မကြာသေးခင်အချိန်အတွင်းကပဲ တက္ကသိုလ်ဝင်စားမေးပွဲကြီး ဖြေဆိုလို့ပြီးခဲ့ပြီဖစ်ပါတယ်။ကျောင်းသားကျောင်းသူ ညီငယ်ညီမငယ်တွေအနေနဲ့ စာမေးပွဲဖြေဆိုပြီးတဲ့ ကာလတွေမှာ အချိန်တွေအလဟာသက်မကုန်ဆုံးစေချင်ဘူးဆိုရင် အခုပြောပြမယ့် အကြံပြုချက်လေးတွေကို သေချာလုပ်ဆောင်ကြည့်ဖို့ မှာချင်ပါတယ်။

(၁) ဘာသာစကားလေ့လာပါ

Source : British Council

တက္ကသိုလ်ရောက်တဲ့အခါမှာဘဲဖြစ်စေ တက္ကသိုလ်ပြီးလို့လုပ်ငန်းခွင်ဝင်တဲ့အခါမှာဘဲဖြစ်စေ ဘာသာစကားကျွမ်းကျင်မှုက ညီငယ်ညီမငယ်တွေကို သူများတွေထက် နှာတဖျားသာနေစေမှာဖြစ်ပါတယ်။အနည်းဆုံးတော့ အင်္ဂလိပ်စာကို ထည်ထည်ဝင်ဝင် ကျွမ်းကျင်တက်မြောက်အောင်လေ့လာသင့်ပါတယ်။သင်တန်းတွေတက်ရင်ဖြစ်စေ မိမိဘာသာအွန်လိုင်းကနေ လေ့လာရင်းဖြစ်စေ ဘာသာစကားကိုလေ့လာနိုင်ပါတယ်။

(၂) စာအုပ်တွေနဲ့ ထိတွေ့မှုရှိပါ

Source : ThoughtCo

ဆယ်တန်းဖြေပြီးပြီဆိုပြီး စာအုပ်တွေကိုတော့ လုံးဝမထိချင်မကိုင်ချင် မလုပ်ပါနဲ့နော်။ညီငယ်ညီမငယ်တို့ရဲ့ ဘဝကိုတစ်ထောင့်တစ်နေရာကနေ အထောက်အကူဖြစ်စေမယ့် ရသစာပေ ဗဟုသုတစာပေတွေကိုတော့ အချိန်ရရင်ရသလို ဖတ်ရှု့သင့်ပါတယ်။ဒါကြောင့် တက္ကသိုလ်မတက်ခင်ဆက်ကြားမှာ ဗဟုသုတလည်းရ အကျိုးလည်းရှိစေဖို့ စာဖတ်ကြပါစို့။

(၃) အားကစားလုပ်ပါ

Source : Queensland Health

ယနေ့ခေတ်မှာ လူကြီးလူငယ်မရွေးကျန်းမာရေးကို အလေးထားဆောင်ရွှက်လာကြပြီး လူတိုင်းလိုလို အားကစားလုပ်ဆောင်ဖို့ ဆန္ဒပြင်းပြလာကြပါတယ်။ညီငယ်ညီမငယ်တွေအနေနဲ့လည်း ကျန်းမာကြံ့ခိုင်ပြီး လူရောစိတ်တ်ပါရွှင်လန်းတက်ကြွစေဖို့ တစ်နေ့ကို အနည်းဆုံး ၁ နာရီလောက်အချိန်ပေးပြီး အားကစားလုပ်ဆောင်သင့်ပါတယ်။

(၄) ကောင်းစွာအနားယူပါ

Source : You are Mom

ဆယ်တန်းတက်ခဲ့တဲ့ ကာလတစ်လျောက်လုံးက အိပ်ရေးမဝတဲ့အချိန်တဲ့ ပင်ပန်းခဲ့ရတဲ့အချိန်တွေကို အခုချိန်မှာအကောင်းဆုံးပြန်လည်အနားယူဖို့ သင့်ပါတယ်။အခုလက်ရှိမှာကလည်း ကူးစက်ရောဂါတွေဖြစ်ပွားနေတဲ့ကာလဖြစ်တာကြောင့် အိမ်မှာဘဲ ရုပ်ရှင်ကြည့်တာမျိုး စာအုပ်ဖတ်တာမျိုး သူငယ်ချင်းတွေနဲ့ ဂိမ်းစုကစားကြတာမျိုး ကောင်းကောင်းအိပ်စက်အနားယူတာမျိုးတွေ ပြုလုပ်သင့်ပါတယ်နော်။