လူတိုင်းသည် မွေးကတည်းက ယုံကြည်ချက်အပြည့်နဲ့ မွေးဖွားလာတာမဟုတ်ပါဘူး။ သူ့ရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ သွန်သင်ဆုံးမမှု၊ ထိန်းကျောင်းမှုများအကြား အချို့သည် မိမိကိုယ်ကို ယုံကြည်ချက်အပြည့်ရှိသလို အချို့ကတော့ မိမိကိုယ်ကို မိမိ တဖြည်းဖြည်းနဲ့ ယုံကြည်ချက်ကျဆင်းလာပါတယ်။

ကံကောင်းထောက်မစွာနဲ့ပဲ ယုံကြည်မှုကို သင် ကိုယ်တိုင် တည်ဆောက်ယူနိုင်ပါတယ်။ သင့်ရဲ့အချိန်ရယ်၊ စွမ်းအင်နှင့် အာရုံစူးစိုက်မှုတို့ကိုသာ စိုက်ထုတ်ရမှာဖြစ်ပါတယ်။

မိမိကိုယ်ကို စိန်ခေါ်ကြည့်ပါ

how to build self-confidence for men

ယုံကြည်မှု တည်ဆောက်ဖို့အတွက် အလျင်မြန်ဆုံးနည်းကတော့ သင့်ရဲ့ Comfort Zone ထဲကနေ ရုန်းထွက်ကာ မိမိကိုယ်ကို စိန်ခေါ်ကြည့်ရမှာပဲဖြစ်ပါတယ်။ သင် ကြောက်တဲ့အရာတွေကို ချရေးကြည့်ပါ။ ထိုအကြောက်တရားကို အနိုင်ယူဖို့ မိမိကိုယ်ကို စိန်ခေါ်ကြည့်လိုက်ပါ။

ပြောတဲ့အတိုင်း ဖြစ်အောင် လုပ်ပါ

how to build self-confidence for men

ကိုယ်တိုင် ချမှတ်ထားတဲ့အရာများ၊ အကြောက်တရားများကို အနိုင်ယူမယ်လို့ ပြောထားတဲ့အတိုင်း အမှန်တကယ်ဖြစ်အောင် လုပ်ပါ။ တစ်ခုချင်းစီ ဖြစ်အောင် လုပ်တဲ့အခါ သင် ကိုယ်တိုင်လည်း မိမိကိုယ်ကို ကျေနပ်အားရလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်တွေ တိုးမြှင့်လာပါလိမ့်မယ်။

သင့်ရဲ့စိတ်ကို အစာကျွေးပါ

how to build self-confidence for men

စိတ်အင်အား ကြီးမားမှသာလျှင် ကိုယ်လုပ်ချင်တာတွေ ဖြစ်အောင်လုပ်ဖို့ ယုံကြည်ချက်ရှိမှာပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ဘာအတွက်ကြောင့်နဲ့မှ စိတ်ညစ်မခံပါနဲ့။ စိတ်ဓာတ်ကျတဲ့အခါ စိတ်ငြိမ်အောင် တရားထိုင်ကြည့်ပါ။ ဒီလိုမျိုး အလုပ်လုပ်လိုက် နားလိုက်ဖြင့် သင့်ရဲ့စိတ်ကို အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။

ကိုယ့်ရဲ့ပုံပန်းသွင်ပြင်ကို ဂုဏ်ယူတတ်ပါစေ

how to build self-confidence for men

ကိုယ့်ကိုယ်ကိုယ် ရုပ်ဆိုးတယ်လို့ ဘာ့ကြောင့် မှတ်ယူနေမှာလဲ။ လူတိုင်းမှာ သူမတူတဲ့ ကိုယ်ပိုင်အလှတွေ ပိုင်ဆိုင်ထားကြတာပါ။ အသားအရေလှပဖို့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများ စားပါ။ အိပ်ရေးဝဝ အိပ်ပါ၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့ခန္ဓာကိုယ်သည် သင့်ကို ကျေးဇူးတင်နေပါလိမ့်မယ်။

မိမိကိုယ်ကို စည်းကမ်းတင်းကြပ်ပါ

how to build self-confidence for men

အောင်မြင်မှုနှင့် မိမိကိုယ်ကို စည်းကမ်းတင်းကြပ်ထားမှုသည် တစ်ခုနဲ့တစ်ခု ဆက်နွယ်နေတာဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ ပျင်းရိတဲ့စိတ်၊ အဖျက်အမှောက်စိတ်လေး ဝင်လာပြီဆိုတာနဲ့ အသိစိတ်ပြန်ဝင်အောင် ကိုယ့်ကိုယ်ကို ဆုံးမပါ။ ကိုယ့်ရဲ့မူလပန်းတိုင်ကို ပြန်လည်စဉ်းစားပါ။ ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းကမ်းများကို သင် ကိုယ်တိုင် ပြန်လည်လိုက်နာနိုင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူပြီး Confidence များ တက်လာပါလိမ့်မယ်။

Source: Nextluxury.com