ကျောင်းပြီးကတည်းက အလုပ်တောက်လျှောက်လုပ်ရတော့မှာ ဆိုတော့ အလုပ်ဟာ ကိုယ့်ရဲ့ ဒုတိယနေအိမ်ဆိုလည်း မမှားပါဘူး။ တစ်ချို့သူတွေသာ တစ်သက်လုံး အနားမယူမချင်း အလုပ်တွေ လုပ်ပြီးရင်းလုပ်သွားကြပေမယ့် ဒီအလုပ်မှာ မပျော်ရွှင်ကြသလို လုပ်ငန်းခွင်ထဲမှာလည်း အောင်မြင်မှုနဲ့ တွေ့မသွားကြပါဘူး။ ဒီတော့ အလုပ်ခွင်မှာ ပျော်ရွှင်ဖို့နဲ့ အောင်မြင်အထမြောက်စေဖို့ အခုပြောမယ့် အချက်လေးကို လိုက်နာကျင့်သုံးသင့်ပါတယ်။

နေ့စဉ်လုပ်ငန်းခွင်မှာ တက်ကြွအောင်မြင် အလုပ်တွင်စေဖို့ အကြောင်းတစ်ရပ်ကတော့ အနာဂါတ်ရှိတဲ့ လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ပုံဖော်နေဖို့ပါပဲ။ ရေရှည်မှာ တည်တံ့ခိုင်မာတဲ့ ရည်မှန်းချက် ပန်းတိုင်ရှိသူအတွက် အလုပ်ခွင်မှာ ပျော်စရာရှိသလို အလုပ်လည်း တွင်ကျယ်မှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ တစ်နေ့စာပန်းတိုင်ကို စာရွက်ပေါ်မှာ ချရေးပြီး ဒီအတိုင်း ဖြစ်လာအောင် ကြိုးစားသင့်ပါတယ်။

Young programmers

Photo : Freepik

တစ်နေ့လုံးပျော်စေဖို့ တစ်မနက်ကို အပြုသဘောဆောင်တဲ့ အစကလေးနဲ့ စတင်ဖို့ လိုပါတယ်။ မနက်စာကို အာဟာရပြည့်ပြည့်စား ၊ ဒီနေ့မှာ ဘယ်လို ကောင်းမွန်တဲ့ အရာတွေနဲ့ စတင်မယ် ၊ အဆုံးသတ်မယ်ဆိုတာကို ချရေးထားပါ။ အကြိုက်ဆုံးတေးသွားလေး နားဆင်ပြီး အလုပ်ခွင်ကို ပျော်ပျော်ရွှင်ရွှင် ဝင်လိုက်ပါ။လောင်စာအပြည့်နဲ့မီးပုံပျံတစ်လုံးအတွက် မြေကြီးကို ပြုတ်ကျဖို့ဆိုတာ ခက်ပါတယ်။

ထက်သန်နိုးကြားနေသူအတွက် အခက်အခဲဆိုတာ သိပ်မှုစရာမဟုတ်ပါဘူး။ အလုပ်တွေ ပြီးစီးဖို့အတွက် နေ့စဉ် ကိုယ့်အတွင်း စိတ်ခွန်အားကို ပွန်းပဲ့တိုက်စားမယ့် အရာတွေကနေ ဝေးဝေးနေပြီး တက်တက်ကြွကြွ လှုပ်ရှားပါ။ မနက်က ရေးထားတဲ့ အလုပ်လုပ်စရာတွေကို လုပ်ပါ။ အင်တာနက်သုံးပြီး မျောပါမသွားစေဖို့ ကိုယ့်ကိုယ်ကို ထိန်းပါ။ ဒီအစား ခွန်အားဖြစ်စေမယ့် ဟောပြောချက်နဲ့ တေးသွားကို နားဆင်တာက ပိုကောင်းပါတယ်။

laughing boy posing with thumb up at the beginning of the workday

Photo : Freepik

လူတွေနဲ့ ကူးလူးဆက်ဆံမှ အလုပ်မှာ မပျင်းမှာ ဖြစ်ပါတယ်။ မိတ်ဆွေသစ်တွေ ဖွဲ့ပါ။ ကိုယ့်ရဲ့ အသိုင်းအဝိုင်းကို ချဲ့ပါ။ ကိုယ်အခက်အခဲ ရှိလာတာနဲ့ မိတ်ဆွေကောင်းတွေဆီကနေ အကြံယူပါ။ သူတို့နဲ့ ပူးပေါင်းလိုက်ပါ။ အပြန်အလှန်အနေနဲ့ သူတို့ အခက်အခဲတွေ့လာရင်လည်း ကူညီပေးလိုက်ပါ။

တစ်နေ့လုံး လုပ်မယ့် အလုပ်ခွင်မှာ သန့်ရှင်းသပ်ရပ်တဲ့ ကိုယ်နေဟန်ထား ရှိဖို့လိုသလို သေသပ်ကျနတဲ့ စိတ်အထာနဲ့ ကိုယ့်ကိုယ်ကို စုစည်းမှုရှိဖို့လည်း လိုပါတယ်။ အစီအစဉ်တက်ဖြစ်အောင် စာရင်းလုပ်ထား ၊ လိုအပ်ရင် အက်ပလီကေးရှင်းအကူအညီနဲ့ အချိန်ဇယားဆွဲပါ။ ဒါမှသာ အရေးကြီးတဲ့ ချိန်းဆိုမှုတွေလည်း မပျက်မကွက် တွေ့နိုင်မှာ ဖြစ်သလို အလုပ်လုပ်စရာ အကြွေးကျန်မှာ မဟုတ်တော့ပါဘူး။