တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားတာ အလွန်မြန်ပါတယ်။ ရက်၊ လ၊ နှစ်တွေ ကုန်တာ သေချာပြန်တွေးကြည့်လိုက်ရင် ကုန်ဆုံးတာ တကယ်မြန်ပါတယ်။ မကြာခဏဆိုသလို လူတွေက အရေးကြီးတဲ့ ကိစ္စတွေကို မလုပ်မိဘဲ ရှိနေတက်ကြပါတယ်။ ဒီအရာတွေအတွက် နောတတွေ ရတက်ကြပါတယ်။

ဒီနေ့ kwee page ကလူတွေ မကြာခဏဆိုသလို လုပ်ဖို့မေ့နေတက်ကြပြီး နှစ်တွေကြာလာမှ နောင်တရတက်တဲ့ အရာတွေအကြောင်း ပြောပြပေးသွားမှာပါ။

အနှောက်အယှက်ဖြစ်တဲ့ အချစ်ရေးရှိခြင်း

Source: The Ladies Coach

လူတော်တော်များများဟာ အထီးကျန်တာကို မလိုလားတဲ့အတွက်ကြောင့် relationship တခုတည်ထောင်ဖို့ ကြိုးစားတက်ကြပါတယ်။ relationship ကောင်းတခုတည်ဆောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ လူတော်တော်များများက မပျော်တဲ့ စိတ်ညစ်ရတဲ့ relationship ထဲမှာနစ်မြုပ်နေတက်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အထီးကျန်တာကို ကြောက်ကြလို့ပါပဲ။

ဒါပေမယ့် နောက်နှစ်တွေကြာလာတဲ့အချိန်မှာတော့ အဆင်မပြေတဲ့ relationship တွေရှိခဲ့မယ့်အစား တစ်ယောက်တည်းနေတာက ပိုပြီးကောင်းတယ်ဆိုတာကို သိလာကြတယ်။

ချစ်ရတဲ့လူတွေကို အချိန်အနည်းငယ်သာပေးခြင်း

Source: FirstCry Parenting

လူတွေဟာ နေ့စဉ်အသက်ရှင်နေထိုင်နိုင်ဖို့အတွက် တစ်နေကုန်ရုန်းကန်လှုပ်ရှားကြရတယ်။ ဒီလိုမျိုး အလုပ်မှာလည်းအလုပ်လုပ်ရတယ်၊ အိမ်ပြန်ရောက်တော့လည်း အိမ်အလုပ်လုပ်ရတယ် စသဖြင့် တစ်နေ့တာအချိန်တွေကို အလုပ်တာဝန်တွေနဲ့ ကုန်ဆုံးရတာကြောင့် ကိုယ်ချစ်ရတဲ့လူတွေကို ပေးရတဲ့အချိန်က အနည်းငယ်ပဲကျန်တော့တယ်။

ကိုယ်ချစ်တဲ့လူတွေကို အချိန်တွေအများကြီးပေးခဲ့ရင်ကောင်းမယ်ဆိုတဲ့အသိက နှစ်တွေကြာလာပြီး သူတို့တွေမရှိကြတော့တဲ့အချိန်မှ နားလည်သဘောပေါက်လာကြတယ်။ ကိုယ်ချစ်တဲ့ လူတွေကို အချိန်ပေးပါ။

အချိန်ဖြုန်းခြင်း

Source: Screenagers

တီဗီကြည့်တာ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ စကားပြောတာ၊ ဖုန်းဂိမ်းဆော့တာ အစရှိတာတွေက မျှော်လင့်ထားတာထက် ပိုပြီးအချိန်တွေအများကြီးအသုံးပြုရပါတယ်။ ဒီကုန်ဆုံးသွားတဲ့အချိန်တွေကို ကိုယ့်အတွက်တိုးတက်ရာတိုးတက်ကြောင်း ဖြစ်တဲ့ ဘဝအတွက်အသုံးဝင်မယ့် အရာတွေကို လေ့လာသင်ယူဖို့ အသုံးချမယ်ဆိုရင် အလွန်တန်ဖိုးရှိပါတယ်။

ကျန်းမာရေးကို ဂရုမစိုက်ခြင်း

Source: Telegraph India

လူတော်တော်များများက စားချင်တာကို စားပစ်လိုက်တာပဲ။ ကျန်းမာရေးနဲ့ ညီညွတ်လားဆိုတာကို မစဉ်းစားတော့ဘူး။ တစ်ချို့တွေကြတော့ ကျန်းမာရေးနဲ့ မညီညွတ်တာကို သိပေမယ့် စားလိုက်တာပဲ။ ဒီလိုကျန်းမာရေးကို ဂရုမစိုက်ဘဲနေခြင်းက အလွန်ဆိုးရွားတဲ့ အလေ့အကျင့်လို့ပြောရမှာပါ။ စားနေတုန်း တစ်နှစ် နှစ်နှစ်တော့ ကျန်းကျန်းမာမာရှိပေမယ့် နှစ်တွေကြာလာတဲ့အချိန်မှာ ခန္ဓာကိုယ်ကျန်းမာရေး ချွတ်ယွင်းလာပါလိမ့်မယ်။ ဒီအချိန်ရောက်မှ အရင်ကတည်းက ကျန်းမာရေးကို ဂရုစိုက်ခဲ့ရင် ကောင်းမှာပဲဆိုတဲ့ အသိတွေ ဝင်လာတက်ပါတယ်။ ကျန်းမာခြင်းဟာ လာဘ်တပါး ပါပဲ။

ခရီးမထွက်ခြင်း (သို့) ခရီးထွက်နည်းခြင်း

Source: Expert Vagabond

ငယ်ရွယ်တဲ့အချိန်မှာ ခရီးမထွက်ခြင်းက ကြီးလာတဲ့အချိန်မှာ နောင်တရမယ့် ပထမဆုံး အရာတခုဖြစ်လာပါလိမ့်မယ်။ ပိုက်ဆံမရှိဘူးဆိုတဲ့ အကြောင်းပြချက်ဟာ တကယ်တော့လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်ပါဘူး။ ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို ခရီးသွားဖို့အတွက် စုဆောင်းထားမယ်ဆိုရင် တစ်နှစ်ကို အနည်းဆုံးတော့ ခရီးစဉ် တစ်ခု (သို့) နှစ်ခုလောက် သွားလို့ရပါတယ်။ သန်တုန်းမာတုန်းမှာ ကိုယ်သွားနိုင်သလောက် ခရီးတွေ သွားထားပါ။

အလုပ်အလွန်အကျွံ လုပ်ခြင်း

Source: Deprolabs

တစ်ချို့လူတွေက သူတို့ရဲ့ ဘဝတစ်ခုလုံးကို အလုပ်ထဲမှာပဲ မြုပ်နှံထားတက်ကြတယ်။ အလုပ်ဆိုတာ မလုပ်ဘဲနေလို့ မဖြစ်သလို အလုပ်အရမ်းလုပ်ခြင်းဟာလည်း ကောင်းတဲ့အချက်မဟုတ်ပါဘူး။ အလုပ်က အရေးကြီးတာ မှန်ပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို အနားပေးပြီး အပန်းဖြေဖို့ကိုလည်း မေ့ထားလို့မရပါဘူး။