First Date တွေ့ဖို့ အခွင့်အရေးနဲ့ ကြုံပြီလား။ ကောင်မလေးတစ်ယောက်နဲ့ ချိန်းတွေ့ရမယ့် ကိစ္စဟာ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ကိုယ်နဲ့ တွေ့ရမယ့် ကောင်မလေးဟာ ကိုယ်အလေးအနက်ထားရတဲ့ ဘဝလက်တွဲဖော်လည်း ဖြစ်နိုင်ပါတယ်။
ဒီတော့ အသေအချာပြင်ဆင်သွားတာ မမှားပါဘူး။ ဘာတွေ ပြင်ဆင်သွားရမလဲဆိုတော့-
(၁) သေချာ သ, သွားပါ
Photo: ShutterStock
Grooming လုပ်ဖို့ကို အရင်ဆုံး ပြောချင်ပါတယ်။ ဘယ်အမျိုးသမီးမဆို သပ်ရပ်ကျော့မော့အောင် နေတတ်သူကို သဘောကျပါတယ်။ ညှင်းသိုးသိုး ဖြစ်နေတဲ့ ဆံပင် မုတ်ဆိတ်တွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ဖြီးလိမ်းရိတ်သင်သွားပါ။ သားသားနားနား ရှိပြီး သက်တောင့်သက်သာလည်း ဖြစ်စေမယ့် ဖက်ရှင်ဒီဇိုင်းမျိုး ရွေးဝတ်သွားပါ။
(၂) လက်ဆောင်တစ်ခု ယူသွားပါ
Photo: onlymyhealth
လက်ဆောင်ပစ္စည်းတစ်ခုခု ယူသွားဖို့ဆိုတာ First Date အတွက် အိုင်ဒီယာကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေ အကြိုက်တွေ့နိုင်တဲ့ လက်ဆောင်တစ်ခုခုပေါ့။ ဥပမာ- နှင်းဆီပန်းစည်း/ပန်းအိုးငယ် တစ်ခုခုလိုမျိုးပါ။ လက်ဆောင်ပေးခြင်းဟာ မိတ်ဖွဲ့ခြင်းပါပဲ။ တစ်ယောက်ယောက်နဲ့ တစ်ယောက် ပိုပြီး နီးစပ်စေအောင် ကူညီပေးနိုင်ပါတယ်။
(၃) ပြောမယ့် စကားလေးတွေ စဉ်ထားပါ
Photo: onlymyhealth
ကောင်မလေးရှေ့မှာ ဘာပြောရမှန်း မသိအောင် ကြောင်တောင်တောင် ဖြစ်မနေစေဖို့ ကြိုပြီး စကားလုံးတွေ ကြိုပြီး စီစဉ်ဇာတ်တိုက်ထားတာ ကောင်းပါတယ်။ ဥပမာ- ကလေးဘဝတုန်းက မင်းက ဘယ်လိုမျိုးလဲတို့ ၊ လူတွေကို ပေးလေ့ရှိတဲ့ မင်းရဲ့ အကောင်းဆုံးအကြံဉာဏ်တစ်ခုလောက် သိပါရစေတို့ ၊ အချစ်ဆုံး သူငယ်ချင်းတွေအကြောင်း ပြောပြပါတို့ပေါ့။
(၄) ပိုက်ဆံလုံလုံလောက်လောက် ထည့်သွားပါ
Photo : Onlymyhealth
ဒါလည်း အရေးကြီးပါတယ်။ ကိုယ်ချိန်းတဲ့နေရာက တန်ဖိုးကြီးစားသောက်ဆိုင်တစ်ခုလည်း ဖြစ်ရင် ဖြစ်မယ် ၊ ပွဲလမ်းသဘင်တစ်နေရာရာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကုန်ကျစရိတ်အဝဝကို အမျိုးသားတွေကပဲ အကုန်ခံရရိုး ထုံးစံ ရှိတာကြောင့် အိတ်ကတ်ထဲ ပိုက်ဆံများများစားစား မပါဘဲနဲ့ ချိန်းထားတဲ့ နေရာ မသွားသင့်ပါဘူး။