ဘယ်လို လုပ်ငန်းခွင်နယ်ပယ်မျိုးမှာဖြစ်ဖြစ် အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်ရသူတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ်ရဲ့ကြားမှာ ယုံကြည်လေးစားမှု တည်ဆောက်ဖို့ အရေးကြီးပါတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ယုံကြည်လေးစားမှုက လုပ်ငန်းခွင်အောင်မြင်တိုးတက်ရေးအတွက် မရှိမဖြစ်တဲ့ လိုအပ်ချက်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒါ့ကြောင်ဒီတစ်ခေါက်မှာတော့ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ယုံကြည်လေးစားမှုရတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်စေမယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) စည်းကမ်းတွေ လိုက်နာပါ
Photo : Lifestyle Asia Hong Kong
လူတွေရဲ့ လေးစားမှုရဖို့ဆို ရုံးတွင်းချမှတ်ထားတဲ့ စည်းကမ်းတွေကို ကိုယ်ကစပြီးချိုးဖောက်နေတာမျိုး မလုပ်သင့်ပါဘူး။ ရုံးတက်ချိန်ဟာ မနက် ၉ နာရီဆိုရင် ၉ နာရီမတိုင်ခင် ရုံးကိုရောက်နေဖို့လိုပါတယ်။ လုပ်ငန်းခွင်ဆိုင်ရာ အသေးအဖွဲ့ ကိစ္စတွေကအစ စည်းစနစ်တကျနဲ့ ကျင့် ဝတ်ဆိုင်ရာ စည်းကမ်းများကို လိုက်နာမှလည်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ အထင်ကြီးလေးစားမှုကိုရစေမှာပါ။
(၂) ပွင့်လင်းရိုးသားမှုရှိပါစေ
Photo : iStock
ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ် ရိုးသားဖြောင့်မတ်သူတွေဟာ လူတွေရဲ့ လေးစားယုံကြည်မှုကို ရရှိတာမဆန်းပါဘူး။ အလုပ်ကိုတန်ဖိုးထားပြီး ရိုးရိုးသားသားကြိုးစားလုပ်ကိုင်ရင် မျှော်မှန်းထားတဲ့ အောင်မြင်ပန်းတိုင်ဟာ အနှေးနဲ့အမြန် ရောက်ရှိမှာဖြစ်သလို လုပ်ဖော်ကိုင်ဖက်တွေကြားမှာလည်း စိတ်ချယုံကြည်မှုကို သေချာပေါက်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
(၃) တာဝန်ယူမှု တာဝန်ခံမှုရှိပါစေ
Photo : Pinterest
အလုပ်လုပ်တဲ့နေရာမှာ တိကျပြတ်သားမှုရှိရမယ် ၊ ကိုယ်လုပ်တဲ့အလုပ်အပေါ် တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်။ ဒါဟာဝန်ထမ်းကောင်းတို့ရဲ့ စရိုက်လက္ခဏာပါပဲ။ ကိုယ်တာဝန်ယူထားရတဲ့ လုပ်ငန်းတာဝန်တွေနဲ့ ပတ်သတ်ပြီး တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိတဲ့ သူတွေကို လူတွေက ပိုပြီး ယုံကြည်လေးစားမှုရှိကြပါတယ်။
(၄) ကတိတည်ပါ
Photo : Everypixel
ကတိတည်လွယ်လွယ်ပေး လွယ်လွယ်ဖျက်တက်သူတွေကို ဘယ်သူမှ ယုံကြည်လေးစားချင်မှာ မဟုတ်ပါဘူး။ ကိုယ်ပေးထားတဲ့ ကတိကိုတည်တန့်အောင် ထိန်းသိမ်းဖို့သလို မဖြစ်နိုင်တဲ့ ကတိတွေကိုလည်း လွယ်လွယ်မပေးသင့်ပါဘူး။ ကတိတည်ပြီး ကိုယ်ပြောတဲ့ကတိစကားအတိုင်း တည်အောင်လိုက်နာသူတွေသာ လူတွေရဲ့ အထင်ကြီးလေးစားမှု ယုံကြည်မှုတွေကို ရထိုက်သူတွေဖြစ်ပါတယ်။
Featured Photo : Blog Convenia