ယာဉ်အန္တရာယ်ဟာ မဆင်ခြင်သူတွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ အမှတ်တမဲ့ လုပ်မိတဲ့ အပြုအမှုတစ်ခုကြောင့် အသက်အန္တရာယ်အထိ ထိခိုက်နိုင်တာတွေ ရှိပါတယ်။ ဒါကြောင့် ကားထဲ ရောက်တာနဲ့ အခုပြောမယ့် အပြုအမှုတွေ မလုပ်သင့်ပါဘူး။

(၁)နားကြပ်နဲ့ သီချင်းနားထောင်ရင်း ကားမောင်းတာ

Source: Wheels24

ကားမောင်းနေချိန် ပျင်းလို့ သီချင်းဖွင့်ချင်တယ်ဆိုရင် အသံသိပ်မကျယ်စေဘဲ ဖွင့်ပြီး မောင်းသင့်ပါတယ်။ တစ်ချို့ကတော့ နားကြပ်တပ် သီချင်းနားထောင်ပြီး ကားမောင်းတာတွေ ရှိပါတယ်။ နားကြပ်တပ်ပြီး ကားမောင်းနေမယ်ဆိုရင် အပြင်က အသံတွေ မကြားနိုင်တာကြောင့် အရေးအကြောင်းဆို ဒုက္ခရော်သွားနိုင်ပါတယ်။ အလားတူပဲ သီချင်းကို အကျယ်ကြီး ဖွင့်ပြီး ကားမောင်းတာကလည်း အာရုံပျက်ပြီး ဘေးသင့်နိုင်ပါတယ်။

(၂) အစာစားရင်း ကားမောင်းတာ

Source: theday.com

ကားပေါ်မှာ အနေများသူတွေဟာ ကားပေါ်မှာ အစားအသောက် စားတာတွေ လုပ်လေ့ရှိပါတယ်။ ဒါဟာ မျက်လုံးကို ကားနဲ့ လမ်းပေါ် အာရုံစိုက်မှု ကျဆင်းစေတာကြောင့် ဘေးအန္တရာယ်ကို လက်ယပ်ခေါ်နေသလို ဖြစ်တတ်ပါတယ်။

(၃) မလိုအပ်တဲ့ ပစ္စည်းတွေ ကားထဲ ပြည့်နေတာ

Source: autoevolution

ကားတစ်စင်းထဲမှာ ပစ္စည်းတွေ ထိုးထည့်တင်လာရင် မတော်တဆဖြစ်ချိန်မှာတောင် အရေးပေါ် ထွက်ရပြုရခက်သလို ရေသန့်ဘူးလိုဟာမျိုး ဘရိတ်တံအောက်ရောက်နေရင် အသက်ပါ ဆုံးရှုံးနိုင်ပါတယ်။

(၄) ကားထဲ ရန်ဖြစ်ခြင်း

Source: shutterstock

ကားထဲမှာ ပြဿနာတစ်ခု ဖြေရှင်းနေရပြီဆိုရင် အန္တရာယ် အတော်ကြီးပါတယ်။ ဒေါသအလျောက် ပေါက်ကွဲပြီး ကားမောင်းတဲ့အပေါ် အာရုံမရှိတော့တာကြောင့် အက်ဆီဒင့်အဖြစ်များပါတယ်။ အမေရိကန်တစ်နိုင်ငံတည်းမှာပဲ ကားအက်ဆီးဒင့်ရဲ့ ထက်ဝက်ကျော်ဟာ ရန်ဖြစ်ပြီး ကားမောင်းတာကြောင့်လို့ဆိုပါတယ်။

(၅) ကားထဲ လိင်ဆက်ဆံခြင်း

Source: Unsplash

ဒါဟာ ကျင့်ဝတ်အရလည်း မဖွယ်မရာ ဖြစ်သလို ဥပဒေနဲ့လည်း ငြိစွန်းနိုင်တဲ့အမှု ဖြစ်ပါတယ်။