ကြုံသမျှကို အကောင်းမြင်တဲ့ စိတ်အခံနဲ့ ဖြတ်သန်းနိုင်ခြင်းဟာ ထူးခြားတဲ့ ပါရမီလို့ ထင်ကြပါလိမ့်မယ်။ အကောင်းမြင်စိတ်ဆိုတာ လူတိုင်းမှာ အနည်းနဲ့အများဆိုသလို ရှိတတ်ကြပါတယ်။ ပိုကောင်းတဲ့ စိတ်အခံနဲ့ မြင်နိုင်အောင် လေ့ကျင့်တဲ့သူကတော့ အကောင်းမြင်စိတ်ထက်သန်သူ ဖြစ်လာတာပါပဲ။
ကိုယ့်ကိုယ်ကို ပိုပြီး အကောင်းမြင်တတ်သူတစ်ယောက် ဖြစ်လာအောင် လေ့ကျင့်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ပိုမိုရင့်ကျက်ပြည့်ဝလာပြီး ပိုကောင်းတဲ့ ဘဝအမြင်နဲ့ နေနိုင်သူ ဖြစ်လာမှာပါ။ အကောင်းမြင်စိတ် ဖွံ့ဖြိုးဖို့အတွက် ဘယ်လို စတင်ရမလဲ မသိရင် ဒီအဆင့်လေးတွေ လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
(၁) သဘောထားပြောင်းနိုင်တယ်ဆိုတာ သိထားပါ
Photo: Freepik
မေယာအန်ဂျလို ပြောခဲ့ဖူးတာ ရှိပါတယ်။ “သင်တစ်ခုခုကို မကြိုက်ဖူးဆိုရင် အဲ့ဒါကို ပြောင်းလိုက်ပါ။ အဲ့ဒီအရာကို မပြောင်းလဲနိုင်ရင် သင့်သဘောထားကို ပြောင်းလိုက်ပါ”တဲ့။ အကောင်းမြင်မှုကို သဘောထားအဖြစ် ပြောင်းဖို့အတွက် ကိုယ့်စိတ်သဘောထားကို ပြောင်းလဲလို့ ရတယ်ဆိုတာ သိထားပါ။
သင့်ခေါင်းဟာ သူ့ဆီ ရောက်လာတဲ့ သဘောထားအကြောင်း မက်ဆေ့တိုင်းကို လက်ခံပါတယ်။ အပျက်သဘောဆောင်တဲ့ သဘောထားတွေ ဆိုရင်လည်း အဆိုးမြင်တဲ့ တွေးခေါ်မှုပုံစံတွေ ထုတ်ပေးပါတယ်။ အကြောင်းမြင်တဲ့ ဘက်က လှည့်ကြည့်တဲ့ အကျင့်နဲ့ စကြည့်ရင်လည်း ကောင်းတဲ့ဘက်ကို ဦးလှည့်ပြီး ဖော်ပြပေးသွားမှာပါ။
(၂) လက်တွေ့ကျပါစေ
Photo: Freepik
ပစ္စုပ္ပန်ကျကျ နေနိုင်အောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်တဲ့ အကျင့်လုပ်ထားဖို့ လိုပါတယ်။ အကောင်းမြင်ခြင်းဆိုတာ ခဏချင်းလေးတွေမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ သင့်ကိုယ်သင် ပြောပြနေတာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို ပျော်ရွှင်စေနိုင်တဲ့ တကယ့်အရာက ပစ္စုပ္ပန်မှာ နေထိုင်တာ ဖြစ်ပါတယ်။
(၃) ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့ အကျင့်လုပ်ပါ
Photo: Freepik
ကိုယ့်ကိုယ့်ကို ချစ်တယ်ဆိုတာ အတ္တကြီးတာ မဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ ကိုယ့်ကိုယ်ကို ချစ်တတ်ခြင်းဆိုတာ ကိုယ့်ကိုယ်ကို စိတ်ရော လူပါ ဒုက္ခရောက်စေမယ့် အရာတွေနဲ့ ဝေးအောင် နေတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အပြစ်တင်မိမယ့်အလုပ်တွေ မလုပ်တော့ဘူး။ ဒါကြောင့် သူများကိုလည်း ထိခိုက်အောင် မလုပ်ဖြစ်တော့ဘူး။ တွေးတိုင်း စိတ်ချမ်းသာရအောင် နေထိုင်လုပ်ကိုင်သွားတယ်။
အဓိပ္ပါယ်မရှိတဲ့ အကောင်းမြင်မှုမျိုးလည်း မလုပ်တော့ဘူး။ အဓိပ္ပါယ်မရှိတဲ့ အကောင်းမြင်ခြင်းဆိုတာ အရာအားလုံးကို လက်မံချင်လည်း လက်ခံလိုက်တာမျိုး ပါ။ တစ်နည်းနည်းနဲ့ ကိုယ့်ကိုယ်ကို လှည့်ဖျားတာမျိုး ဖြစ်ပါတယ်။ ရိုးသားတဲ့ အပြုသဘောအမြင်ဟာ မကောင်းတဲ့အရာကို မကောင်းမှန်းသိပြီး အဲ့ဒီလို သိတဲ့အရာပေါ်မှာ အကောင်းမြင်မှုနဲ့ ရှာဖွေချဉ်းကပ်ဆင်ခြင်တာ ဖြစ်ပါတယ်။