ဖိုးထားပြီးလိုချင်ကြပါတယ်။ ဒါကြောင့် သင့်ချစ်သူကိုအမှတ်တရဖြစ်စေမယ့် လက်ဆောင်လေးတစ်ခုခုပေးဖြစ်အောင်ပေးလိုက်ပါ။
