စကားလုံးများက အစွမ်းထက်ပါတယ်။ စကားလုံးတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်သလို ရှိနေတဲ့ဆက်ဆံရေးကိုတောင်ဖျတ်ဆီးနိုင်ပါတယ်။ သင်ကချစ်သူ (သို့) အိမ်ထောင်ရှိတဲ့သူဆိုရင် သင်တို့နှစ်ယောက်ကြားကဆက်ဆံရေးမှာမပြောဘဲရှောင်ရှားသင့်တဲ့ စကားလုံးတွေရှိပါတယ်။ ဒါက သင်တို့ရဲ့ဆက်ဆံရေးကိုပိုဆိုးအောင်လုပ်နိုင်လို့ပါ။ ဒါဆိုအောက်မှာဖတ်ကြည့်လိုက်ပါဦး။

(၁) အပြစ်တင်မစောပါနဲ့

Source : Freepik

တကယ်တော့ ဘယ်ဆက်ဆံရေးမှာမဆို အပြစ်တင်ခြင်းကအသုံးမဝင်သလို အထောက်အကူလဲမဖြစ်စေပါဘူး။ အပြစ်တင်လိုက်တဲ့အခါ သင်တို့နှစ်ယောက်ကြားကဆက်သွယ်မှုကိုပိုဝေးသွားစေသလို စိတ်ဆိုးဒေါသဖြစ်နိုင်ပါ တယ်။ အဲ့ဒီအစား သင့်အိမ်ထောင်ဘက်(သို့) ချစ်သူကို သူဆန္ဒကဘာလဲဆိုတာမေးမြန်းပါ။ ဒါမှမဟုတ် အမှားနဲ့ပတ်သတ်ပြီး ဘာ့ကြောင့်မလုပ်သင့်လဲ သေချာရှင်းပြပါ။

(၂) မဝေဖန်ပါနဲ့

Source : Istock

ဝေဖန်တာက ချစ်သူတွေကြား ဒါမှမဟုတ် အိမ်ထောင်သည်တွေကြားမှာ ပြတ်စဲမှုကိုဖြစ်စေတဲ့အကြောင်းအရင်း တွေထဲကတခုလို့တောင်ဆိုပါတယ်။ သင့်ပါတနာရဲ့အားနည်းချက်ကိုဝေဖန်မယ့်အစား အပြုသဘောနဲ့သင်လုပ် ဆောင်လိုတဲ့အရာကိုရှင်းပြပါ။ မင်းကိုယ့်ကို ဘာမှမကူညီနိုင်ဘူးလို့ပြောမယ့်အစား မင်းကူညီနိုင်ရင်တော့ပိုကောင်းမှာပဲ စသဖြင့်ပြောလို့ရပါတယ်။

(၃) ရန်ဖြစ်တိုင်းပြတ်မယ် မပြောပါနဲ့

Source : Freepik

ကွာရှင်းမယ်တို့ ပြတ်မယ်တို့ဆိုတာ စုံတွဲတွေစကားများရန်ဖြစ်ကြတဲ့အခါ သုံးလေ့ရှိကြပါတယ်။ ဒီစကားကိုသုံးတာက တဖက်ကိုပိုဒေါသထွက်စေပြီး နာလဲနာကျင်စေသလို သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုပါ မရေမရာဖြစ်စေနိုင်ပါတယ်။ အဲ့ဒီအစား သင့်ရဲ့ခံစားချက်နဲ့ သင့်ချစ်သူကိုဘယ်လိုဖြစ်စေချင်လဲဆိုတာသေချာရှင်းပြပါ။ သင်အရမ်းစိတ်ဆိုးနေရင်လဲ စိတ်ပြေအောင်ခနနားလိုက်ပြီးမှ စကားစပြန်ဆက်ပါ လျစ်လျူရှူထားတာမျိုးမလုပ်ပါနဲ့။

(၄) မရှင်းပြဘဲ ဘာမှမဟုတ်ပါဘူးလို့မပြောပါနဲ့

Source : Goalcast

စုံတွဲတွေကြား ဘာမှမဟုတ်ပါဘူးဆိုတဲ့စကားက တဖက်ကိုသံသယများစွာနဲ့ နှစ်ဦးကြားကဆက်ဆံရေးကို အေးစက်သွားအောင် အစွမ်းထက်ပါတယ်။ နောက်ဆက်တွဲကတော့ ဆက်ဆံရေးအဆက်ပြတ်လာတာ၊ စိတ်ရှုပ်စိတ်ပျက်လာတာထိဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ပါတနာကိုအကြောင်းတစုံတခုနဲ့ပတ်သတ်လု့ိ ချက်ချင်းရှင်းမပြချင်ရင်တောင် အချိန်ခနပေးဖို့ပြောပါ နောက်မှပြန်ရှင်းပြလိုက်ပါ။