ရာသီဥတု ဘယ်လိုပဲ ကောင်းကောင်း နေ့လည်ခင်း ထမင်းလုံး စီချိန်မှာ လူတိုင်းလိုလို အိပ်ချင်လာတတ်ပါတယ်။ နေ့လည်ရောက်လို့ လူက နွမ်းလာပြီဆိုရင် ဒီအချက်လေးတွေ လုပ်ပြီး ကိုယ့်ကိုယ်ကို လန်းဆန်းအောင် လုပ်ကြည့်သင့်ပါတယ်။

(၁) အကြောလျှော့ပါ

Source: pexels

နေ့လည်ရောက်လို့ လူက ဘာမှ မလုပ်ချင်ဘဲ ငိုက်လာပြီဆိုရင် ထိုင်နေတဲ့ ခုံကနေ ထပြီး ၊ အကြောလေးဘာလေး လျှော့သင့်ပါတယ်။ အကြောလျှော့ခြင်းဟာ ခန္ဓာကိုယ် စွမ်းအင်စနစ်ကို အမြန်မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကြွက်သားတွေ ပျော့ပျောင်းလာပြီး သွေးလည်ပတ်မှုလည်း မြန်ဆန်လာမှာပါ။

(၂) ပရိုတိန်းမြင့်တဲ့ အစားအစာ စားပါ

Source: pexels

နေ့လည်စာစားချိန်မှာ ပဲအမျိုးမျိုး ၊ တူနာငါးနဲ့ ကြက်ဥဟတ်ဘွိုင် စတဲ့ ပရိုတိန်း ဓါတ်မြင့်တဲ့ အစားအစာ စားပေးမယ်ဆိုရင် ပင်ပန်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) လေကောင်းလေသန့် ရှူပါ

Source: pexels

လှုပ်ရှားမှုနဲ့အတူ အပြည့်အဝ အသက်ရှုနိုင်ဖို့ကလည်း လူကို လန်းဆန်းစေတဲ့ အကြောင်း ဖြစ်ပါတယ်။ လေဝဝ ရှုလိုက်တာကြောင့် အိပ်ချင်စေမယ့် မယ်လာတိုနင် ဟိုမုန်းဓါတ်တွေ ကို လျှော့ချပေးနိုင်ပြီး ဦးနှောက်ကြည်လင် လန်းဆန်းစေပါတယ်။ ယောဂလိုမျိုး အသက်ရှုလေ့ကျင့်ခန်းတွေဟာ စိတ်ပိုင်း ရုပ်ပိုင်း နှစ်မျိုးစလုံးကို ကောင်းကျိုးများတာကြောင့် ပုံမှန် လေ့ကျင့်ခန်း ဝင်သင့်ပါတယ်။

(၄) ပုံမှန်လှုပ်ရှားမှုကနေ ပြောင်းလိုက်ပါ

Source: pexels

အသစ်အဆန်း ပြောင်းလုပ်တာဟာ ကိုယ့်ရဲ့ နေ့လည်ခင်း ခံစားမှုကိုပါ ပြောင်းလဲစေမှာပါ။ နေ့တိုင်း ထပ်ချည်းတလဲလဲ လုပ်နေရတဲ့ အရာတွေဟာ ပျင်းစရာကောင်းလို့ လူကို ပိုပြီး ငြီးငွေ့စေပါတယ်။

(၅) စားပွဲကို ရှင်းထားပါ

Source: pexels

ကိုယ့်အလုပ်ခွင်ကို သန့်ရှင်းအောင် ထားတာဟာ စိတ်ကို ပိုပြီး ကြည်လင်စေပါတယ်။ အလုပ်နေရာကို ရှင်းထားခြင်းဟာ ကိုယ့်ရဲ့ အလုပ်ကိုလည်း ပိုပြီး အစီအစဉ်တကျ ဖြစ်စေသလို လူလည်း ပိုပြီး နေလို့ ထိုင်လို့ အဆင်ပြေစေပါတယ်။

(၆) ရေနွေးကြမ်း

Source: pexels

နေ့လည်နေ့ခင်းဘက် နည်းနည်း ပိုပြီး ပင်ပန်းတယ်ခံစားရရင် Green Tea ဖြစ်ဖြစ် ပုံမှန်ရေနွေးကြမ်းပဲ ဖြစ်ဖြစ် သောက်ပေးရင် ဦးနှောက် ကြည်လင်လန်းဆန်းစေပါတယ်။

(၇) ပီကေဝါးပါ

Source: berkeleywellness.com

ပရုတ်ပါတဲ့ Chewing Gums တွေဟာ လူကို တက်ကြွစေပြီး အိပ်ချင်စိတ်ကို ဖျောက်ပေးနိုင်ပါတယ်။ သကြားဓါတ်မပါတဲ့ ပီကေဝါးပေးသင့်ပြီး ပီကေ စားနေချိန်မှာ အသံအရမ်းကျယ်နေရင်တော့ ဘေးက ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို စိတ်ရှုပ်စေနိုင်တာကြောင့် သတိထားဖို့ လိုပါတယ်။