ဘဝမှာ ဘယ်လောက်ပဲ ရည်မှန်းချက်ကောင်းတွေရှိနေပါစေ တစ်ခါတစ်လေ လမ်းပျောက်နေပြီ ၊ ကိုယ့်ကိုယ်ကိုပျောက်ဆုံးနေပြီလို့ ခံစားရတဲ့အချိန်တွေ ရှိတက်ကြပါတယ်။ ဒါဟာ သင်တစ်ယောက် တည်းမဟုတ်ပါဘူး။ သင့်အနေနဲ့ ဒီလို ဘဝမှာကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့အခါ အခုပြောပြမယ့်အချက်လေးတွေလုပ်ဆောင်ကြည့်ဖို့ အကြံပြုပါရစေ။

(၁) စိတ်ခံစားချက်ကိုထိန်းချုပ်ပါ

Concentrated caucasian man with bristle and long hair meditating on a yoga carpet on the floor at home

Source : Freepik

လူတစ်ယောက်မှာ စိတ်ခံစားချက်ကအရမ်းကို အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေပြီလို့ ခံစားရတဲ့အချိန်မျိုးမှာ အရာအားလုံးက အပျက်သဘောဆောင်တဲ့ ခံစားမှုကိုသာ ဖြစ်စေပါတယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်ပဲ စိတ်၏စေရာလွတ်ထားလိုက်ရင် အဆိုးဆုံးတွေပဲ ကြုံတွေ့ခံစားနေရမှာပါ။ ကိုယ့်ရဲ့ အတွေးတွေနှင့် ခံစားချက်တွေကို ထိန်းချုပ်နိုင်သူမှာ မိမိကိုယ်တိုင်သာဖြစ်တယ်ဆိုတာကို နားလည်လက်ခံထားဖို့လို ပါတယ်။

(၂) ကျန်းမာတဲ့အလေ့အထတွေလုပ်ဆောင်ပါ

Young man in sportswear an exercise class in a gym

Source : Freepik

စိတ်ခံစားမှုမကောင်းတဲ့အချိန်မှာ ကျန်းမာတဲ့အလေ့အထတွေကို များများပိုလုပ်သင့်ပါတယ်။ အချိန်မှန်မှန်အစားစားတာ ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ ၊ အိပ်ရေးဝဝအိပ်စက်တာ ၊ စာအုပ်ဖတ်တာ ၊ အပြင်ဘက်လမ်းလျောက်ထွက်တာ ၊ ဆိုရှယ်မီဒီယာလျော့သုံးတာစသည်ဖြင့် သင့်ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်အလေ့အထတွေမှာ ကျန်းမာရေးနဲ့ညီညွတ်စေမယ့် ပြောင်းလဲမှုတွေ အရင်ထက်ပိုလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

(၃) ကိုယ့်ကိုယ့်ကိုဆန်းစစ်ပါ

Creating new song. serious inspired guy in clear glasses being involved in creation process while writing down notes

Source : Freepik

သင့်ဘဝမှာ ဘာလိုချင်လဲဆိုတာသိဖို့ သင်ကိုယ်သင်ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘဝမှာ အမှန်တကယ်ဖြစ်ချင်တဲ့ရည်မှန်းချက်က ဘာလဲ ၊ ကိုယ်လျောက်ချင်တဲ့လမ်းက ဘာလဲ ၊ ဘယ်အရာတွေက သင့်ကိုပျော်ရွှင်စေလဲ ၊ စိတ်ကျေနပ်မှုရစေလဲ ဆိုတာစာအုပ်မှာချရေးထားပါ။ ကိုယ့်ဘဝရည်မှန်းချက်တွေနဲ့ပတ်သတ်ပြီး ဖြတ်သန်းခဲ့တဲ့တစ်လျောက်မှာ ဘယ်လောက်ထိ ခရီးပေါက်ခဲ့ပြီးပြီလဲ ၊ ရှုံးနိမ့်မှုတွေကနေ ဘယ်လိုသင်ခန်းစာယူမလဲ ၊ ရှေ့ဆက်ပြီးသင်ဘာတွေဆက်လုပ်သွားနိုင်လဲဆိုတာ ကွဲကွဲပြားပြားသိရင် ကိုယ့်ကိုယ်ကိုပျောက်ဆုံးနေကနေ ပြန်လည်ရှာတွေ့နိုင်ပါလိမ့်မယ်။

(၄) အသစ်သစ်သောအရာတွေစမ်းလုပ်ကြည့်ပါ

Man driver feeling the wind through his hands while driving in the country side

Source : Freepik

ဘဝမှာ ပြောင်းလဲမှုနဲ့အတွေ့အကြုံအသစ်တွေရဖို့ ကိုယ်မလုပ်သေးတဲ့အရာတွေကို Try ကြည့်သင့်ပါတယ်။ တစ်ခါမှမထိုင်ဖူးသေးတဲ့ ကော်ဖီဆိုင်အသစ်မှာ တစ်ယောက်တည်းသွားထိုင်တာမျိုး ၊ မလုပ်ဖူးသေးတဲ့ အားကစားအသစ်အဆန်းတစ်ခုလုပ်ကြည့်တာမျိုး ၊ တစ်ယောက်တည်း မြို့တစ်ပတ် ကားမောင်းထွက်တာမျိုး ၊ မဆုံတာနှစ်ချီနေပြီဖြစ်တဲ့ သူငယ်ချင်းနဲ့ ချိန်းတာမျိုးစသည်ဖြင့် ပုံမှန်လုပ်နေကျမဟုတ်တဲ့ အသစ်သစ်သောအရာတွေလုပ်ဆောင်ခြင်းက သင့်စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်လာစေမှာဖြစ်ပါတယ်။