လူတိုင်းလိုလို ဘဝမှာ အောင်မြင်မှုတွေကိုပဲ လိုလားကြတာပါ။ အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်ရှိလာချိန်မှာ ထိုက်သင့်တဲ့ အောင်မြင်မှုရရှိဖို့အတွက် ငယ်ရွယ်စဉ်ကတည်းက ရည်မှန်းချက်တွေ အိပ်မက်တွေထားရှိဖို့ပါတယ်။ ဒီနေ့မှာတော့ အောင်မြင်မှုကို လိုလားတဲ့ လူငယ်တိုင်းလိုလို လိုက်နာကျင့်သုံးသင့်တဲ့ အခြေခံအချက်တွေပြောပြပေးချင်ပါတယ်။

Young handsome business man with laptop in office

Source : Freepik

သင်ဟာကြိုးစားမှုပိုင်းမှာတော့ အမှတ်ပြည့်ပေးရလောက်ပါရဲ့ ရိုးသားမှုမရှိဘူးဆိုရင်လည်း အလကားပါပဲ။ ကိုယ်အောင်မြင်ဖို့ တခြားသူတွေကို နင်းတက်ခြင်းဟာ ရေရည်မတည်မြဲခြင်းမရှိတဲ့ အောင်မြင်မှုတစ်ခုပါ။ ဒါကြောင့်ကြိုးစားပါ။ ရိုးသားမှုလည်း အပြည့်ရှိပါ။ဘယ်အလုပ်ပဲလုပ်လုပ် ကြိုတင်ပြင်ဆင်မှုရှိခြင်းဟာ ကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။ ကိုယ့်ရဲ့ ဘဝအတွက် ကောင်းမွန်တဲ့ အစီစဉ်တွေ ချမှတ်ထားရမှာ ဖြစ်သလို ဖြတ်သန်းနေတဲ့ နေ့စဉ်ဘဝမှာလည်း ပြင်ဆင်မှုတွေရှိဖို့ လိုအပ်ပါတယ်။ ဘယ်အရာကိုမဆို Plan နဲ့ အစီစဉ်တကျဆောင်ရွက်ချင်းဟာ အမှားနည်းစေမှာဖြစ်ပါတယ်။

လူငယ်တော်တော်များ တိုးတက်မှုနှောင့်နှေးတာဟာ အချိန်ဖြုန်းနေမှု အချိန်မလေးစားမှုတို့နဲ့ အများကြီးသက်ဆိုင်ပါတယ်။ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်မယ်ဆိုရင် အချိန်တိုင်းဟာ ရွှေပါ။ ဒါကြောင့် အချိန်မဖြုန်းမိပါစေနဲ့။ ကြိုးစားသင့်သလောက်ကြိုးစားပါ။ နားသင့်သလောက်နားပါ။

ကိုယ်ဝါသနာပါရာ ပညာရပ်တစ်ခုကို အစဉ်တစိုက်လေ့လာတက်တဲ့ အကျင့်ကိုမွေးပါ။ သူများယောင်လို့ လိုက်မယောင်မိပါစေနဲ့။ သူငယ်ချင်းတွေနဲ့ ဟေလားဝါးလား ကြုံရာသင်တန်းတွေလိုက်တက်နေတာဟာ ခဏတာအတွက်တော့ ပျော်ဖို့ကောင်းတယ်ထင်ရပေမယ့် ရေရှည်မှာ ဘာအကျိုးရလဒ်မှ မကျန်ခဲ့ပါဘူး။ ကိုယ့်ဝါသနာနဲ့ကိုက်ညီတဲ့ Carrier တစ်ခုခုကိုရှာဖွေပြီး အစဉ်တစိုက်လေ့လာပါ။

 happy businessman standing on front of business center

Source : Freepik

လေထဲတိုက်ဆောက်တဲ့အကျင့်ရှိရင် တစ်ခါတည်းအမြစ်ဖြတ် ရှင်းထုတ်လိုက်ပါ။ ကိုယ်လုပ်ချင်တဲ့အရာတွေကို စိတ်ကူးယဉ်အတွေးတွေထဲမှာပဲ နစ်မြောမနေပါနဲ့။ လက်တွေ့ကျကျလုပ်ဆောင်ကြည့်ပါ။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိုယ့်အတွက်ပညာတစ်ခုခုတော့ ကျန်ခဲ့မှာ သေချာပါတယ်။ ရလာတဲ့ သင်ခန်းစာတွေကနေ အကောင်းဆုံးသင်ယူပြီး အမှားတွေပြင်ဆင်နိုင်မှာဖြစ်တာကြောင့် စိတ်ကူးထဲမှာပဲ နစ်မြောမနေပါနဲ့။ ဒီနေ့ပဲ လက်တွေ့လုပ်လိုက်ပါ။