ဖုန်းချင်းအတူတူ Android နဲ့ iOS တွေက ဈေးချင်း အပြတ်ကွာပါတယ်။ ဈေးကြီးတဲ့ iPhone ကိုင်ဆောင်သူတွေအဖို့ ကိုယ်ကိုင်တဲ့တန်ဖိုးကြီးဖုန်းတစ်လုံးကို လွယ်လွယ်နဲ့ မပျက်စီးရအောင် အခုပြောမယ့်အချက်တွေ ရှောင်ကြဉ်သင့်ပါတယ်။

(၁) Third party charger သုံးခြင်း

Photo; Readers’ Digest

Apple က ထုတ်မထားတဲ့ တခြား charger သုံးပြီး iPhone အားသွင်းတာက ဖုန်းနဲ့ ဘက်ထရီသက်တမ်းကို ကျဆင်းစေနိုင်ပါတယ်။ ဘက်ထရီအားသွင်းရာမှာလည်း Overcharge ဖြစ်နိုင်လို့ အန္တရာယ်လည်း များပါတယ်။ဒါကြောင့် iPhone အားသွင်းမယ်ဆိုရင် Original ကြိုးနဲ့ဖြစ်ဖြစ် Apple Charging Cord ပဲဖြစ်ဖြစ် သုံးတာ အကောင်းဆုံးပါပဲ။

(၂) Protective Case မသုံးခြင်း

Photo; Readers’ Digest

iPhone တွေက Glass Body နဲ့ လာလို့ မတော်တဆလွတ်ကျသွားရင် ပြဿနာအကြီးကြီး တက်သွားနိုင်ပါတယ်။ iPhone ပြင်ရတဲ့ စရိတ်စကကလည်း မနည်းမနောပဲ မဟုတ်လား။ ဒီတော့ iPhone ဝယ်ရင် တခါတည်း Protective Case ကောင်းတစ်စုံပါ ဝယ်သုံးသင့်ပါတယ်။

(၃) လွန်ကဲတဲ့အပူချိန်အောက် iPhone ထားခြင်း

Photo; Readers’ Digest

သင်ကိုင်တဲ့ iPhone ကို ကလေးငယ်တစ်ယောက်လို သဘောထားဆက်ဆံပါ။ သိပ်အေးလွန်း ပူလွန်းတဲ့ နေရာမျိုးမှာ မထားမိပါစေနဲ့။ တိုက်ရိုက်နေရောင်ခြည်အောက်တို့ အေးခဲနေတဲ့ အခြေအနေတို့မှာ ဖုန်းထားတာမျိုး ရှောင်ကြဉ်ပါ။ ဖုန်းသက်တမ်း ကြာကြာမခံဘဲပျက်စီးနိုင်လို့ ဖြစ်ပါတယ်။

(၄) iCloud မှာ အချက်အလက် Backup မထားခြင်း

Photo; Readers’ Digest

iPhone သုံးပြီဆိုရင် အချက်အလက်လုံခြုံဖို့ iCloud ထဲမှာ Backing Up သိမ်းထားတာ အကောင်းဆုံးပါ။ ဖုန်းပျက်သွားရင်တောင် ဖုန်းထဲက အချက်အလက်တွေကို ပြန်ဆည်ထားနိုင်မှာ ဖြစ်ပါတယ်။ iCloud Backup ထားခြင်းအားဖြင့် အချိန်ကုန်သက်သာပြီး အသုံးလည်း ဝင်မှာပါ။

(၅) Updates မလုပ်မိခြင်း

Photo; Readers’ Digest

ဖုန်းလုံခြုံရေးနဲ့ Bugs ပြဿနာတွေ ရှင်းနိုင်ဖို့ iPhone Updates တွေ ပုံမှန်လုပ်ပေးသင့်ပါတယ်။ iPhone မှာ ပါတဲ့ Updates တွေက စမတ်ဖုန်းကို ဟက်ကာတွေနဲ့ အန္တရာယ်ရှိတဲ့ Bots တွေကနေ ကာကွယ်နိုင်တဲ့ Patches တွေ ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ ဒီနည်းနဲ့ iPhone လုံခြုံရေးကို ဆော့ဖ်ဝဲလ် Update တွေကနေ တစ်ဆင့် ပုံမှန်ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၆) Apps တွေ ပိတ်ဖို့ မေ့ခြင်း

Photo; Readers’ Digest

iPhone သုံးသူတချို့ဟာ Apps တွေ ဖွင့်ပြီးရင် ပြန်ပိတ်ချဖို့ မေ့နေတတ်ကြပါတယ်။ apps မပိတ်ဘဲ နောက်ထပ်နောက်ထပ် Apps တွေ ဆက်ဖွင့်ရာကနေ နောက်ကွယ်မှာ Apps တွေ Run တာ ဖြစ်လို့ ကြာလာတာနဲ့အမျှ ဖုန်းက နှေးလာတတ်ပါတယ်။

(၇) ဖုန်းမပိတ်ဘဲ ပိုးသတ်ပုဝါ သုံးခြင်း

Photo; Readers’ Digest

Disinfecting Wipes တွေကတော့ သုံးသင့်ပါတယ်။ ဒါပေမယ့် Apple Gadgets တွေ သုံးတော့မယ်ဆိုရင် Clorox Disinfecting Wipes နဲ့ တစ်ခြားပိုးသတ်ပစ္စည်းတွေ သုံးနိုင်ပါတယ်။ ဒါပေမယ့် အရင်ဆုံး ဖုန်းကို စက်ပိတ်ထားပါ။ ပြီးရင် အားသွင်းပေါက်တွေမှာ အစိုဓါတ်ရှိမရှိ အရင်စစ်ဆေးပြီးမှ သုံးသင့်ပါတယ်။