COVID – 19 ရောဂါပိုးဖြစ်ပွားနေစဉ်လက်ရှိအချိန်မှာ ကျောင်းတွေ ရုံးတွေ တော်တော်များပိတ်လိုက်ပြီး Work Form Home စနစ်ကိုကျင့်သုံးနေကြပေမယ့်လည်း တစ်ချို့သောရုံးတွေကတော့ ရုံးတက်နေရဆဲဖြစ်ပါတယ်။ဒီလိုမဖြစ်မနေရုံးတက်ရတဲ့ ဝန်ထမ်းတွေ ဝမ်းရေးအတွက်အပြင်ထွက်သွားလာနေရသူတွေအနေနဲ့ COVID – 19 ရောဂါပိုး ကူးစက်မခံရစေဖို့ သိထားသင့်တဲ့ဆောင်ရန်ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။

(၁) မကြာခဏလက်ဆေးပါ

Source : Healthline

လက်ကရောဂါပိုးကူးစက်ဖို့ ရာခိုင်နှုန်းအများဆုံးဖြစ်တာကြောင့် လက်တွေကို မကြာခဏဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။ ရုံးရောက်တာနဲ့ အရင်ဆုံးလက်ဆေးစင်ကြယ်စွာဆေးကြောပါ။ ဘက်စ်ကားပေါ်ကဆင်းတဲ့အချိန် အစားအသောက်မစားခင်အချိန် တိရစ္ဆာန်တွေကိုင်ပြီးချိန် ပိုက်ဆံကိုင်ပြီးချိန် ညစ်ပတ်တဲ့အရာတွေကိုင်ပြီးချိန်တိုင်းမှာ လက်ကိုသတိတရဆေးဖို့လိုအပ်ပါတယ်။ဖြစ်နိုင်ရင်လက်သန့်ဆေးရည်ကို ကိုယ်နဲ့ မကွာဆောင်ထားသင့်ပါတယ်။

(၂) အလုပ်စားပွဲကိုသန့်ရှင်းရေးလုပ်ပါ

Source : Evolve Cleaning

မိမိရဲ့ အလုပ်စားပွဲကို သန့်ရှင်းရေးပြုလုပ်ဖို့လည်း မမေ့ပါနဲ့။ လက်တော့ တွေ ကွန်ပြူတာတွေ ကီးဘုတ်တွေ ဖုန်းတွေ စားပွဲအံဆွဲ နှင့် အလုပ်စားပွဲပေါ်က ပစ္စည်းတွေမှာလည်း ရောဂါပိုးတွေကပ်ညှိနေနိုင်တာကြောင့် မကြာခဏသန့်ရှင်းရေးလုပ်ပေးရင် ပိုကောင်းပါတယ်။ အလုပ်စားပွဲကို လေဝင်လေထွက်ကောင်းမွန်ပြီး နေရောင်ခြည်ရတဲ့နေရာမှာထားနိုင်ရင်ပိုကောင်းပါတယ်။

(၃) လူထူထပ်တဲ့နေရာတွေရှောင်ပါ

Source : Mayo Clinic News Network

ရုံးတက်ရုံးဆင်းချိန်တွေမှာ လူအများစုဝေးနေတဲ့ နေရာတွေကို အတက်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။ ဘက်စ်ကားမှတ်တိုင်လို လူများတဲ့နေရာတွေမှာ မဖြစ်မနေ ကားရပ်စောင့်ရတော့မယ်ဆိုရင်လည်း လူတွေနဲ့ အနည်းဆုံး ၃ ပေခန့်ခွာရပ်ပါ။ တခြားသော ပန်းခြံ ရှောပင်းစင်တာလိုနေရာတွေကိုလည်း ဖြစ်နိုင်ရင်မသွားပါနဲ့။ အိမ်ကိုပဲတန်းပြန်သင့်ပါတယ်။ မဖြစ်မနေလူကြားထဲသွားရမယ်ဆိုရင်လည်း Mask တပ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၄) ကိုယ်ခံအားကောင်းအောင်နေပါ

Source : Dreamstime

ကိုယ်ခံအားကောင်းနေရင် တော်ရုံရောဂါပိုးတွေဝင်ရောက်ဖို့ခဲယဉ်းသွားမှာပါ။ဒါကြောင့် ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ နေ့စဉ်အဟာရပြည့်ဝတဲ့ အစားအစာတွေစားသုံးပါ။ အိပ်ရေးဝဝအိပ်ပါ။ တစ်ရက်ကို နာရီဝက်လောက်အနည်းဆုံး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ ဆးလိပ်နဲ့ အရက်သောက်ခြင်းကိုလုံးဝရှောင်ကျဉ်ပါ။