လူတိုင်းလူတိုင်းကတော့ ဘဝမှာ သာယာပျော်ရွှင်မှုတွေ လွှမ်းခြုံနေတဲ့ အချစ်ရေးကိုပဲ လိုချင်မိကြမှာပါ။ ကိုယ်တိုင်သာယာပျော်ရွှင်ချင်တယ်ဆိုရင် သူမရဲ့ ပျော်ရွှင်မှုကိုလည်း မေ့ထားလို့မရပါဘူး။ ဒါမှလည်း နှစ်ယောက်အတူ ပျော်ရွှင်တဲ့ အချစ်ရေးကို တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့အချစ်ရေးကို သာယာပျော်ရွှင်စေဖို့ မေ့ထားလို့မရတဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ငွေရေးကြေးရေး

Source : The Savvy Couple

အချစ်မှာ ငွေရေးကြေးရေး ကဏ္ဍတွေမလိုဘူးလို့ ပြောကြပေမယ့် သူ့ကိုလည်း ထည့်မစဉ်းစားလို့မရနိုင်ပါဘူး။ ချစ်သူနှစ်ဦးကြားမှာ သာယာပျော်ရွှင်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ဆိုရင် ငွေရေးကြေးရေးက တစ်ထောင့်တစ်နေရာကနေအရေးပါနေပါတယ်။ နှစ်ဦးသားနားလည်မှုရှိတဲ့ ငွေကြေးသုံးစွဲမှုတွေရှိမထားရင် တချိန်ချိန်မှာ ပြဿနာတက်လာနိုင်ပါတယ်။

(၂) ကိုယ်ပိုင်လွတ်လပ်မှု

Source : Greater Good in Action

လူတစ်ယောက်ရဲ့အချစ်ကို ပိုင်ဆိုင်ခွင့်ရတာက အဲ့ဒီလူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ချုပ်ပိုင်ချယ်လှယ်ခွင့်ရသွားတာမဟုတ်ဘူးဆိုတာတော့ သတိရဖို့လိုပါတယ်။ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်လွတ်လပ်ချိန်ဆိုတာ ရှိပါတယ်။ ကိုယ့်ချစ်သူရဲ့ ကိုယ်ပိုင်လွတ်လပ်မှုကို အလေးထားပြီး တစ်ဦးနဲ့တစ်ဦး သီးသန့်ကိုယ်ပိုင်အချိန်တွေထားရှိမှသာ ရေရှည်ခိုင်မြဲတဲ့အချစ်ရေးဖြစ်မှာပါ။

(၃) ရင်ခုန်စရာအခိုက်အတန့်

Source : Klevo.Net

ချစ်သူနှစ်ဦးကြားမှာ အချိန်ကြာလာတာနဲ့အမျှ ရင်ခုန်စရာအချိန်တွေပျောက်ဆုံးလာတက်ပြီး ငြီးငွေ့ဖွယ်ကောင်းသွားတက်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ခေါက်ရိုးကျိုးနေတဲ့ လုပ်ရိုးလုပ်စဉ်အရာတွေထဲကနေခွဲထွက်ပြီး ရင်ခုန်စရာအခြေအနေတွေကိုဖန်တီးယူသင့်ပါတယ်။ ချစ်သူနှစ်ဦးတစ်ခါမှမလုပ်ဖူးတဲ့ ဝါသနာအသစ်တွေလုပ်ကြည့်တာ ခရီးသွားတာ ရင်ခုန်စေမယ့် စပရိုက်လေးတွေဖန်တီးပေးတာမျိုးလုပ်သင့်ပါတယ်။

(၄) အနာဂတ်ရည်မှန်းချက်

Source : Zoosk

လက်ရှိတွဲနေတဲ့ကိုယ်ချစ်သူက ကိုယ်နဲ့တစ်ဘဝလုံးစာလက်တွဲသွားဖို့ သင့်တော်တဲ့ လူတစ်ယောက်လို့ သိလိုက်ပြီဆိုရင် ခိုင်မာတဲ့အနာဂတ်ရည်းမှန်းချက်တွေ ချမှတ်ထားသင့်ပါပြီ။ လက်မထပ်ခင် နှစ်ယောက်အတူကြိုးစားမယ် ပိုက်ဆံစုကြမယ် နောက်ဘယ်နှစ်နေရင် လက်ထပ်ကြမယ် ကလေးဘယ်နှစ်ယောက်ယူမယ်စသည်ဖြင့် အနာဂတ်ရည်မှန်းချက်ကို ခိုင်ခိုင်မာမာချမှတ်ထားသင့်ပါတယ်။