ဘဝအတွေ့အကြုံတွေက ကျွန်တော်တို့ကို အချစ်ဆိုတဲ့ အနက်ရှိုင်းဆုံးနဲ့ထင်ရှားတဲ့ခံစားချက်အကြောင်းအများကြီးပြောပြနိူင်ပါတယ်။ relationship တစ်ခုကို နှစ်ပေါင်းများစွာထိန်းသိမ်းဖို့က ခက်ခဲတာမှန်ပေမယ့် တစ်ချို့ရိုးရှင်းတဲ့ အချက်တွေက relationship ကြာရှည်ခိုင်မြဲအောင် စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။

ဒီနေ့တော့ kwee page ကဘဝတစ်လျှောက်လုံး အတူတူဖြတ်သန်းခဲ့ကြတဲ့ စုံတွဲတစ်ချို့ရဲ့ အကြံပေးစကားတွေကို ဖော်ပြပေးသွားမှာပါ။

အမြဲတမ်းအဖွဲ့ဖြစ်နေရမယ်

အခြေအနေတွေက ကောင်းသည်ဖြစ်စေ ဆိုးဝါးသည်ဖြစ်စေ နှစ်ယောက်သားအတူတကွ ဖြေရှင်းရပါမယ်။ ဒါကသင့်ရဲ့ အမြင်ကိုပြောင်းလဲဖို့လိုအပ်တာဆိုတာကို ဆိုလိုခြင်းလည်းဖြစ်ပါတယ်။ အရာရာတိုင်းကို တစ်ယောက်ထဲအမြင်နဲ့မကြည့်ဘဲ စုံတွဲအနေနဲ့ ရှု့မြင်ဖို့လိုအပ်ပါတယ်။

ပျော်ပျော်နေဖို့ကြိုးစားပါ

အတူတူရယ်မောပျော်ရွှင်ခြင်းက ခက်ခဲတဲ့အချိန်တွေမှာ ကျော်ဖြတ်နိုင်အောင် ကူညီပေးပါတယ်။ ပြီးတော့ relationship ကိုလည်းခိုင်မြဲစေပါတယ်။ နှစ်ယောက်သားအတူတူ ပျော်ရွှင်ဖွယ်ရာတွေကို ဖန်တီးယူကြဖို့လိုအပ်ပါတယ်။

စကားများတာက ပုံမှန်ပါပဲ

နှစ်ယောက်ကြားမှာ တင်းမာမှုတွေက ရှောင်လွဲလို့မရပါဘူး။ ဒီလိုအချိန်မှာ သင့်ပါတနာရဲ့အမြင်ကို နားလည်အောင်ကြိုးစားပြီး လက်ခံသင့်တာကို လက်ခံရပါတယ်။ ကိုယ့်ရဲ့ဒေါသစိတ်ကြောင့် တန်ဖိုးရှိတဲ့ relationship တခုကို အပျက်အစီးမခံပါနဲ့။ အပြန်အလှန်လေးစားမှုဆိုတာ လိုအပ်ပါတယ်။

comfort zone ကိုထားခဲ့ပါ

စိန်ခေါ်မှုတွေရင်ဆိုင်ဖို့အတွက် comfort zone ကိုထားခဲ့လိုက်ပါ။ နှစ်ယောက်တူတူ မလုပ်ဖူးတဲ့ အရာတခုခု (သို့) သင်တို့ကို အံ့သြသွားစေမယ့် အရာတခုခုကို လုပ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းဖြင့် သင်တို့နှစ်ယောက်ကြားက သံယောဇဉ်က ပိုမိုခိုင်မာသွားစေပါတယ်။

စိန်ကအရေးမကြီးဘူး

ကိုယ်ချစ်ရတဲ့သူဆီကရတဲ့ ဘယ်လိုလက်ဆောင်ပဲဖြစ်ဖြစ် တန်ဖိုးရှိပါတယ်။ ဈေးနှုန်းကအဓိကမဟုတ်ပါဘူး။ တကယ်နှလုံးသားထဲက ပေးချင်တဲ့စိတ်ဆန္ဒကသာ အရေးကြီးတာပါ။ လက်ဆောင်ကလက်ဆောင်ပါပဲ။ ဒါပေမယ့် ခံစားချက်က မတူညီကြဘူး။

သူငယ်ချင်းတွေက အကောင်းဆုံး တရာသူကြီးတွေမဟုတ်ဘူး

ကိုယ့်ချစ်ရတဲ့သူနဲ့ပက်သတ်လာပြီးတော့ ဆုံးဖြတ်ချက်တွေချရတော့မယ်ဆိုရင် သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေဆီကနေ အကြံဉာဏ်တွေ မယူမိပါစေနဲ့။ သူတို့မှာ ဘဝအပေါ်မြင်တဲ့ မတူညီတဲ့ အမြင်တွေကိုယ်စီရှိကြပါတယ်။ မိမိရဲ့ခံစားချက်အပေါ်လိုက်ပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်ဖို့ အကြံပေးချင်ပါတယ်။

တစ်ယောက်အပေါ်တစ်ယောက် ဂရုစိုက်ပါ

အခြားလူတစ်ယောက်ယောက်ကို ချစ်ရတယ်ဆိုတာ ကိုယ့်ရဲ့အစိတ်အပိုင်းတခုကို ပေးပစ်လိုက်ရသလိုပါပဲ။ ဒါကတော့ ဂရုစိုက်ခြင်းပဲဖြစ်ပါတယ်။ ကိုယ်တန်ဖိုးထားပြီး ချစ်ရတဲ့သူအပေါ် ဂရုစိုက်ဖို့ လိုအပ်သလို သူလိုအပ်နေတာကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။

Source: Bright Side