Physical Fitness ဖြစ်ဖို့ Gym ကစားတော့မယ်ဆိုရင် တစ်ခြားအရာတွေအပြင် Gym မှာ ဘာဝတ်သွားရမလဲဆိုတာပါ ထည့်စဉ်းစားသင့်ပါတယ်။ အားကစားလုပ်တယ်ဆိုတာ ချွေးတွေ နင့်နေအောင် ထွက်မယ်။ ပေပေတေတေ ဖြစ်ရင် ဖြစ်မယ်။ ဒီတော့ အဝတ်အစားကောင်းတွေတော့ ဝတ်မသွားသင့်ပါဘူး။ တစ်ဘက်က ကြည့်မယ်ဆိုရင်လည်း Stylish ဖြစ်ပြီး Gym မှာ ယုံကြည်မှုအပြည့်နဲ့ အားကစားလုပ်နိုင်ဖို့ နောက်ပြီး Gym ကစားတာကို အထောက်အကူပြုဖို့ Gym Clothes တွေလည်း ရွေးဖို့ လိုပါတယ်။ ဒါကြောင့် Gym မှာ ဝတ်ဖို့ အဝတ်အစားရွေးရာမှာ မမှားစေဖို့ အကြံတစ်ချို့ ပေးလိုက်ပါတယ်။

(၁) ရွေးတဲ့ ချည်သား မှန်ပါစေ

Photo: simplygym

အားကစားလုပ်တာကြောင့် ချွေးဓါတ်ဆုံးရှုံးမှု များပြီး တစ်ကိုယ်လုံး ချွေးတွေရွှဲစိုနေမှာပါ။ ဒါကြောင့် ချွေးစုပ်နိုင်တဲ့ ချည်သားတွေ ရွေးသင့်ပါတယ်။ ချွေးစုပ်ယူအားကောင်းပြီး အခြောက်မြန်တဲ့ တီရှပ်တွေနဲ့မှ Gym Training တွေကို ကောင်းကောင်း အာရုံစိုက်နိုင်မှာပါ။

(၂) ဆွဲသားမျိုး ရွေးပါ

Photo: Sundried

ကိုယ်လက်လှုပ်ရှားမှုတွေကို လွတ်လပ်ပေါ့ပါးစေဖို့ ဆွဲသားမျိုး ရွေးသင့်ပါတယ်။ Gym ကစားချိန်မှာ ကိုယ်ကစားတဲ့ Sessions ပေါ်လိုက်ပြီး ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေရတာ ဖြစ်လို့ သက်တောင့်သက်သာရှိပြီး ဆွဲဆန့်နိုင်တဲ့ အဝတ်အစားမျိုးပဲ ဝတ်သင့်ပါတယ်။ တစ်ခုရှိတာက အရမ်းကြီး သက်တောင့်သက်သာရှိအောင် ဆိုပြီးလည်း ပွပွချောင်ချောင်ကြီးတွေ မဝတ်သင့်သလို တင်းကြပ်နေတဲ့ အဝတ်အစားမျိုးလည်း ရှောင်သင့်ပါတယ်။ အကောင်းဆုံးက Fitting ကျပြီး ဆွဲသားကောင်းတဲ့ တီရှပ်မျိုးပါပဲ။ Sportswear ဆိုရင် အကောင်းဆုံး ဖြစ်ပါတယ်။

(၃) အရောင်

Photo: aestheticnation

လူအများစုဟာ အားကစားလုပ်ချိန်မှာ အရောင်ရင့်တာတွေ ဝတ်ကြပါတယ်။ ဒါပေမယ့် Gym ကစားမယ်ဆိုရင် အရောင်တောက်တာမျိုး ရွေးသင့်ပါတယ်။ စိတ်ပညာအရ တောက်ပတဲ့ အရောင်တွေဟာ စိတ်ခံစားမှုကို ပိုကောင်းစေနိုင်လို့ ဖြစ်ပါတယ်။ ဒီလိုပြောလို့ အရောင်ရင့်တာတွေ ရှောင်စရာမလိုပါဘူး။ ရောပြီး ဝတ်လို့ ရပါတယ်။

(၄) အားကစားဖိနပ် ဝယ်ထားပါ

Photo: simplygym

Gym ကစားဖို့ သွားရင် ဖိနပ်ကောင်းကောင်းလည်း ပါမှ ဖြစ်မှာပါ။ အားကစားဖိနပ်ကောင်းတစ်ရံဟာ သင့်ခြေထောက်ကို ကာကွယ်နိုင်သလို ခြေထောက်နဲ့ အောက်ပိုင်းကုပ်အားကောင်းစေမှာပါ။ ဖိနပ်ဝယ်မယ်ဆိုရင် ခြေထောက်နဲ့ ခြေကျင်းဝတ်ကို ထောက်ပံ့ပေးမယ့် Workout Shoe မျိုး ရွေးတာ အကောင်းဆုံးပါပဲ။