အောင်မြင်တဲ့သူတွေနဲ့ မအောင်မြင်တဲ့သူတွေကြားမှာ အတွေးအခေါ်နဲ့ ခံယူချက်တွေကအစ အများကြီးကွာခြားပါတယ်။ ဒီနေ့ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ ဘဝမှာအောင်မြင်မှုမရတဲ့ သူတွေအမြဲတွေးလေ့ရှိတဲ့ အတွေးတွေအကြောင်းပါ။ စာဖတ်သူဟာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အခုလိုအတွေးမျိုးတွေကို လုံးဝမတွေးမိဖို့ အကြံပြုလိုပါတယ်။
(၁) အချိန်ရှိပါသေးတယ်
Source : The Mirror
ဘာပဲလုပ်လုပ် အချိန်ရှိပါသေးတယ်ဆိုတဲ့အတွေးက ကိစ္စတိုင်းကိုနှောင့်နှေးကြန့်ကြာသွားဖို့ ရာခိုင်နှုန်းပိုများပါတယ်။ အချိန်ရှိသေးတာပဲ ဆိုပြီးကိုယ်လုပ်ရမယ့် တာဝန်တွေကို ပြီးမြောက်အောင်မလုပ်ပဲ နေလိုက်ခြင်းက တစ်နည်းအားဖြင့် အချိန်ဖြုန်းလိုက်တာပါပဲ။
(၂) လုပ်နိုင်မှာမဟုတ်ပါဘူး
Source : UC San Francisco
ကိစ္စတစ်ခုကို အမြင်နဲ့ တင်ဆုံးဖြတ်လို့မရနိုင်ပါဘူး။ အလုပ်တစ်ခုကို မလုပ်ကြည့်ပဲ ငါလုပ်နိုင်မှာမဟုတ်ဘူးလို့ ကောက်ချက်ချတာဟာ လွယ်လွယ်နဲ့ အရှုံးပေးလိုက် တာဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် လုပ်နိုင်မှာမဟုတ်ဘူးဆိုတာမျိုးမတွေးပဲ ငါလုပ်နိုင်တယ် အကောင်းဆုံးလုပ်မယ်ဆိုတာမျိုးပဲ တွေးသင့်တာပါ။
(၃) ကံဆိုးလိုက်တာ
Source : iStock
လူတိုင်းလူတိုင်းဘဝမှာ အဆင်မပြေမှုတွေ အခက်အခဲတွေဆိုတာရှိပါတယ်။ ရုန်းကန်မှုတွေ အခက်အခဲတွေကြုံလာတိုင်းမှာ ကံတရားကိုပဲအပြစ်ပုံချပြီး စိတ်ဓာတ်ကျနေရင် အောင်မြင်တဲ့ရလဒ်တစ်ခုဘယ်တော့မှမရနိုင်ပါဘူး။ အခက်အခဲတွေရှိလာရင်တောင် ကံကိုအပြစ်မတင်ပဲ ဖြေရှင်းရမယ့်နည်းကိုသာ ရှာဖွေပြီးအကောင်းဆုံးဆက်လုပ်သင့်တာဖြစ်ပါတယ်။
(၄) အခွင့်အရေးရလာမှာပါ
Source : Dreamstime
အခွင့်အရေးဆိုတာ သူ့အလိုလိုကိုယ်စီရောက်တာတက်တာမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင်ရှာဖွေရင်းကနေမှ အခွင့်အရေးကောင်းတွေဆိုတာ ရလာတာပါ။ အခွင့်အရေးရလာတဲ့ အထိထိုင်စောင့်နေရင် ရှိရင်းစွဲအခြေအနေက တိုးတက်ဖို့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ငါ့အတွက် အခွင့်အရေးကောင်းလေးတစ်ကြိမ်တော့ရလာမှာပါဆိုတာမျိုးမတွေးပဲ အခုချက်ချင်းပဲငါ့ကိုစောင့်နေတဲ့ အခွင့်အရေးကို တွေ့အောင်ရှာမယ်ဆိုတာမျိုးကို လုပ်သင့်ပါတယ်။