ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ ကြွက်သားပင်ပန်းနွမ်းနယ်တဲ့ဒဏ်ရာကြောင့် နောဝစ်ချ်နဲ့ပွဲကို လွဲချော်ခဲ့တဲ့ ကွန်တေရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

N'Golo Kante

Photo: The Chelsea Chronicle

ကွန်တေဟာ နောဝစ်ချ်အသင်းနဲ့ ပွဲစဉ်မတိုင်မီ အသေးစားကြွက်သားဒဏ်ရာပြဿနာရရှိနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိနေတာမဟုတ်ပေမယ့် တူဟယ်က အမှတ်ပေးဇယားအောက်ခြေကအသင်းနဲ့ပွဲမှာ ပြင်သစ်ကြယ်ပွင့်ကို အရဲစွန့်မသုံးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ချဲလ်ဆီးနည်းပြ တူဟယ်က ကွန်တေအနေနဲ့ ချက်ချင်းနီးပါး ပြန်လည်ကစားပေးတော့မှာကို ပရိသတ်တွေအနေနဲ့ မြင်တွေ့ရတော့မယ်လို့ ထပ်မံ အာမခံ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ပွဲစဉ်က အရမ်းစောလွန်းခဲ့တယ်။ သူက သောကြာနေ့မှာ လေ့ကျင့်ရေးအပြည့်ဆင်းခဲ့ပြီး လေ့ကျင့်ရေးအပြီးမှာ သူ့ရဲ့ ကြွက်သားတွေက နည်းနည်း တင်းနေသလို ခံစားရတယ်လို့ ပြောခဲ့ပါတယ်”

Chelsea Training

Photo: Weain’tgotnohistory

“သူ အနှိပ်ခံဖို့အတွက် ကိုယ်ခန္ဓာကုထုံးပညာရှင်ဆီသွားခဲ့ပြီး သူ ဆုံးဖြတ်ချက်ဖို့အတွက် စနေနေ့ မနက်အထိ စောင့်ဆိုင်းချင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ မရဘူး။ မနက်ဖြန်ပွဲက တော်တော်စောတယ်။ အပြောင်းအလဲ ဖြစ်နိုင်ခြေက အရမ်းမမြင့်ဘူးလို့ ပြောခဲ့တယ်”

“ကျွန်တော်က မင်း အချိန်ယူလိုက်ပါလို့ ပြောခဲ့ပြီး တစ်ရက်လောက် အရမ်းစောလွန်းသွားခဲ့တာတစ်ခုပါပဲ။ တကယ်လို့ ပွဲက တနင်္ဂနွေနေ့သာဆိုရင် သူ ကစားပါလိမ့်မယ်။ အဲဒီတော့ သူက အခု အင်္ဂါနေ့ နယူးကာဆယ်နဲ့ပွဲအတွက် အပြည့်အဝ ပါဝင်ကစားပေးနိုင်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

Feature Photo: Eurosport