ဂျာမနီတိုက်စစ်မူး Timo Werner ဟာ ဥရောပအသင်းကြီးတော်တော်များများရဲ့ချိတ်ဆက်မူခံနေရသူဖြစ်ပါတယ်။ လာမယ့်နွေရာသီမှာ အသင်းပြောင်းရွှေ့နိူင်ကြောင်းလည်း သတင်းတွေထွက်နေတယ်လို့ သိရပါတယ်။
ဘေယန်မြူးနစ်၊ ချဲလ်ဆီး၊ လီဗာပူး အပါအဝင် မန်ယူအသင်းတို့က အဆိုပါ RB Leipzig ကြယ်ပွင့် Timo Werner ကိုခေါ်ယူဖို့ ချိတ်ဆက်မူတွေ ပြုလုပ်နေပါတယ်။
Source: Footbal.London
“အခုလောလောဆယ်မှာတော့ လီဗာပူးအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းပါ။ ဒီလိုအသင်းမျိုးရဲ့ စိတ်ဝင်စားမူခံရတာဟာ ဂုဏ်ယူစရာကောင်းပါတယ်။ လီဗာပူးမှာ ကစားသမားကောင်းတွေအများကြီးရှိပါတယ်။ အဲ့ဒီမှာ ကစားနိူင်ဖို့ဆိုရင် ကျွန်တော် အများကြီးသင်ယူရအုံးမှာပါ။” ဟု အဆိုပါတိုက်စစ်မူးက အန်ဖီးကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားနေကြောင်း Viasport ကိုပြောပြသွားပါတယ်။ Werner ဟာဂျာမနီမြေမှာရောချန်ပီယံလိဂ်မှာပါ ခြေစွမ်းကောင်းတွေပြသနေပြီး ဥရောပအသင်းကြီးတွေမှာ ကစားနိူင်တဲ့ခြေစွမ်းပိုင်ဆိုင်ထားကြောင်း သက်သေပြသနိူင်ထားသူဖြစ်ပါတယ်။ သူ့ရဲ့စာချုပ်ပါလျှော်ကြေးဟာလည်း အသင်းကြီးတွေအတွက် ဆွဲဆောင်မူတစ်ခုလိုဖြစ်နေပါတယ်။
Source: Transfermarkt
Timo Werner ဟာ (၂၀၁၉) ခုနှစ် ဩဂုက်လမှာ RB Leipzig အသင်းမှာ (၂၀၂၂-၂၀၂၃) အထိဆက်ရှိနေမယ့် စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်ပါလျှော်ကြေးဟာ ယူရို သန်း (၆၀) ဖြစ်ပြီး သက်တမ်းကတော့ ဇွန်လ (၁၅) ရက်နေ့မှာ ကုန်းဆုံးမှာဖြစ်ကြောင်း Sky Germany ကဖော်ပြထားပါတယ်။
အသက် (၂၄) နှစ်သာရှိသေးတဲ့ Werner ကို လက်ရှိမှာ ချဲလ်ဆီး၊ လီဗာပူးနဲ့ မန်ယူအသင်း တို့ကခေါ်ယူနိူင်ဖို့ ချိတ်ဆက်မူတွေ ပြုလုပ်နေပါတယ်။ Werner ကိုယ်တိုင်ကလည်း အနာဂက်မှာ ဂျာမန်လိဂ်မဟုတ်တဲ့ အခြားလိဂ်တခုခုမှာ ခြေချချင်တယ်လို့ ပြောဆိုထားပါတယ်။
Source: Squawka
လက်ရှိမှာတော့ Werner ကိုခေါ်ယူနိူင်ဖို့ ရေပန်းအစားဆုံးအသင်းဟာ လီဗာပူးဖြစ်နေပြီး ကစားသမားကိုယ်တိုင်က အန်းဖီးကို ပြောင်းရွှေ့နိူင်ခြေရှိကြောင်း အရိတ်အမြွက် ပြောကြားထားတာတွေရှိပါတယ်။