ယုံကြည်မှုသည် လူသား တစ်ယောက်နဲ့တစ်ယောက်ကြား ရင်းနှီးမှုကို မြန်ဆန်စေဖို့ ကူညီပေးပါတယ်။ မိမိသူငယ်ချင်း မိတ်ဆွေအပေါင်း အသင်းများကို ယုံကြည်ခြင်း၊ ကိုယ့်မိသားစုကို ယုံကြည်စိတ်ချရခြင်းသည် စိတ်အေးချမ်းစေနိုင်ပြီး ပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုကို ဖန်တီးပေးပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့အခါမှာတော့ ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ ပိုမိုလွယ်ကူလာပြီး စိတ်ဖိစီးမှုပမာဏလည်း လျော့ကျလာပါလိမ့်မယ်။ သင့်အနေနဲ့ မိမိကိုယ်ကို ယုံကြည်ချက်မရှိလို့လည်း စိတ်မပူပါနဲ့။ မိမိကိုယ်ကိုယ် ယုံကြည်ချက် တိုးတက်လာအောင်လို့ ဖြည်းဖြည်းချင်း တည်ဆောက်ယူလို့ရပါတယ်။

ကိုယ့်ရဲ့ပင်ကိုယ်ပုံစံကို လက်ခံပါ

Tips for Building Trust In Yourself

အခြားသူက ကိုယ့်ကို ဘယ်လိုထင်မလဲ။ ဘယ်လိုဝေဖန်နေမလဲဆိုတာကို ကြောက်ရွံ့နေမယ်ဆိုရင် လူအများနဲ့ ပေါင်းသင်းဆက်ဆံရတာ အခက်အခဲရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ပင်ကိုဟန်ကို ဖုံးကွယ်ထားပြီး အခြားသူအဖြစ် ဟန်ဆောင်နေခြင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှုကို ကျဆင်းစေပြီး အခြားသူကလည်း သင့်ရဲ့ကြောက်ရွံ့နေမှုကို ခံစားသိနိုင်ပါတယ်။

ထိုကြောက်စိတ် မလုံမခြုံဖြစ်နေတဲ့စိတ်ကို ဖယ်ရှားဖို့အတွက် ဘယ်လိုကြိုးစားရမလဲ။ အရင်ဦးဆုံး ကိုယ် ချစ်ခင်ရတဲ့သူတွေအနားမှာ ကိုယ့်ရဲ့ပင်ကိုဟန်အစစ်ကို ချပြပါ။ တဖြည်းဖြည်းနဲ့ ကျင့်သားရလာပြီး ကြောက်စိတ်ပျောက်သွားမယ်ဆိုရင်တော့ သူစိမ်းတွေကြားထဲမှာလည်း မိမိကိုယ်ကိုယ် ယုံယုံကြည်ကြည်နဲ့ စိတ်ချရတဲ့ ခံစားချက်မျိုး ခံစားရပါလိမ့်မယ်။

လက်တွေ့ဆန်တဲ့ ရည်မှန်းချက်များသာ ချမှတ်ထားပါ

Tips for Building Trust In Yourself

တခါတရံမှာ ကျွန်တော်တို့သည် ရည်မှန်းချက်မြင့်မြင့်ထားလေ့ရှိပါတယ်။ တစ်နှစ်လျှင် ပိုက်ဆံ ၅ သိန်းလောက် စုမယ်လို့ ရည်မှန်းချက် ချထားရမယ့်အစား ၁၀ သိန်းလောက် စုမယ်ဆိုပြီး မျှော်မှန်းထားကြပါတယ်။ ပရောဂျက်တစ်ခုကို ၂ ပတ်အတွင်း ပြီးရမယ်လို့ ပန်းတိုင် ထားရမယ့်အစား ၁ ပတ်အတွင်း ပြီးအောင် ကြိုးစားကြပါတယ်။ ရည်မှန်းချက် မြင့်မြင့်ထားခြင်းသည် ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ ဆိုးကျိုးတွေလည်းရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ ကြီးကြီးမားမားရည်မှန်းချက်တွေကို မဖြည့်ဆည်းနိုင်တဲ့ အကြိမ်ရေ များလာမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်လည်း ကျဆင်းသွားပြီး အောင်မြင်မှုနဲ့ အလှမ်းဝေးသွားနိုင်ပါတယ်။

မိမိကိုယ်ကိုယ် ကြင်နာပါ

Tips for Building Trust In Yourself

Photo: iStock

အဆုံးအစမဲ့ ချစ်ခြင်းဆိုတဲ့ စကားမျိုးကို သင် ကြားဖူးပါလိမ့်မယ်။ ဒီလိုအချစ်မျိုးကို မိဘနဲ့ သားသမီးကြား၊ ညီအစ်မကို မောင်နှမကြား၊ ချစ်သူ သမီးရည်းစားအကြား ထားရှိတတ်ကြပေမယ့် ထိုချစ်ခြင်းနဲ့ မိမိကိုယ်ကိုယ် ချစ်တတ်ကြဖို့တော့ မေ့နေကြပါတယ်။

မိမိကိုယ်ကိုယ် ချစ်ခြင်းသည် ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပြီး မိမိကိုယ်ကိုယ် ပြင်းပြင်းထန်ထန်ဝေဖန်ခြင်း၊ အမှားတစ်စုံတစ်ရာ ပြုလုပ်မိပါက ခွင့်မလွှတ်နိုင်ဖြစ်ခြင်း အစရှိသည်တို့ကို ရှေားရှားဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံမယ်။ ကိုယ့်ကိုယ်ကိုယ် ကြင်နာမယ်ဆိုရင်တော့ မိမိကိုယ်ကိုယ် ယုံကြည်ချက်များလည်း အလိုလိုတိုးမြှင့်လာပါလိမ့်မယ်။

Source: Healthline.com

Featured Image Source: Smallbusiness.patriotsoftware