ယောကျ်ားတစ်ယောက်ရဲ့ရင်ခွင်ဟာ အမျိုးသမီးတွေအတွက် အားကိုးစရာလုံခြုံမှုပေးနိုင်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ရင်အုပ်ကြွက်သားတွေ သန်မာခန့်ညားနေတဲ့အမျိုးသားဖြစ်ဖို့ လေ့ကျင့်ခန်းတွေပြုလုပ်ပေးဖို့တော့ လိုတာပေ့ါ။
အဆင့်(၁)
Source: Fitness Volt
ကိုယ်နဲ့အဆင်ပြေမယ့် ဝိတ်တုံးနှစ်တုံးကိုယူလိုက်ပါ။ မတ်တတ်အနေအထားနဲ့ ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားလိုက်ပါ။ ခါးကို ၉၀ဒီဂရီ ကုန်းပြီး ဝိတ်တုံးကိုင်ထားတဲ့လက်နှစ်ဖက်ကို အောက်ကိုချလိုက်ပါ။ ထိုအနေအထားမှ လက်နှစ်ဖက်ကိုဖြေးညှင်းစွာ အပေါ်ကိုဆွဲတင်ပေးပါ။ ခန္ဓာကိုယ်ရဲ့အားတွေကို ရင်အုပ်မှာစုထားပေးပါ။
အဆင့်(၂)
Source: Muscle & Performance
ရင်အုပ်ကြွက်သားတွေ ကျစ်လစ်တောင့်တင်းဖို့အတွက် ကိုယ်နဲ့သင့်တော်တဲ့ ဝိတ်တုံးနှစ်တုံးတော့လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကိုမတ်တတ်အနေအထားဖြင့် ခြေထောက်နှစ်ဖက်ကို သင့်တော်ရုံအကွာအဝေးချဲထားပါ။ လက်နှစ်ဖက်မှာ ဝိတ်တုံးကိုကိုင်ထားပြီး ဘေးဘက်ဆီသို့ ဆန့်တန်းလိုက်ပါ။ နောက်ဖြေးညှင်းစွာ လက်ကိုရှေ့ရင်ဘတ်ရှေ့သို့ ဆွဲယူပေးပါ။
အဆင့်(၃)

ရင်အုပ်ကြွက်သားတွေ သန်မာတောင့်တင်းဖို့အတွက် ရိုးရှင်းတဲ့လေ့ကျင့်ခန်းတစ်ခုကတော့ ဒိုက်ထိုးတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒိုက်ထိုးတဲ့အခါမှာ ပုံမှန်အတိုင်းမလုပ်ဆောင်ဘဲ နည်းနည်းဆန်းပြားတဲ့ပုံစံမျိုးနဲ့ လေ့ကျင့်ဖို့လိုပါတယ်။ ပထမလက်နှစ်ဖက်ကို ပုံမှန်အတိုင်းထားပြီး ဒိုက်ထိုးရမှာဖြစ်ပါတယ်။ ဒုတိယအနေနဲ့ လက်နှစ်ဖက်ကိုယှက်ပြီးထောက်ကာ ဒိုက်ထိုးရမှာဖြစ်ပါတယ်။


