လက်ရှိ အကျပ်အတည်းကာလမှာ အသုံးစရိတ်ကိုတက်နိုင်သလောက် ထိန်းချုပ်သင့်ပါတယ်။ အကျပ်အတည်းကာလဖြစ်တာနဲ့အညီ လူတိုင်းလိုလို ငွေကြေးနဲ့ပတ်သတ်ပြီး အခက်အခဲလေးတွေရှိတက်ကြတာတော့ အမှန်ပါ။ ဒါကြောင့် သင့်အနေနဲ့ တစ်လတစ်လဝင်ငွေတွေကို အလဟာသက်မဖြစ်စေဖို့ ထိန်းသိမ်းသင့်ပြီး အောက်ပါအရာတွေအတွက် ငွေကုန်ကျခံခြင်းကိုရှောင်သင့်ပါတယ်။

(၁) အဝတ်အစားဝယ်ခြင်း

Source : Freepik

လက်ရှိအချိန်မှာ အိမ်ထဲမှာပဲနေရတာဖြစ်တဲ့အတွက် အဝတ်အစားအသစ်ဝယ်ဖို့ဆိုတာ တကယ်တော့ မလိုအပ်သေးဘူးလို့ပြောလို့ရပါတယ်။ ဒီအချိန်မှာ အဝယ်အစားအသစ်တွေဝယ်တာဟာ မလိုအပ်ပဲ ငွေဖြုန်းနေခြင်း သက်သက်သာဖြစ်ပါတယ်။ဒါကြောင့် အွန်လိုင်းရှော့ပင်တွေကနေ အဝတ်အစားအသစ်တွေ ဝယ်တာမျိုး ရှောင်သင့်ပါတယ်။

(၂) လောင်းကစားလုပ်ခြင်း

Source : Casino.Buzz

အကျပ်အတည်းကာလမှာ အပိုငွေလေးရအောင်လောင်းကစားလုပ်ကြည့်မယ်လို့ ယောင်လို့တောင် စိတ်မကူးမိပါစေနဲ့။ လောင်းကစားလုပ်တယ်ဆိုတာ အနိုင်ထက် အရှုံးက ပိုများပါတယ်။ အရှုံးနဲ့ကိုယ်ငွေအရင်းလေးပြန်ရအောင် လိုက်ရင်းလိုက်ရင်း ပြုတ်ပြုတ်ပြုန်းသွားကြသူတွေလည်း လောင်းကစားလောကမှာ အများကြီးပါ။ဒါကြောင့် လက်ရှိအချိန်မှာ ဘယ်လိုလောင်းကစားနည်းကိုမှ မစမ်းသပ်သင့်ပါဘူး။

(၃) အပြင်စာတွေမှာစားခြင်း

Source : istock

အိမ်အရောက်ပို့ပေးတဲ့ Food Delivery တွေကနေတဆင့် အစားအစာတွေမှာစားခြင်းကိုလည်း လက်ရှိအခြေအနေမှာ အနည်းငယ်ထိန်းချုပ်ထားသင့်ပါတယ်။ အခုအချိန်မှာ အကောင်းဆုံး အိမ်မှာပဲ အဟာရရှိတဲ့အစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်စားသင့်တာဖြစ်ပါတယ်။ အပြင်စာတွေအမြဲမှာစားတာက ငွေကုန်ကျပိုများသလို ကျန်းမာရေးအတွက်လည်း ရာနှုန်းပြည့်စိတ်ချရဖို့ မဖြစ်နိုင်ပါဘူး။

(၄) တန်ဖိုးကြီးပစ္စည်းတွေဝယ်ယူခြင်း

Source : Startstop

လက်ရှိမှာ ငွေကုန်ကြေးကျများတဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုလည်း မဝယ်ယူသင့်သေးပါဘူး။ ဥပမာအားဖြင့် နောက်ဆုံးပေါ် စမတ်ဖုန်းတွေ နည်းပစ္စည်းတွေ ကား အိမ်ခြံမြေ စသည်ဖြင့်ပေါ့။ အကျပ်အတည်းကာလမှာ ငွေအလုံးအရင်းနဲ့ ကုန်ကျရမယ့် အရာတွေကို ခဏလောက်ထိန်းချုပ်ပြီးနေသင့်ပါတယ်။