တစ်နေ့ကို “Sorry” ဘယ်နှစ်ကြိမ်ပြောဖူးလဲ လို့ စဉ်းစားကြည့်ကြပါစို့။ ပြောလိုက်တဲ့ အကြိမ်တိုင်းအတွက်  အကြောင်းပြချက် ခိုင်လုံ ခဲ့ရဲ့လား။ “လူ့မှု့ကွန်ယက် နယ်ပယ် ထဲမှာ မလိုအပ်ပဲ Sorry ပြောခြင်းဟာ ပုံမှန်အလေ့ကျင့်တစ်ခုလို ဖြစ်လာပါပြီ” ဟု လူ့မှု့ဗေဒပညာရှင်များက ဆိုထားပါတယ်။ သို့သော် “Sorry” ပြောခြင်းသည် အမှန်တကယ်တော့ ကျွန်တော်တို့ ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု့ကို ကိုယ်တိုင် သတ်ချနေခြင်း ဖြစ်ပါတယ်။

အမှန်တရား ပြောသောအခါ

အမှန်ကို ပြောခြင်း အတွက် ခွင့်လွှတ်ပါလို့ ပြောစရာမလိုပါဘူး။ တစ်ချို့အမှန်တရားတွေကို တဖက်သားကို စိတ်မသက်မသာဖြစ်စေပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့အတွေးတွေကို ထုတ်ပြောဖို့ ကြိုးစားတိုင်း “တောင်းပန်ပါတယ်” ပြောမည့်အစား “ ကျွန်တော်အမြင်လေး ကတော့ သို့မဟုတ် ကျွန်တော်အတွေးလေး ကတော့ “ စသဖြင့် ပြောဆို သုံးနှုန်းသင့်ပါတယ်။ ဒီအချက်က တန်ဖိုးရှိသော အကြံဉာဏ်တွေ ပေးတတ်သည့် လူတစ်ဦး ဖြစ်လာအောင် သင့်ကို ပံ့ပိုးပေးပါလိမ့်မယ်။

စိတ်ခံစားချက်ပြင်းထန်တဲ့အချိန်

အခြားသူတစ်ဦးကို သင့်ရဲ့ ခံစားချက်သိခွင့်ပေးလိုက်ခြင်းဟာ သင်ဟာသူတို့ကို သင့်ကိုနားလည်အောင် ကူညီပေးလိုက်တာနဲ့တူပါတယ်။ သူတို့ရဲ့ စိတ်ခံစားချက်ကိုလည်း သင့်အနေနဲ့ မေးမြန်းသင့်ပါတယ်။ ပြီးတော့ စိတ်ထိခိုက်ခံစားလွယ်ခြင်းဟာ ရှက်စရာမဟုတ်ပါဘူး။

တခြားသူများနှင့် မတူကွဲပြားနေသည်ဟု ခံစားရသောအခါ

ခံစားမှု့ကို စိတ်အသက်သာဆုံး ဖြေဖျောက်ပေးနိုင်မည့် မှန်ကန်တိကျသော နည်းလမ်းအတွက် နောက်ဆုံးလုပ်နိုင်ခြင်းဟာ ခွင့်လွှတ်ခြင်း ဖြစ်ပါတယ် လို့ ကျွမ်းကျင်ပညာရှင်များက ထောက်ခံ ပေးထားပါတယ်။ ဝတ်စားဆင်ယင်မှု့ စည်းကမ်းသတ်မှတ်ချက် ရှိရမယ့်အချိန်ကလွဲရင် တခြားလူတွေရဲ့ အကြိုက်တွေ့စေမယ့် အဝတ်အစားတွေ ဝတ်ဖို့အလောတကြီးပြင်ဆင်စရာမလိုအပ်ပါဘူး။ ကိုယ့်စတိုင်လ်နဲ့ကိုယ်နေပါ။ သူများတွေရဲ့အကြိုက်ကို လိုက်လုပ်ပေးရတာဟာ အလွန်ပင်ပန်းပါတယ်။ အခြားလူတွေရဲ့ စိတ်တိုင်းကျ မနေပေးနိုင်တာကြောင့်လည်း “Sorry” ပြောဖို့ မလိုအပ်ပါဘူး။

မေးခွန်းမေးသောအခါ

ကိစ္စတော်တော်များများတွင် မေးခွန်းထုတ် မေးခြင်းသည် စိတ်သက်သာမှု့ကို ခံစားရနိူင်ပါတယ်။ ဘာလို့လဲဆိုတော့ အမေးခံရတဲ့ လူရဲ့မျက်လုံးထဲက မလိုလားမူတွေကို ကြောက်လို့ပဲဖြစ်ပါတယ်။ အကယ်၍ အောင်မြင်ကြီးပွားချင်တယ်ဆိုရင် ကိုယ်မသိနားမလည်တဲ့ အကြောင်းအရာတခုအတွက် မေးခွန်းမေးဖို့မကြောက်ပါနဲ့။ ဒီအတွက်လည်း “Sorry” ဆိုတဲ့ စကားပြောဖို့မလိုအပ်ပါဘူး။

အကြောင်းတစ်စုံတစ်ရာ ကို ချက်ချင်း မတုံပြန်သောအခါ

သူတို့ရဲ့ လိုအပ်ချက်သည်သာ အခြားသူထက် ပိုအရေးကြီးတယ် လို့ စဉ်းစားတတ်သော ရှိကြတယ်။ ဒီလိုလူတွေဟာ သင်အလုပ်ရှုပ်နေလားဆိုတာကိုတောင် တွေးပေးလေ့မရှိဘဲ အီးမေးလ်၊ မက်ဆေ့ ဖုန်းတွေဆီကနေ သူတို့ လိုချင်တာကိုသာ ချက်ခြင်း တောင်းဆိုတက်ကြပါတယ်။

သူတို့ရဲ့ အချိန်အတိုင်းအတာ ဘောင်အတွင်းဝယ် အံ့ဝင်ခွင်ကျ မရှိသည့် အတွက် စိတ်မကောင်းမဖြစ်ပါနဲ့။ အရေးပေါ် အခြေအနေမဟုတ်ဘူးဆိုရင် ချက်ခြင်းလက်ငင်း ဆုံးဖြတ်ချက်တွေ ပေးစရာမလိုအပ်ပါဘူး။ ဒါပေမယ့် သူတို့မေးတဲ့မေးခွန်းကို မမေ့ကြောင်း အချိန်သင့်တာနဲ့ အဖြေပေးမည်ဖြစ်ကြောင်းကိုတော့ သူတိုသိပါစေ။

Source: Bright Side