အရည်အချင်းရှိပြီး အလုပ်လာဘ်မြင်သော ယောကျာ်းများအတွက် အလုပ်အကိုင်က မရှားပါးပါဘူး။ မိမိ လုပ်ချင်တဲ့အလုပ်ကို ဝင်လျှောက်လိုက်ရုံနဲ့တင် ချက်ချင်းရနိုင်ပါတယ်။ ဒါပေမဲ့ မိမိ ဝင်လျှောက်တဲ့အလုပ်ကလည်း ကုမ္ပဏီအခြေအနေနှင့် မိမိရဲ့အတွေ့အကြုံ အနည်း၊ အများပေါ် မူတည်ပြီး လစာနှုန်းထားကတော့ ကွာခြားသွားနိုင်ပါတယ်။

မိမိလုပ်နေတဲ့ အလုပ်တစ်ခုတည်းနဲ့ စားဝတ်နေရေးတစ်ခုတည်းအတွက်သာ ဖြေရှင်းနိုင်မယ် အပိုဝင်ငွေ မစုဆောင်းမိဘူးဆိုရင် ဘယ်လိုဆက်လုပ်ရမလဲ။

လစာ တိုးတောင်းကြည့်ပါ

employee discuss with his boss; successful workplace for men

Photo Source: Monstergulf.com

သင့်အနေနဲ့ အတွေ့အကြုံလေးလည်း အတန်အသင့်ရှိလာပြီ လုပ်သက်လည်း ကြာလာပြီဆိုရင်တော့ သင့်ရဲ့သူဌေးထံ လစာတိုးပေးဖို့ တောင်းဆိုကြည့်လိုက်ပါ။ ဒါပေမဲ့ သင့်ဘက်က ကုမ္ပဏီအတွက် အကျိုးအမြတ်တစ်ခုခု ဆောင်ကျဉ်းပေးနိုင်မှ (ဥပမာ ရောင်းအားတက်လာအောင် လုပ်ဆောင်ပေးနိုင်တာမျိုး) လစာတိုးတောင်လို့ ကောင်းမှာဖြစ်ပါတယ်။ သင့်ဘက်က ဘာတိုးတက်မှုမှ မရှိဘဲနဲ့ လစာတိုးတောင်းတဲ့အခါ သင့်သူဌေးက သင့်ကို စိတ်ကွက်သွားတာကလွဲပြီး ဘာအကျိုးကျေးဇူးမှ ရရှိမှာမဟုတ်ပါဘူး။

အလုပ်ပြောင်းပါ

interview tips for men

Photo Source: Bluehill.dev

လုပ်သက်ကြာပြီဖြစ်တဲ့ လုပ်ငန်းခွင်မှာ သင့်အတွက် ရာထူးတက်လမ်းရော လစာတိုးနှုန်းရော မရှိတော့ဘူးဆိုရင်တော့ သင့်အနေနဲ့ မိမိဘဝတက်လမ်းအတွက် ပိုမိုအထောက်အကူဖြစ်စေပြီး လစာပိုကောင်းတဲ့ ကုမ္ပဏီတွင် ပြောင်းလုပ်ကြည့်ပါ။

ထိုနည်းလမ်း (၂) မျိုးနဲ့ အလုပ်မဖြစ်ဘူးဆိုရင်တော့ အပိုဝင်ငွေ ရရှိဖို့ရန်အတွက် အချိန်ပိုင်းအလုပ်များ ထပ်လုပ်ကြည့်လိုက်ပါ။

အွန်လိုင်း သင်တန်းများ ပို့ချခြင်း

man using laptop; tips for men

Photo Source: Everypixel.com

မိမိတတ်ကျွမ်းတဲ့ ပညာရပ်နဲ့ ပတ်သက်ပြီး အွန်လိုင်းသင်တန်းများ သင်ကြားကြည့်လိုက်ပါ။ မိမိက နိုင်ငံခြားဘာသာစကားတစ်မျိုးမျိုး တတ်ကျွမ်းတာလား၊ ဒါမှမဟုတ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူလား စသြည်ဖင့် မိမိကျွမ်းကျင်တဲ့ ဘာသာရပ်တစ်မျိုးမျိုးကို ပြန်လည်အသုံးချခြင်းအားဖြင့် အပိုဝင်ငွေထွက်အောင် ကူညီပေးနိုင်ပါတယ်။

ဟင်းချက်ရောင်းပါ

man cooking; hobbies for men

တကယ်လို့ သင်က ဟင်းချက်ရတာ ဝါသနာပါတယ်။ အစားအသောက်များ ဖန်တီးပြင်ဆင်ရတာလည်း ဝါသနာပါပြီး သင် ပြင်ဆင်ချက်ပြုတ်တဲ့အစားအစာများက အရသာလည်း ကောင်းမွန်တယ်။ သင့်ရဲ့မိသားစုဝင်များ၊ သူငယ်ချင်းအပေါင်းအသင်းများထံမှလည်း အားပေးထောက်ခံချက်ရတယ်ဆိုရင်တော့ ဟင်းချက်ရောင်းခြင်း၊ ဆန်းဒဝှစ်ချ်များ၊ ဘာဂါများနှင့် အခြားအစားအစာများကို အွန်လိုင်းပေါ် တင်ရောင်းခြင်း၊ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်ပါက အပိုဝင်ငွေလည်း ထွက်လာပါလိမ့်မယ်။

အားလပ်ရက်လေးမှာ ကားမောင်းပါ

man driving; successful lifestyle

တကယ်လို့ သင့်မှာ ကိုယ်ပိုင်ကားတစ်စီး ရှိတယ်ဆိုရင်တော့ ရုံးပိတ်ရက်လေးမှာ ကားအငှားလိုက်ခြင်းဖြင့် အပိုဝင်ငွေ ရှာနိုင်ပါတယ်။ သင့်မှာ ကိုယ်ပိုင်ကား မရှိဘူးလား။ ဒါဆိုရင်တော့ အချိန်ပိုင်း ကားရေဆေးခြင်းအလုပ်ဖြင့် အပိုဝင်ငွေရှာနိုင်ပါတယ်။

အိမ်ငှားတင်ပါ (သို့) ဆိုင်ခန်းငှားပါ

successful lifestyle, tidy living room design

Photo Source: Doorsteps.com

တကယ်လို့ သင့်ဆီမှာ မြေနေရာအလွတ်လေးတစ်ခုရှိမယ်ဆိုရင်တော့ ဆိုင်ခန်းငှားစားနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အိမ်ခန်း၊ တိုက်ခန်းအပိုရှိမယ်ဆိုရင်လည်း အိမ်ငှားတင်ထားနိုင်ပါသေးတယ်။ ဒါဆိုရင်တော့ တစ်လ တစ်လ အပိုဝင်ငွေလေး ရနိုင်ပါတယ်။

ဒီနည်းလမ်းလေးတွေကတော့ အပိုဝင်ငွေရှာချင်တဲ့ ယောကျာ်းများအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။

သင်ရော ဘယ်လိုနည်းလမ်းများဖြင့် အပိုဝင်ငွေရှာသလဲဆိုတာ ဝေမျှပေးခဲ့ပါဦး။

Source: Forbes.com