ယနေ့ခေတ်မှာ အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်နိုင်ဖို့ရန်အတွက် အရည်အချင်းတစ်ခုတည်း ရှိရုံနဲ့တင် မလုံလောက်ပါဘူး။ လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်ဖို့ လိုအပ်သလို စနစ်တကျနှင့် အစီအစဉ်တကျ လုပ်ဆောင်ဖို့လည်း လိုအပ်ပါသေးတယ်။
အမှန်တကယ်အရည်အချင်းရှိတဲ့ တကယ့်ယောကျာ်းများအတွက် စနစ်တကျကြိုးစားမယ်ဆိုရင် သူတို့ရဲ့စီးပွားရေးလုပ်ငန်းသည်လည်း တစ်စထက် တစ်စ အောင်မြင်လာမှာဖြစ်ပြီး သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာမှာ ဧကန်မလွဲပါပဲ။
မိမိအစပြုတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်တည်တံ့အောင်မြင်ဖို့ ဘယ်လိုအချက်တွေကို လက်ခံကျင့်သုံးရမလဲ။
အစီအစဉ်တကျနှင့် စနစ်တကျလုပ်ဆောင်ပါ
Photo Source: Morebusiness.com
မိမိ တနေ့တာလုံးမှာ ပြုလုပ်ရမယ့်အရာများကို သေသေချာချာအစီအစဉ်ချထားပါ။ ဒါမှ အရေးကြီးတဲ့အလုပ်ကိစ္စများကို မမေ့မလျော့နဲ့ အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။ တနေ့စာတနေ့စာ ပြုလုပ်ရမယ့်အရာများကို အစီအစဉ်ချထားခြင်းအားဖြင့် သင့်လုပ်ငန်းသည်လည်း တစ်စထက် တစ်စ အောင်မြင်လာမှာပါ။
အသေးစိတ်မှတ်တမ်းကအစ စာရင်းပြုစုထားပါ
Photo Source: Bgateway.com
အောင်မြင်တဲ့လုပ်ငန်းတိုင်းသည် အသေးစိတ်မှတ်တမ်းကအစ စာရင်းဇယားပြုစုထားပါတယ်။ ဒီလိုစာရင်းပြုစုထားခြင်းအားဖြင့် သင့်လုပ်ငန်းအတွက် လိုအပ်မယ့် ငွေရေးကြေးရေးများ၊ အနာဂတ်မှာ ရင်ဆိုင်လာရမယ့် အခက်အခဲများအတွက်ပါ အဖြေ တစ်ခါတည်းရှာပြီးသားဖြစ်သွားပါတယ်။
စွန့်စားလိုစိတ်ရှိခြင်း
Photo Source: Freepik.com
မိမိစွန့်စားလိုက်တဲ့ အရင်းနဲ့ ပြန်လည်ရရှိမယ့် အကျိုးအမြတ်ကို ချိန်ညှိပါ။ ဥပမာ စားသောက်ဆိုင်ဖွင့်ထားသူအဖို့ ကိုဗစ်ကာလမှာ စားသောက်ဆိုင်ကို ပိတ်ပစ်ရတော့မယ့်အဖြစ်မျိုး ကြုံလာတဲ့အခါ မိမိဆိုင်ကို ပိတ်ပစ်လိုက်မယ့်အစား အွန်လိုင်းကနေ မှာယူလို့ရအောင် ဘယ်လိုဖန်တီးကာ အရင်းစိုက်ထုတ်မလဲ။ ထိုမှတဆင့် ဘယ်လိုအကျိုးအမြတ်များရနိုင်မလဲ စသည်ဖြင့် ချင့်ချိန်ကာ ဆောင်ရွက်သင့်ပါတယ်။
တီထွင် ကြံဆတတ်ခြင်း
Photo Source: Freepik.com
စီးပွားရေး လုပ်ငန်းရှင်များအဖို့ အများနဲ့ မတူတဲ့ အကြံဉာဏ်ကောင်းများ များများ ထုတ်နိုင်လေ အောင်မြင်မှု ကြီးမားလေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်လုပ်ငန်းအတွက် ဘယ်လိုအိုင်ဒီယာအသစ်အဆန်းများ၊ အကြံဉာဏ်အသစ်အဆန်းများ ထုတ်နိုင်မလဲဆိုတာကို အမြဲတမ်းစဉ်းစားတွေးတောဖို့ လိုအပ်ပါတယ်။
ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ခြင်း
Photo Source: Qriconsulting.com
ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းအသစ် တော်တော်များများကို ကြည့်လိုက်တဲ့အခါ သူတို့က အစပိုင်းမှာပဲ ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်ကြပြီး တဖြည်းဖြည်း နာမည်ကြီးပြီး လူကြိုက်များလာတဲ့အခါ ဝယ်သူများကို မချေမငံ့ ဆက်ဆံတတ်တာကို တွေ့ရပါတယ်။ လူတိုင်းမှာ ကိုယ့်အပူနဲ့ ကိုယ် ရှိတာမှန်ပေမယ့် ကိုယ့်ဆီလာပြီး ဈေးဝယ်အားပေးသူများ ချေမိုးပြီး ဆက်ဆံခံရတာကိုတော့ ဘယ်သူမှ ကြိုက်နှစ်သက်ကြမှာမဟုတ်ပါဘူး။
ဒါ့ကြောင့် သင်ကိုယ်တိုင်လည်း စီးပွားရေးလုပ်ငန်းကို အစပြုလိုက်တာနဲ့ လူအများကို ဝန်ဆောင်မှုပေးရတော့မယ်ဆိုတာကို သတိချပ်ပါ။ သင့်ရဲ့ဝန်ထမ်းများကိုလည်း ဝန်ဆောင်မှုပိုင်း၊ လူမှုဆက်ဆံရေးပိုင်းနဲ့ ပတ်သက်ပြီး ထရိန်နင်များများ ပေးထားဖို့ လိုအပ်ပါတယ်။
ဒါမှ သင့်ရဲ့လုပ်ငန်းက တစ်စထက်တစ်စ ကြီးထွားလာပြီး လူအများရဲ့နှစ်သက်အားပေးခြင်းကို ခံရမှာဖြစ်ပါတယ်။
Source: Investopedia.com