စကားလုံးတွေရဲ့စွမ်းအားကကြီးလွန်းပါတယ်။ ချစ်သူနှစ်ကြားမှာ တစ်ချို့စကားလုံးတွေက ခိုင်မာတဲ့အချစ်ရေးကိုဖြစ်စေပေမယ့် တချို့သောစကားလုံးတွေကတော့ ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကိုပြတ်တောက်သွားသည်အထိ ပြင်းထန်နေတက်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ သင့်ချစ်သူကိုချစ်တယ်ဆိုရင် ဒီစကားတွေလုံးဝမပြောမိဖို့ အကြံပြုချင်ပါတယ်။
(၁) မရင့်ကျက်ဘူး

Source : Adelaide NLP
” အခုချိန်ထိမရင့်ကျက်သေးဘူး” ဆိုတဲ့စကားက ချစ်သူနှစ်ဦးကြားမှာ အနုတ်လက္ခဏာဆောင်တဲ့ စကားတစ်ခုဖြစ်ပါတယ်။ ကိုယ်အနေနဲ့ သူမကိုအမှန်တကယ်ကောင်းစေချင်တယ် ရင်ကျက်စေချင်တယ်ဆိုရင်တောင် နားလည်မယ့်စကားမျိုးနဲ့ ပြောဆိုဆုံးမသင့်ပါတယ်။ မရင့်ကျက်သေးဘူးလို့ပြောလိုက်ရင် ကောင်းဖို့ထက် သူမဘက်ကနေ အရွဲ့တိုက်ဖို့ ရာခိုင်နှုန်းပိုများသွားစေနိုင်ပါတယ်။
(၂) ငါ့အပေါ်ဘယ်တုန်းကကောင်းခဲ့လဲ

Source : iStock
ရန်ဖြစ်စကားများ စိတ်ဆိုးနေချိန်မှာ သုံးလေ့ရှိတဲ့စကားတစ်ခုပါ။ တကယ်တော့ စိတ်ဆိုးတုန်းပြောတာဆိုပေမယ့် တစ်ဖက်လူရဲ့ ရင်ထဲမှာတော့ သူကောင်းခဲ့တဲ့အရာတွေကို အသိမှတ်ပြုခြင်း လုံးဝမရှိဘူးလို့ သတ်မှတ်သွားနိုင်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ စိတ်ဆိုးဒေါသထွက်နေချိန်ဖြစ်ပါစေ ငါ့အပေါ်ဘယ်တုန်းကကောင်းခဲ့လဲ ဆိုတဲ့စကားမျိုးတော့ လုံးဝမပြောသင့်ပါဘူး။
(၃) မကျေနပ်ရင်လမ်းခွဲလိုက်

Source : Knowledia News
ပြဿနာဖြစ်တဲ့အချိန်မျိုးတွေမှာ မကျေနပ်ရင်လမ်းခွဲလိုက်ဆိုတဲ့စကားက ပြဿနာကိုပြေလည်သွားဖို့ လုံးဝမရှိနိုင်ပါဘူး။ ဒီစကားက တစ်ဖက်လူရဲ့ မာနနဲ့ ဒေါသကို ဆွပေးလိုက်ရာရောက်ပါတယ်။ ဒါကြောင့် ဘာကြောင့်ပဲဖြစ်ဖြစ် မကျေနပ်ရင်လမ်းခွဲလိုက်ဆိုတဲ့ စိန်ခေါ်မှုဆန်တဲ့စကားမျိုး မပြောမိဖို့ သတိပြုသင့်ပါတယ်။
(၄) မင်းမှားတာ

Source : Life 88.5
ကိစ္စတိုင်းမှာ သူ့အမှားကိုယ့်အမှားဆိုတာ ရှိတက်ပါတယ်။ ကိုယ်ဘက်ကကြည့်ရင် ကိုယ်မှန်နေသလို သူ့ဘက်ကကြည့်ရင်လည်းသူမှန်နေတာမျိုးလည်းရှိတက်ပါတယ်။ ဒါကြောင့် ကိုယ်ကပဲအမြဲမှန်နေတယ်လို့ တွေးလို့မရပါဘူး။မင်းမှားနေတာ မင်းအတွေးတွေမှားနေတာ စသည်ဖြင့် စကားတွေကို ကိုယ်ဘက်ကတစ်ဖက်သတ်ပြောတဲ့အခါ တစ်ဖက်လူအနေနဲ့လည်း စိတ်ပျက်သွားနိုင်ပါတယ်။ ကိစ္စတစ်ခုက မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ်တစ်ဖက်သတ်ဆုံးဖြတ်ချက်ကိုပဲ ဦးစားပေးလို့မရဘူးဆိုတာ သိထားဖို့လိုပါတယ်။
