ယနေ့ခေတ်လူကြီးလူငယ်မရွေးစိတ်ဖိစီးမှုနဲ့ မကင်းကြပါဘူး။ နေ့စဉ်လှုပ်ရှားရုန်ကန်နေရတဲ့ နေ့စဉ်ဘဝကြီးထဲမှာ စိတ်ဖိစီးမှုဆိုတာ မဖိတ်ခေါ်ပဲ ဝင်လာတက်တာမျိုးပါ။ စိတ်ဖိစီးမှုတွေက ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာဖြစ်စေတာမလို့ ကိုယ့်ရဲ့ နေ့စဉ်ဖြတ်သန်းနေတဲ့ နေ့ရက်တွေထဲမှာ စိတ်ဖိစီးမှုကင်းတဲ့နေ့တစ်နေ့တော့ ဖန်တီးယူသင့်ပါတယ်။ ဒီနေ့မှာတော့ စိတ်ဖိစီးမှုကင်းတဲ့နေတနေ့ ဖန်တီးနိုင်မယ့် နည်းလမ်းကောင်းတွေကိုမျှဝေပေးချင်ပါတယ်။

(၁) အားကစားလုပ်ခြင်းဖြင့်စတင်ပါ

Source : Shutterstock

မနက်စောစောအိပ်ယာထပြီး အပြေးလေ့ကျင့်ခြင်း စက်ဘီးနင်းခြင်း လမ်းလျောက်ခြင်းစသည်ဖြင့် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို နာရီဝက်လောက်အချိန်ပေးပြီးလုပ်ဆောင်ပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် နေ့တနေ့ကိုအစပြုခြင်းက တစ်နေ့တာလုံး စိတ်ဖိစီးမှုကင်းကင်းနဲ့ ဖြတ်သန်းနိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။

(၂) ဂီတနဲ့ စီးမျောပါ

Source : Freepik

သီချင်းနှင့် ဂီတသံစဉ်တွေက စိတ်ဖိစီးမှုတွေကိုလျော့ကျသက်သာစေနိုင်တဲ့ စွမ်းအားတွေရှိပါတယ်။ ဘာကြောင့်လဲဆိုရင် သီချင်းသံစဉ်တွေက နှလုံးခုန်နှုန်းကိုလျော့ကျစေပြီး စိတ်ကိုတည်ငြိမ်လာစေမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုကင်းတဲ့နေ့တစ်နေ့ဖြစ်စေချင်တယ်ဆိုရင် တနေ့တာမှာ ဂီတသံစဉ်တွေများများနားထောင်ပြီး သီချင်းတွေနဲ့အတူ စိတ်လက်ပေါ့ပါးစွာဖြတ်သန်းလိုက်ပါ။

(၃) တရားထိုင်ပါ

Source : Istock

တရားထိုင်ခြင်းအထေ့အထက စိတ်တည်အေးချမ်းစေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မိနစ်အနည်းငယ်လောက် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုမှာ ခန္ဓာကိုယ်ရောစိတ်ရောအနားပေးပြီး တရားထိုင်ကြည့်ပါ။ စိတ်ဖိစီးမှုတွေလျော့ကျသက်သာပြီး နေထိုင်လို့ပိုကောင်းလာပါလိမ့်မယ်။

(၄) အိမ်ရှင်းပါ

Source : www.maids.com

လေ့လာသူတွေရဲ့ အဆိုပြုချက်တွေအရတော့ အိမ်သန့်ရှင်းရေလုပ်တာက စိတ်ဖိစီးမှုလျော့ကျစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် အားလပ်တွေမှာပဲအိမ်သန့်ရှင်းရေးပြုလုပ်ကြည့်ပါ။ သန့်ရှင်းသပ်ရပ်တဲ့ နေအိမ်ဝန်းကျင်လေးက သင့်ရဲ့စိတ်ကိုလည်း ကြည်လင်သန့်ရှင်းစေပြီး စိတ်ဖိစီးမှုကင်းစေတဲ့ ခံစားချက်မျိုးရရှိစေမှာသေချာပါတယ်။