လီဗာပူးကွင်းလယ်ကြယ်ပွင့်ဟောင်း ဟာမန်းက တီမိုဝါနာအနေနဲ့ လီဗာပူးအသင်းထက် ချယ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကို ပြောင်းရွှေ့ဖို့အတွက် ပိုမိုစဉ်းစားသင့်တယ်လို့ ပြောကြားခဲ့ကြောင်း Football.london က ဖော်ပြခဲ့ပါတယ်။

လိုက်ပ်ဇစ် ကြယ်ပွင့်တိုက်စစ်မှူး တီမိုဝါနာဟာ ဘွန်ဒက်စ်လီဂါမှာ ထင်ရှားလာပြီးကတည်းက ထိပ်တန်းကလပ်များစွာရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

လီဗာပူးဟာ အသက်၂၃နှစ်အရွယ် တိုက်စစ်မှူးကို လာမယ့်နွေရာသီမှာ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပြီး လိုက်ပ်ဇစ်နည်းပြ နေဂယ်မန်းက ဝါနာအနေနဲ့ အသင်းမှာ အနည်းဆုံးနောက်တစ်နှစ် ထပ်နေဖို့ မျှော်လင့်ထားပေမယ့်လည်း ကစားသမားကေတာ့ လီဗာပူးနဲ့သတင်းတွေထွက်ပေါ်နေတာကို ဂုဏ်ယူကြောင်း ဝန်ခံခဲ့ပါတယ်။

Photo: Football.London

ဒါပေမယ့် ဘိုင်ယန်ကွင်းလယ်လူဟောင်း ဟာမန်းကတော့ ဝါနာဟာ ဥရောပထိပ်သီးအသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေပြီဆိုပေမယ့်လည်း အန်ဖီးက အသင့်တော်ဆုံးရွေးချယ်စရာလို့ ယုံကြည်နေခြင်းမရှိတာ ဖြစ်ပါတယ်။

“တီမိုဝါနာက ဆက်လက်တိုးတက်နေပြီးချန်ပီယံလိဂ်မှာ ဂိုးထပ်သွင်းခဲ့သလို ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ဂိုး၂၀ကျော် သွင်းခဲ့တယ်၊ သူ့ကို မကြာခင် အသင်းကြီးတစ်သင်းမှာ ကစားဖို့ ယုံကြည်ပါတယ်။ လီဗာပူးနဲ့ သတင်းတွေထွက်ပေါ်ခဲ့တာက သူ့အတွက် ဂုဏ်ယူစရာပါ။ မေးစရာရှိတာက သူဟာ လီဗာပူးနဲ့ သင့်တော်ရဲ့လားဆိုတာပဲ။ ဖာမီနိုနဲ့အတူ လီဗာပူးမှာ အမြဲတမ်းကစားနိုင်တဲ့ အသင်းဖော်တွေ၊ အချိတ်အဆက်မိတဲ့ တိုက်စစ်မှူးတွေရှိတယ်။

Source : Football.London

ဝါနာ လီဗာပူးကိုသွားရင် သူ့ကို ကွင်းပြင်မှာပဲ ပိုမြင်ရလိမ့်မယ်။ သူတို့တိုက်စစ်၃ယောက်မှာ ဘယ်သူမှ ဒဏ်ရာမရနေဘူး။ ဒါကြောင့် သူက ကစားရမှမဟုတ်ပါဘူး။ လီဗာပူးက လုံးဝအကောင်းဆုံးဖြစ်ပေမယ့် သူ့အတွက် ယူနိုက်တက်၊ ချယ်ဆီးအသင်းတို့ကပိုသင့်တော်လိမ့်မယ်ထင်ပါတယ်”လို့ ဟာမန်းက ပြောကြားခဲ့ပါတယ်။