ပျော်ရွှင်ဖွယ်ကောင်းတဲ့နေ့သစ်တစ်နေ့ကို ပိုင်ဆိုင်နိုင်ဖို့အတွက် အရေးကြီးဆုံးကတော့ အိပ်ရာနိုးထတဲ့အချိန်ပဲဖြစ်ပါတယ်။ အိပ်ရာနိုးထတဲ့အချိန်မှာ လန်းဆန်းတက်ကြွနေမယ်ဆိုရင်တော့ တစ်နေ့တာလုံးတက်ကြွလန်းဆန်းနေမှာပဲဖြစ်ပါတယ်။ တစ်နေ့လုံးလန်းဆန်းတက်ကြွဖို့အတွက် အိပ်ရာနိုးနိုးချင်းမှာ မပြုလုပ်သင့်တဲ့အပြုအမူတစ်ချို့ရှိပါတယ်။ ထိုအပြုအမူများကို ရှောင်ကြဉ်နိုင်ဖို့အတွက် အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

နှိုးစက်ကြောင့် အိပ်ရာနိုးလာသော်လည်း တစ်ရေးပြန်အိပ်ခြင်း

Source: medium.com

၇ နာရီ Alarm ပေးထားလို့ Alarm မြည်ပြီးတဲ့နောက်မှာ ၅ မိနစ်လောက် ပြန်အိပ်လိုက်ဦးမယ်ဆိုပြီး ပြုမူတတ်တဲ့အကျင့်ရှိရင် အခုကတည်းက ဖျောက်ဖျက်ပစ်သင့်နေပါပြီ။ ဒီလို ၅ မိနစ်၊ ၁၀ မိနစ်ခန့် ပြန်အိပ်ခြင်းက သင့်ကို အိပ်ရေးဝစေမှာ မဟုတ်တဲ့အပြင် ခေါင်းကြည်တော့မှာမဟုတ်ပါဘူး။ အခန့်မသင့်ရင် ရုံးလည်းနောက်ကျနိုင်ပါသေးတယ်။

အိပ်ရာနိုးပြီးနောက် ရေမချိုးခြင်း

Source: topsimages.com

မနက်ခင်းမှာ ရေချိုးခြင်းက သင့်ကို လန်းဆန်းတက်ကြွစေပြီး ကြုံတွေ့ရတဲ့ ပြဿနာများကို လွယ်လွယ်ကူကူဖြေရှင်းနိုင်မယ့် ဟော်မုန်းများကို ထုတ်လုပ်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရှိရပါတယ်။

ရေနွေးနဲ့ ရေချိုးခြင်း

Source: bestplumbing.com.au

မနက်ခင်းစောစောမှာ ရေနွေးနဲ့ရေချိုးခြင်းက ကောင်းတဲ့အလေ့အကျင့်တစ်ခုမဟုတ်ပါဘူး။ ရေနွေးနဲ့ ရေချိုးပြီးသွားရင် အိပ်ရာထဲ ချက်ချင်းပြန်ကွေးချင်စိတ်ပေါက်လာပါလိမ့်မယ်။ ဒါ့ကြောင့် ရေအေး (သို့) ရိုးရိုးရေနဲ့ပဲ ရေချိုးပေးပါ။ ရေအေးနဲ့ ရေချိုးမယ်ဆိုရင် အသားအရေစိုပြေနေစေပြီး တစ်နေကုန်လန်းဆန်းတက်ကြွနေပါလိမ့်မယ်။ ဒါ့အပြင် ရေအေးနဲ့ နေ့စဉ်မှန်မှန်ရေချိုးပေးခြင်းက ကိုယ်အလေးချိန်ကို ကျစေပါတယ်။

မိမိဖုန်းကို စစ်ဆေးခြင်း

Source: amendo.com

တချို့လူတွေက အိပ်ရာထတာနဲ့ ဖုန်းတန်းဖွင့်ပြီး ဖေ့ဘုတ်သုံးလေ့ရှိကြပါတယ်။ တချို့တွေကျတော့ အီးမေးလ်တွေ စစ်ဆေးလေ့ရှိပါတယ်။ ဒီအလေ့အကျင့်တွေကို တတ်နိုင်သမျှရှောင်ကြဉ်ပေးပါ။ အလုပ်အီးမေးလ်တွေကို လုပ်ငန်းခွင်ရောက်မှ စစ်ဆေးပေးပါ။ နို့မဟုတ်ရင် မနက်စောစောစီးစီးမှာ စိတ်ရှုပ်စရာတွေနဲ့ ကြုံတွေ့ရင် တစ်နေကုန်ပျော်ရွှင်နေမှာ မဟုတ်တော့ပါဘူး။

မနက်စာ စားပြီးပြီးချင်း သွားတိုက်ခြင်း

Source: shawsmiles.com

သွားကျန်းမာရေးကို ဂရုစိုက်ဖို့ကတော့ အရေးကြီးပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း တချို့လူတွေက ဂရုစိုက်လွန်သွားတတ်ကြပါတယ်။ မနက်စာတစ်ခုတည်းမဟုတ်ပါဘူး။ ဘာအစားအစာပဲ စားစား စားပြီးပြီးချင်း သွားမတိုက်ပါနဲ့။ အစား စားပြီးပြီးချင်းသွားတိုက်ခြင်းက သွားဖုံးနဲ့ သွားကြွေလွှာတွေပျက်စီးသွားတတ်ပါတယ်။ ဒါ့ကြောင့် အစား စားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ တကယ်လို့ သွားတိုက်ချင်တယ်ဆိုရင် မိနစ် (၃၀) လောက်စောင့်ပြီးမှ သွားတိုက်ရပါမယ်။