အိုင်ဒီယာကောင်းတစ်ခုကနေ အစပျိုးပြီး ဒေါ်လာ မီလျံ ၊ ဘီလျံနဲ့ ချီပြီး တန်ဖိုးရှိတဲ့ startup တစ်ခု တည်ထောင်ချင်တဲ့ အိပ်မက်ရှိပါသလား။ တိုးတက်ချင်တဲ့ လူငယ်အများစုကတော့ ရိုးရိုးကြီး ဝန်ထမ်းလုပ်ရမှာထက် စာရင် ကိုယ်ခြေကိုယ့်လက်နဲ့ ဖန်တီးနိုင်တဲ့ ၊ နောက်ပြီး ကိုယ့်အစွမ်းအစအလိုက် ထိပ်ဆုံးကို ရောက်နိုင်မယ့် လုပ်ငန်းရှင်ဘဝကို ပိုမက်ကြမှာပါ။

ဒီဘက်ခေတ် စီးပွားရေးလောကမှာ startup ဆိုတဲ့ စကားအသုံးအနှုန်းကတော့ မကြားဖူးသူ ရှားအောင် ကျော်ကြားတဲ့ စကားဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်က အောင်မြင်တဲ့ startup ကို ပြပါဆိုရင် ကိုယ်ထင်ထာတာထက်ကို နည်းနေတာ တွေ့ရမှာပါ။
Startup တွေ မအောင်မမြင် ဖြစ်ရတဲ့ အကြောင်းအမျိုးမျိုး ရှိပါတယ်။ ဒီလိုပဲ အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ အကြောင်းတရားတွေလည်း ရှိကြပါတယ်။ ဒီထဲကမှ အခြေခံအကျဆုံး အကြောင်းရင်းတွေ စစ်ထုတ် လိုက်မယ်ဆိုရင် ၃ ချက်ပဲ ရှိပါတယ်။

(၁) Skillsets

Photo: Pexels

ကိုယ်ပိုင် လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်သူတွေမှာ ထူးခြားတဲ့ အရည်အချင်းတစ်ခု အနည်းဆုံး ရှိသင့်ပါတယ်။ အတတ်ပညာအနေနဲ့ ကျွမ်းကျင်မှုအပြင် လူမှုဆက်ဆံရေးနဲ့ ခေါင်းဆောင်မှု စွမ်းရည်လို Soft Skills တွေလည်း တတ်ကျွမ်းထားဖို့ လိုပါတယ်။ ကျွမ်းကျင်မှုပဲ ဖြစ်ဖြစ် အရည်အသွေးပဲဖြစ်ဖြစ် လုပ်ယူလို့ ရပါတယ်။ ပိုအရေးကြီးတာက ကိုယ့်ရဲ့ စွမ်းရည်နဲ့ အားသာချက်တွေကို ဘယ်လိုနေရာတွေမှာ သုံးလို့ရသလဲ ဆိုတာကို သိမြင်နိုင်ခြင်းပါပဲ။ ဒီအတွက် မပြတ်စူးစမ်းဖော်ထုတ်နေဖို့ အရေးကြီးပါတယ်။

(၂) Passion

Photo: Pixabay

တစ်နေ့ အောင်မြင်ရမယ်ဆိုပြီး ပြင်းထန်နိုးကြားနေတဲ့ ဆန္ဒရှိဖို့ လိုပါတယ်။ ဒီဆန္ဒဟာ အင်ဂျင်တစ်လုံးလို သင်သွားမယ့် လမ်းကြောင်းကို မောင်းနှင်တွန်းခုတ်ပေးနေအောင် လောင်စာအပြည့်နဲ့ အားကောင်းနေဖို့လည်း လိုပါတယ်။ကိုယ့်ရည်မှန်းချက်ကို တည့်တည့်မတ်မတ်ရောက်အောင် ပဲ့ကိုင်ခြင်းနဲ့ အစီအမံချခြင်းကတော့ ဉာဏ်ပညာနဲ့ အတွေ့အကြုံကို အသုံးချနိုင်ခြင်းပေါ် မူတည်ပါတယ်။ ဒီလို အလုပ်ဖြစ်စေဖို့ ကိုယ်လုပ်မယ့်အရာပေါ် ပြင်းပြင်းထန်ထန်တပ်မက်တဲ့ Passion မဖြစ်မနေ ရှိရမှာပါ။

(၃) Generalist

Photo: Unsplash

ဘာသာရပ်တစ်ခုတည်းမှာ ကျွမ်းကျင်ပြီး ကျန်တဲ့ နယ်ပယ်အကြောင်း နကန်းလုံးဝ မသုံးဘူးဆိုရင်လည်း မဟုတ်သေးပါဘူး။ အောင်မြင်တဲ့ လူတိုင်းဟာ Specialist ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
တူတာတစ်ခုက သူတို့ဟာ ပတ်ဝန်းကျင်ကို စိတ်ဝင်စားပြီး လူတွေရဲ့ ယေဘုယျသဘာဝကို သိအောင် လေ့လာနေတဲ့သူတွေပါ။ ကဏ္ဍစုံမှာ တီးခေါက် ကျွမ်းဝင်မှု ရှိခြင်းဟာ အရေးပါတဲ့ Skill တစ်ခုဖြစ်ပါတယ်။
ဒီ Skill ကပဲ ကိုယ်တည်ထောင်တဲ့ Startup မှာ ကြုံရမယ့် အခက်အခဲတွေနဲ့ ပြဿနာတွေကို သုံးသပ်ဖြေရှင်းရာမှာ သူများနဲ့ မတူတဲ့ အဖြေမျိုး ထုတ်ပေးနိုင်မှာပါ။