တစ်ခါတစ်လေ ဘဝမှာဘာကြောင့်လိုအပ်ချက်တွေများနေရတာလဲ အခုထိငါမအောင်မြင်ရသေးတာ ဘာကြောင့်လဲလို့တွေးဖူးကြမှာပါ။တကယ်တော့ သင့်ဘဝကိုအောင်မြင်မှုနဲ့ ဝေးကွာနေဖို့ သင်ကိုယ်တိုင်ဟန့်တားထားတဲ့အရာတွေရှိနေလို့ပါ။ဘယ်လိုအဟန့်အတားတွေလဲဆိုတာ ဖတ်ကြည့်ရအောင်။

(၁) ဆင်ခြေများနေခြင်း

Source : Shutterstock

ဆင်ခြင်ဆိုတာ အရှုံးသမားတွေရဲ့ လက်သုံးစကားတစ်ခုပါ။ တကယ်ကြိုးစားချင်တဲ့သူတွေအတွက်ဆော့ ဆင်ခြေဆိုတာမရှိသလို သူတို့ကို ရပ်တန့်သွားအောင် ဟန့်တားလို့လည်းမရနိုင်ပါဘူး။ဆင်ခြေဆိုတာ ကိုယ့်ကိုယ်ကို အပြစ်ကနေ ကာကွယ်ဖို့သုံးတဲ့ ခက်ညံ့ညံ့စကားလုံးတွေပါ။

(၂) ရွေ့ဆိုင်းခြင်း

Source : CareerAddict

ကိုယ်လုပ်ရမယ့် တာဝန်တစ်ခုကို ပြီးပျက်အောင်မလုပ်ပဲ နေ့ရွှေ့ညရွှေ့ ရွှေ့ဆိုင်းနေမယ်ဆိုရင် ပြီးမြောက်အောင်မြင်ခြင်းဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ စောသေးတယ် အချိန်ရပါသေးတယ်ဆိုတာ တကယ်တော့ ပျင်းရိတဲ့စိတ်ကြောင့် ဖြစ်လာတဲ့ဆင်ခြေတွေပါ။ ကိုယ်လုပ်ရမယ့်အရာကို ပြီးမြောက်အောင်လုပ်တက်တဲ့အကျင့်မရှိသ၍တော့ အောင်မြင်ဖို့တာ ဝေးနေအုန်းမှာပါ။

(၃) ကြောက်စိတ်များနေခြင်း

Source : 123RF.com

ကြောက်စိတ်က ဘဝမှာအောင်မြင်သင့်သလောက် မအောင်မြင်အောင် ဟန့်တားနေတဲ့ အတားအဆီးတစ်ခုဖြစ်ပါတယ်။ဘယ်အရာမဆို အခက်အခဲဆိုတာရှိပါတယ်။ ကျရံှုးမှုတွေလည်း ကြုံရနိုင်ပါတယ်။ဒီလိုအရာတွေကိုကြောက်ပြီး ချီတုန်ချတုန်ဖြစ်နေရင် မအောင်မြင်ရုံပဲရှိမှာပါ။တစ်ခါတစ်လေမှာ အမြင်နဲ့ပဲဆုံးဖြတ်လို့မရတဲ့အရာတွေရှိပါတယ်။တကယ်လက်တွေ့လုပ်ဆောင်ကြည့်မှ သိမှာဖြစ်တာကြောင့် ကြောက်စိတ်တွေလျော့ပြီးလက်တွေ့လုပ်ကြည့်ပါ။

(၄) လက်လျော့မိခြင်း

Source : NewsLinQ

တစ်ကြိမ်နှစ်ကြိမ်လဲကျရုံနဲ့ သင်ဟာ လုံးဝရှုံးနိမ့်သွားပြီလို့ သတ်မှတ်လို့မရပါဘူး။ သင်ဒူးမထောက်မသ၍ ရံှုးနိမ့်မှုဆိုတာလည်း မရှိလာနိုင်ပါဘူး။ တော်တော်များများက ဘဝမှာကျရှုံးခြင်းတွေကြုံလာတိုင်းလက်လျော့ အရှုံးပေးလိုက်ကြလို့သာ အောင်မြင်မှုကို မရခဲ့ကြတာပါ။ ကမ္ဘာတစ်လွှားအောင်မြင်နေတဲ့သူတိုင်းက အကြိမ်ကြိမ်ရှုံးနိမ်မှုတွေကို သင်ခန်းစာယူပြီး ဇွဲရှိခဲ့ကြလို့ ထိုက်တန်တဲ့အောင်မြင်မှုကိုရနေကြတာပါ။ဒါကြောင့် လွယ်လွယ်လက်မလျော့ပါနဲ့။