“သင့်အတွေးအတိုင်းပဲ ဖြစ်လာမှာ” ဆိုတဲ့ စကားရှိပါတယ်။ အတွေးတွေဟာ ယုံကြည်ချက်တွေ ဖြစ်လာပြီး ယုံကြည်ချက်တွေဟာ လုပ်ဆောင်ချက်တွေ ဖြစ်လာတာပါပဲ။ အောင်မြင်ချင်ရင် ကိုယ့်ယုံကြည်ချက်ကိုယ် သေချာစောင့်ရှောက်ဖို့ လိုမှာပါ။ အခုပြောမှာက သင့်ကို အောင်မြင်အောင် တွန်းတင်ပေးနိုင်တဲ့ စွမ်းအားမြင့် ယုံကြည်ချက်တစ်ချို့အကြောင်းပါပဲ။

(၁) ငါ ဒီထက် ပိုကောင်းအောင် လုပ်နိုင်တယ်

Photo: Freepik

အမြဲတမ်း ပိုပိုပြီး ကောင်းမွန်မြင့်မားတဲ့ အလုပ်နဲ့ ရလဒ်တွေနောက် လိုက်တဲ့သူဟာ အထက်ကို ရောက်ပါတယ်။ ဝတ်ကုန်တန်းကျေ နေ့စဉ်ဘဝကို ဖြစ်သလို ဖြတ်သန်းနေသူကတော့ ဒုံရင်းထက် မပိုတဲ့ဘဝမှာပဲ နေရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရှေ့ကို နေ့တိုင်း ခြေတစ်လှမ်းပြီး တစ်လှမ်းတိုးသွားတဲ့သူဟာ တစ်နေ့ အောင်မြင်မယ့်သူပါပဲ။

(၂) ငါ့အတွက် အခွင့်အလမ်းတွေ ရှိတယ်

Photo: Freepik

ကိုယ့်မှာ အောင်မြင်မှုနောက် လိုက်ဖို့ ထိုက်သင့်တဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိတယ်လို့ ယုံကြည်ထားသူဟာ ကြိုးစားရင်း ရှေ့ရောက်သွားမှာပါ။ ဘဝမှာ မျှော်လင့်ချက်တွေ ရှိထားပြီး အဲ့ဒီမျှော်လင့်ချက်တွေကို အခွင့်အလမ်းအဖြစ် ပြောင်းနိုင်သူတွေဟာ တကယ်ထူးခြားတဲ့သူတွေ ဖြစ်ပါတယ်။

(၃) ကြိုးစားရင် ဖြစ်မယ်

Photo: Freepik

ဇွဲလုံ့လနဲ့ မဆုတ်မနစ် ကြိုးစားရင် ဖြစ်မယ်လို့ ပြတ်ပြတ်သားသား ယုံကြည်လက်ခံထားသူအတွက် သူသွားလိုတဲ့ ပန်းတိုင်ဆီကို မရောက်အောင် ဘာတွေကမှ တားလို့ မရပါဘူး။ အခက်အခဲတွေ ကြုံတိုင်း ငါကြိုးစားရင် ဖြစ်မှာပဲဆိုတဲ့ ယုံကြည်ကိုးစားစိတ်နဲ့ ရှေ့ဆက်လျှောက်တဲ့သူတွေဟာ အဆုံးမှာ အောင်မြင်မှုဆီ အမြဲ‌ရောက်ပါတယ်။ ဒီလိုလူတွေအတွက် အောင်မြင်မှုဆိုတာ တကယ်လည်း ထိုက်တန်လို့ ဖြစ်ပါတယ်။