အားကစားတွေထဲမှာ လမ်းလျှောက်တာနဲ့ ပြေးတာဟာ အခြေခံအကျဆုံးအားကစားပုံစံထဲမှာ ပါပါတယ်။ ဒီနှစ်မျိုးစလုံးဟာ အခုလို ကမ္ဘာ့ကျန်းမာရေးအကြပ်အတည်းကာလနဲ့ အကိုက်ဆုံး အားကစားတွေလို့ ပြောနိုင်ပါတယ်။ လမ်းလျှောက်ဖို့နဲ့ ပြေးဖို့အတွက် Gym ပစ္စည်းမလိုပါဘူး။ Running Shoes တစ်ရံကောင်းလောက် ဝယ်ထားရင် အဆင်ပြေပါတယ်။
Running Shoes ဝယ်မယ်ဆိုရင်တော့ နှစ်မျိုးစဉ်းစားရပါတယ်။ တစ်ခုက ပြေးစက်ပေါ် အပြေးလေ့ကျင့်ဖို့ ဝယ်မလားလို့ နောက်တစ်ခုက လမ်းပေါ် ပြေးဖို့ ဝယ်မလားဆိုတာပါပဲ။ လမ်းပေါ်စီးမယ့် Road-Running Shoes ဝယ်မယ်ဆိုရင် ကူရှင်အား Cushioning ကောင်းပြီး လမ်းကြမ်း ၊ လမ်းချောမရွေး တည်ငြိမ်မှုကို ထောက်ပံ့နိုင်စွမ်းရှိမယ့် ဖိနပ်မျိုးကို စဉ်းစားရပါမယ်။ Trail-Running Shoes လို့ ခေါ်တဲ့ ပြေးစက်စီးဖိနပ်ဝယ်မယ်ဆိုရင် ကုတ်အားကောင်းပြီး ဖဝါးအလယ်နဲ့ အရှေ့ပိုင်းမှာ အရှေ့အနောက်ပွတ်တိုက်မှုအထိန်း ကောင်းရပါမယ်။
Photo: Esenlik
ဘယ်ဖိနပ်ပဲ ဝယ်ဝယ် အခြေခံအားဖြင့် Fit ဖြစ်နေဖို့ လိုပါတယ်။ ဖိနပ်တစ်ရံဟာ အဝတ်အစားလိုမျိုး Fit မဖြစ်ရင် ကြည့်ရဆိုးတယ်ဆိုတာထက် ပိုပါတယ်။ ကိုယ့်ခြေထောက်နဲ့ ဆိုဒ်မမှန်တဲ့ ဖိနပ်စီးမိရင် ဖက်ရှင်အောက်တဲ့အပြင် Function ပိုင်းပါ ဒုက္ခပေးလာပါလိမ့်မယ်။ အပြေးဖိနပ်တစ်ရံရဲ့ ရည်ရွယ်ချက်ဟာ လမ်းပေါ်ပြေးနေတဲ့ လူတစ်ယောက်ကို လမ်းက ဒုက္ခမပေးအောင် ကြားကနေ ကာကွယ်ပေးရင်း ကိုယ့်ပြေးနှုန်းကို တင်လို့ကောင်းအောင် လိုက်ပြီး ကူညီပေးတဲ့ အလုပ် လုပ်ရမှာပါ။
ဒါကြောင့် Running Shoe ဝယ်ရင် အွန်လိုင်းက မှာတာထက် အပြင်ဆိုင်တွေမှာ ကိုယ်ကိုယ်တိုင် စီးကြည့်ပြီးမှ ဝယ်တာက ပိုကောင်းပါတယ်။ ဒါမှသာ ဖိနပ်တစ်ရံဟာ ကိုယ့်ခြေထောက်နဲ့ Fit ဖြစ်မဖြစ် ၊ ကိုယ့်ခြေထောက်အတွက် အလုပ်လုပ်ပေးမပေးဆိုတာ ပိုတိတိကျကျ သိနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ဖိနပ် ဝယ်မယ်ဆိုရင် Neutral ဖြစ်တဲ့ အပြေးဖိနပ်ကို ပိုစဉ်းစားပေးသင့်ပါတယ်။ ကူရှင်စနစ်ကို ဖနောင့်မှာ ထားတဲ့ ဖိနပ်မျိုး ဖြစ်ပါတယ်။ ဒီလိုဖိနပ်တွေက တခြား Running Shoes တွေထက် ပိုပေါ့ပါးတတ်လို့ ဖြစ်ပါတယ်။
အပြေးလေ့ကျင့်သူကို Support ပေးနိုင်အောင် ဒီဇိုင်းထုတ်တဲ့ ဖိနပ်တွေမှာ အတွင်းပိုင်းကနေ ခြေဖနောင့်နဲ့ ခြေကျင်းဝတ်တွေ မထိအောင် ကာကွယ်ပေးတဲ့ စနစ်တွေ ထည့်ထားပါတယ်။ ပြေးနေချိန်မှာ လူရဲ့ တည်ငြိမ်မှုအားကို ထိန်းပေးထားတဲ့အပြင် ခြေကုပ်အားသုံးတာများပြီး အရှေ့ဘက်ကို ဖဝါးရောက်မသွားအောင်ပါ ကာကွယ်ပေးပါတယ်။ ဖိနပ်စီးပြီး လှုပ်ရှားမှုတွေလုပ်ချိန်မှာ ကိုယ့်ခြေထောက်နဲ့ ကိုယ်ခန္ဓာရဲ့ Stability ကို ဖိနပ်က Support ပေးနိုင်သလား ကြည့်ကြည့်ပါ။
Phone: Travel and Leisure
နောက်ဆုံးတစ်ခုက Motion-Control ပိုင်း ဖြစ်ပါတယ်။ Motion-Control Shoes တွေဟာ ဖိနပ်ထဲမှာ ခြေထောက်ကို နေသားတကျ မလှုပ်အောင် ထိန်းထားတဲ့ စနစ်ဖြစ်ပါတယ်။ များသောအားဖြင့် အောက်ခံ Sole အလယ်မှာ Stiff Plate တစ်ခု ထည့်ထားပြီး ဖဝါးခွက်ကို ထောက်ပံ့ထားတာ ဖြစ်ပါတယ်။ ဒီလို လုပ်ထားရတဲ့ အကြောင်းကတော့ ဖဝါးမရွေ့အောင် လှုပ်ရှားမှုကို ထိန်းပြီး ဖနောင့်ခွင်တတ်သူတွေ ကြာကြာမပြေးနိုင် မဖြစ်အောင်ပါ ထိန်းကျောင်းပေးထားတာပါ။
ဒီအချက်တွေကို ထည့်စဉ်းစားပြီး Running Shoes ဝယ်မယ်ဆိုရင် ကိုယ့်ခြေထောက်အတွက် အကောင်းဆုံး ပြေးဖော်ဖိနပ်တစ်ရံ ဝယ်နိုင်မှာ ဖြစ်ပါတယ်။